part88

220 21 0
                                    

unicode
အခန်း ၈၈

ချင်းရန်နတ်မင်းက နတ်ဒေသ၏ နယ်မြေစည်းအတွင်းသို့ အရင်ဆုံး ဝင်သွားသည်။ လုံဆစ်က ဟူအာကို စောင့်ဆိုင်းနေကာ ဟူအာ ရောက်လာသည်နှင့် ထိုစည်းအတွင်းသို့ လှမ်းဝင်လိုက်သည်။

အတွင်းပိုင်းတွင် အနီရောင် အခိုးအငွေ့များကို တားဆီးထားသော်လည်း နယ်မြေ၏ အသက်ဓာတ် ပြန်လည် ဖြစ်တည်မှုက နည်းပါးလှသည်။ ဟူအာ နတ်စွမ်းအားကို လက်ဖြင့် ဝှေ့ယမ်းပြီး လေထုအတွင်းမှ အသက်ဓာတ် ဖြစ်တည်မှုကို စမ်းသပ်လိုက်သည်။

ပါးလျလွန်းသော အသက်ဓာတ်က ဟူအာ၏ လက်ဖမိုးနှင့် လက်ဖဝါးကို လာရောက်ထိတွေ့သည်ကို ခံစားလိုက်မိသည်။ ပြီးနောက် ထိုအသက်ဓာတ်များက ဆင့်ပွားသွားကာ အပြာဖျော့ဖျော့ အလင်းမှုန်များက ထိုနေရာတစ်ဝိုက် ပျံ့နှံ့သွား၏။

ထိုစည်းစက်ကွင်းအတွင်း အပြာဖျော့ဖျော့ အလင်းမှုန်များ ပျံ့နှံ့သွားပြီးနောက် ဒေသတစ်ခုလုံးမှ အသက်ဓာတ်များက နိုးထလာသည့်နှယ် အပြာရောင်လွင်ပြင်ကဲ့သို့ ဖြစ်ပေါ်လာစေတော့သည်။

"သဘာဝလွန်နတ်စွမ်းအင်ကတော့ အမြဲတမ်း ထူးဆန်းတာကို ပြတယ်၊ အသက်ဓာတ်တွေကိုတောင်မှ လှုပ်နိုးနိုင်စွမ်း ရှိသေးတယ်"

ချင်းရန်နတ်မင်းက ဟူအာအနားသို့ တိုးလာပြီးနောက် အပြာဖျော့ဖျော့လင်းလက်နေသော အလင်းမှုန်တချို့ကို ဖမ်းလိုက်ကာ ပြောလာသည်။ ဟူအာ လက်ကို ပြန်သိမ်းလိုက်ကာ အင်္ကျီဝတ်ရုံထဲသို့ ထည့်သွင်းလိုက်သည်။

"ကောင်းကင်က နတ်မင်းတွေ ရောက်လာတာကို မသိလို့ ဒီနတ်အိုကြီးက အရိုအသေမပေးမိတာ ခွင့်လွှတ်ပေးပါ"

အသံကျယ်ကျယ် တစ်ခုက အပြေးအလွှာ ရောက်လာသံနှင့်အတူ ကြားလိုက်ရပြီး အသက်အိုမင်းနေဟန် ရှိသည့် ဆံပင်ကို ထုံးဖွဲ့ထားကာ ကျောက်တုံးအရိုးငယ်ကို ဆံထိုးကဲ့သို့ ဆင်မြန်းထားပြီး မုတ်ဆိတ်ဖြူနှင့် နတ်အိုတစ်ဦးက ထိပ်တွင် ကြယ်သဏ္ဌာန်တပ်ထားသည့် တောင်ဝှေးကို ကိုင်ကာ အရိုအသေပြုလာသည်။

"ချင်းရန်နတ်မင်း.."

ချင်းရန်နတ်မင်းကို မြင်လိုက်ပြီးနောက် ထိုနတ်အဘိုးအိုက အလွန်အမင်း ပျော်ရွှင်သွားဟန်ဖြင့် တူသည်။ သို့သော် ဟူအာနှင့် လုံဆစ်ကို တွေ့လိုက်သည်နှင့် အမူအရာက အနည်းငယ် ညိုးငယ်သွားဟန် တူ၏။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now