Part 38

284 44 1
                                    

အခန်း (၃၈)

ချီးရှီ ဆက်ပြောမည့် စကားတွေ ပြတ်တောက်သွား၏။ သို့သော် မကြည်ကြည့် တစ်ချက်သာ ကျိုးဟူကို ကြည့်လိုက်ပြီးမှ ပြောလိုရာကို ဆက်ပြောရန် ပြင်သည်။

“ကျိုးရင်းက မင်းအမေဆို ရင်းဖန့်အော် ဆိုတာ ကျိုးရင်းရဲ့ အမေပဲ..”

“အဲဒါဆို ငါ့အဘွားပေါ့.. သူက ဘယ်မှာလဲ..”

နောက်ထပ် ထွက်လာသော မေးခွန်းတွင်တော့.. ချီးရှီ နတ်မင်းက စိတ်မရှည်တော့သည့် ဟန်ပန်ဖြင့်..

“မင်းက မေးပဲ မေးနေတော့မှာလား.. ငါပြောချင်တာ မပြောရဘူးလား.. မင်းအဘွားက သေသွားပြီလေ မင်းက ဘယ်လိုများ ဘာမှမသိရတာလဲ..”

“သေသွားပြီလား.. မသိဘူး.. အဲဒါတော့ မပြောပါနဲ့တော့.. ငါ စာပေလေ့လာရမယ့် အချိန်တွေ အားလုံးကို ပိုင်ဟုန်ဟူက ယူထားလိုက်တယ်လေ.. အဲဒါနဲ့ ငါက ဘာမှမတတ်တော့ဘူး.. နတ်မင်းအိုက နည်းနည်းလောက် သဘောထားကြီးပြီး ငါ ဘာမှမသိတာကို ဗွေမယူပါနဲ့.. ဆက်ပြော ဆက်ပြော..”

ချီးရှီက ကျိုးဟူ ပြောနေသမျှအား.. မျက်မှောင်ကုတ်လျက် ကြည့်နေရင်း..

“အခု ပိုင်ဟုန်ဟူက ဘယ်ရောက်သွားလဲ..”

“သူ့ကို အိပ်ခိုင်းထားတယ်..”

“မင်းကရော မအိပ်ဘူးလား..”

“မအိပ်ဘူး.. ငါအိပ်ရင် ငါ့နေရာကို လုမယ့်သူတွေ များတယ်..”

“များပြားလိုက်တဲ့ ဝိညာဉ်ခွဲတွေ၊ ထားလိုက် ထားလိုက်.. မင်းက ရင်းဖန့်အော်ရဲ့ မျိုးဆက်မို့ ဟုန်လျန်ရဲ့ မိုးကြိုးကို ဆက်ခံနိုင်တာ အဲဒါက အဖြေပဲ.. မင်းအဖေက မင်းကို ပင်းနတ်မင်းရဲ့.. အနန္တစွမ်းအား တစ်ဝက်ကို သွင်းထားပေးမယ်.. ပြီးတော့ မင်းက မင်းအမေ ဘက်ကနေ.. ကျိုးရှီရဲ့ စွမ်းအားနဲ့ ဟုန်လျန်ရဲ့ စွမ်းအားကို ဆက်ခံ ရရှိထားတယ်.. မင်းတော့ ကောင်းကင်ကို ဖျက်စီးလို့ ရမယ့် အကောင်ပဲ..”

“ငါ မြေခွေး မဟုတ်ဘူး.. ပြီးတော့ ငါက ဘာလို့ ကောင်းကင်ကို ဖျက်စီး ရမှာလဲ.. အရေးကြီးတာက ဒီတားထားတဲ့ စည်းကနေ လွတ်ရင် ငါ ငါ့အမေကို သွားတွေ့ ရမယ်.. ပြီးရင်.. ငါ ရှောင်ဇီအာကို သွားတွေ့မယ်.. သူ့ပုံစံက ဘယ်လိုမျိုး ဖြစ်မလဲ ဆိုတာ တွေးကြည့်တာနဲ့ ကျေနပ်စရာပဲ..”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now