Part 126

172 20 0
                                    

unicode
အခန်း-၁၂၆

ကျွင်းကျီက သူရောက်လာသည့် အကြောင်းကို ကြိုတင် သိနှင့်ပြီးဟန် တူသည်။ ဟူအာက မည်သည့်စကားမျှ မပြောဘဲနှင့် စာရေးစားပွဲအနီးသို့ သွားလိုက်ကာ ကျောက်တုံးငယ်များကို စားပွဲပေါ်သို့ တင်ပေးလိုက်သည်။

ပြီးနောက် လုံဆစ် ဘာသာပြန်ပေးထားသည့် စာရွက်ကိုပါ ချပေးလိုက်သည်။ ကျွင်းကျီက ဟူအာ ချပေးလိုက်သည့် စာရွက်ကို ကောက်ယူ၍ ကြည့်လိုက်ပြီးနောက် မေးလာသည်။

“အရှင့်သား ဒါက ကောင်းကင်နတ်တွေအတွက် ဆိုရင် မသင့်တော်ဘူးလို့ ထင်ပါတယ်”

“ငါ သိတယ်။ ဒါပေမဲ့ မင်းမှာ အသက်ဓာတ်ကင်းမဲ့နေပြီ။ ပတ်ဝန်းကျင်ကလည်း အသက်ဓာတ်ကင်းမဲ့နေပြီ ဆိုရင် မင်းက တခြားနေရာကို ပြောင်းရွေ့ နေထိုင်ဖို့လည်း အခက်တွေ့နေမယ် ဆိုရင် မင်း ဒီအတိုင်း အသေခံလိုက်မှာလား။ နတ်စွမ်းအား လေ့ကျင့်ဖို့ တခြားနည်းလမ်းကို ရှာမှာလား”

“ကျွင်းကျီ နားလည်ပါပြီ”

“ကောင်းပြီ ဒီပညာရပ်က ကောင်းကင်က ပညာရပ်ပဲ။ ပြီးတော့ အမတဘုံ ဆိုတာကလည်း ကောင်းကင်ကနေ ဆင်းသက်လာတဲ့ သေမျိုးကနေ မသေမျိုးအဖြစ် ပြောင်းလဲပေးတာပဲ ဆိုတော့ မင်းကတော့ ငါတို့ထက် ပိုပြီး ရင်းနှီးမယ်လို့ ထင်တယ်”

“ကျွန်တော် ကြိုးစားကြည့်ပါ့မယ်”

ကျွင်းကျီက ထိုကျောက်တုံးငယ်လေးများကို လေပေါ်သို့ မြောက်တက်စေလိုက်ပြီးနောက် သူ၏ နတ်စွမ်းအားဖြင့် ဝန်းရံလိုက်သည်။ ပြီးနောက် မတူညီသည့် ဖျော့တော့သော အရှိန်အဝါတစ်မျိုးဖြင့် ထိုကျောက်တုံးများမှ နတ်စွမ်းအားနှင့် အသက်ဓာတ်က်ို စတင်စုပ်ယူ၏။

ကျွင်းကျီ၏ လုပ်ငန်းစဉ်က အစီအစဉ်တကျ ရှိပြီး မည်သည့် ဆိုးဝါးမှုမျိုးကိုမှ မဖြစ်လာစေပေ။ ကျွင်းကျီက ထိုအခြေအနေအတိုင်း သုံးရက်မျှ ငြိမ်သက်စွာဖြင့် ကျောက်တုံးမှ စွမ်းအင်များကို စုပ်ယူနေခဲ့သည်။

သုံးရက်ပြီးနောက် ကျွင်းကျီက မျက်လုံးများ ပြန်ပွင့်လာသည်။ ဟူအာက ကျွင်းကျီကို အာရုံစိုက်နေရာမှ မေးလိုက်သည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now