Part 62

221 34 0
                                    

အခန်း (၆၂)

“ထူးဆန်းလိုက်တာ ဒီဒဏ်ရာမှာ ငါ့အသက်ဓာတ်တွေက အလုပ်မလုပ်ဘူးပဲ”

“စိတ်ထင်လို့ နေမှာပါ”

“ငါ အဲ့ဒီကျောက်တုံးက မကျေနပ်ဘူး၊ ငါ ပြန်သွားယူမယ်”

“ကျိုးရင်း နတ်ဘုရားမ၊ စိတ်လောပါပြီ၊ ဒါက ဒဏ္ဍာရီနဲ့ သက်ဆိုင်တဲ့ ကျောက်တုံး အကွဲလေး တစ်ခုပါ”

“ဘယ်လို ဒဏ္ဍာရီလဲ”

“ဒီကျောက်တုံးက ဖြစ်တည်မှုအစ နတ်မင်း တစ်ပါးရဲ့ သန္ဓေသားကို ကောင်းကင်သန္ဓေသားအဖြစ် ကမန်းကတမ်း လွဲပြောင်းပေးခဲ့တုန်းက အသုံးပြုခဲ့တဲ့ ကျောက်တုံးငယ်လေးပါ၊ ဒါပေမယ့် ဖျက်စီးပစ်လို့တော့ မရနိုင်ပါဘူး”

“ငါ မလုပ်နိုင်ဘူး ဆိုတာကို ငါမယုံဘူး”

“ရင်းအာ”

“မလုပ်နိုင်ဘူးဆိုလည်း မလုပ်တော့နဲ့ပေါ့၊ ဘာလို့လဲ၊ တော်ကြာ တစ်ခုခု ဖြစ်သွားအုံးမယ်၊ မဖြစ်သင့်ပဲနဲ့”

ဟူအာက သူ့ဖာသာ မနေနိုင်ပဲ ပြောမိပြီးမှ သူ့ထက် နတ်စွမ်းအား များစွာ သာလွန်သော နတ်ဘုရားမတစ်ပါးကို စိတ်ပူနေမိမှန်း သတိထားမိသွားသည်နှင့်၊

“ခင်ဗျားတို့က အပိုတွေ လုပ်လွန်းလို့ ပြောမိတာ၊ လုပ်ချင်ရင်လည်း လုပ်လေ၊ ကိုယ်ဖြစ် ကိုယ်ခံပေါ့”

ရင်းအာကလည်း သူ့ထက် အသက်အများကြီး ငယ်နေသော နတ်သားငယ်နှင့် ပြိုင်၍ မပြောချင်သော်လည်း မျက်စောင်းတော့ ထိုးဖြစ်အောင် ထိုးလိုက်သေးလေသည်။ သို့နှင့် သားအမိနှစ်ဦး ဖြစ်နေသမျှကို ယီမင်ကတော့ အနားတွင် ပြုံးမိလျက်သားပင်၊

ရင်းအာကိုတော့ တား၍ ရမည် မဟုတ်သဖြင့် ယီမင်က ရင်းအာ၏ လက်ဖဝါးကို ကိုင်လိုက်ပြီးမှ သူမ ဖျက်စီးချင်သွားသည့် ကျောက်တုံးအနက်ရောင်နှင့် အပိုင်းအစများကို နှစ်ဦးအတူတူ ဝှေ့ယမ်းလိုက်ကာ ဖျက်စီးလိုက်လေသည်။ ထိုတွင် ကျောက်တုံးအနက်ရောင်က လေပေါ်တွင် ပျံဝဲလာခဲ့ပြီးနောက် အမှုန်အဖြစ်သို့ ကူးပြောင်းသွားကာ ပျံလွှင့်ပြီး ပျောက်ကွယ် သွားလေတော့သည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now