Part 172

48 7 0
                                    

အခန်း-၁၇၂

ကောင်းကင်မင်းကြီး၏ နန်းဆောင်အတွင်း အိမ်ရှေ့မင်းသားမှလွဲ၍ တခြားသော နတ်မင်းသားများ အားလုံးက စုံညီနေကြသည်။ သူတို့သည် အားလုံးက ကောင်းကင်မင်းကြီး၏ အမိန့်အရ စုဝေးနေကြခြင်း ဖြစ်၏။

ကောင်းကင်မင်းကြီးကမူ ရွှေနားဘောင်ကွပ်ထားသော သလွန်ပေါ်တွင် ထိုင်နေခြင်း ဖြစ်လျက် အနားတွင်မူ ကောင်းကင်ဧကရီက မရှိချေ။ ဆိုလိုသည်မှာ ဤနေရာ၏ တင်းမာမှုက ပြင်းထန်မည်ဖြစ်၍ ကောင်းကင်ဧကရီကို ကောင်းကင်မင်းကြီးမှ မရှိစေချင်နေသည်မှာ ထင်ရှားနေပေ၏။

"ခမည်းတော်.. ဟိုနေ့က ကောင်းကင်အချက်ပြမိုးကြိုးနဲ့ မီးလျှံလိပ်ပြာတွေနဲ့ မိုင်သောင်းချီ အသံလွှတ်မန္တန်အကြောင်းကို ကျွန်တော်တို့ ကြားမိပါတယ်။ ဒီကိစ္စကြောင့်မို့ သားတော်တို့ကို ဆင့်ခေါ်ထားတယ် ဆိုတာကို သိနားလည်ပါတယ် ခမည်းတော် ဘာများ မိန့်ကြားလိုပါသလဲ"

"အင်း.. ဒီနေရာမှာ အိမ်ရှေ့မင်းသားကလွဲလို့ တခြား နတ်မင်းသားတွေ စုံနေပြီဆိုမှတော့ ငါကိုယ်တော်က တည့်တိုးပဲ ပြောလိုက်တော့မယ်"

ကောင်းကင်မင်းကြီး၏ မျက်နှာက အတိမှုန်မှိုင်းနေ၏။

"နတ်မင်းသား ဆိုကတည်းက မင်းတို့တွေက ငါကိုယ်တော်နဲ့ သွေးသားတော်စပ်နေလို့ပဲ။ ဒီတော့ မင်းတို့နဲ့ တခြားသူတွေကို ရွေးချယ်ရမယ် ဆိုရင် ငါကိုယ်တော်ကလည်း မင်းတို့ကိုပဲ ရွေးချယ်လိုတာပဲ။ ဒါပေမဲ့ ငါတို့က အုပ်ချုပ်သူတွေဆိုတော့ အချင်းချင်းရဲ့ မျက်နှာကိုပဲ ကြည့်နေဖို့က မသင့်တော်ဘူးဆိုတာ မင်းတို့လည်း သိမှာပဲ"

"ဒါကြောင့် ဒီနေ့ ပြောချင်တာက ကောင်းကင်နန်းတော်ရဲ့ အုပ်ချုပ်သူတွေကို သတိပေးတဲ့ မိုးကြိုးနဲ့ ပတ်သတ်ပြီးတော့ မင်းတို့ ဘာမှမလုပ်ရင်တောင်မှ နတ်တိုင်းက မင်းတို့ကို စောင့်ကြည့်နေတော့မှာ၊ မင်းတို့ရဲ့ အပြုအမူတွေ ဆုံးဖြတ်ချက်တွေ အားလုံးကို မေးခွန်းတွေ ထုတ်နေကြတော့မှာ မင်းတို့ ပိုပြီးတော့ စွမ်းဆောင်ရည် ကောင်းမွန်ဖို့ လိုအပ်တယ်။ ထပ်ပြောရရင် အသံလွှတ်မန္တန်ကို မိုင်ပေါင်း သိန်းသန်းချီ ပို့ဆောင်နိုင်တယ် ဆိုကတည်းက အဲဒီလူရဲ့ အင်အားက ခန့်မှန်းရခက်လောက်အောင် ကြီးမားတယ် ဆိုတာ မင်းတို့ သိနိုင်တယ်။ ပြောရရင် အဲဒီလူက လက်ရှိဖြစ်ပျက်နေတဲ့ ကိစ္စတွေ အားလုံးရဲ့ နောက်ကွယ်မှာတောင်မှ ရှိနေနိုင်သေးတယ်။ ဒါကြောင့် မင်းတို့ကို ပိုပြီးတော့ သတိထားဖို့ပဲ ပြောချင်တယ်"

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now