part 120

182 19 0
                                    

unicode
အခန်း-၁၂၀

ဒေါ်လေးလော့အော်က တခြားသော နတ်မြေခွေးများနှင့် မတူဘဲ ကြည်စင်သော ခန္ဓာကိုယ်အသားအရေနှင့် ပုံပန်းသဏ္ဌာန်ကို ဟူအာနှင့် ဟုန်ရွှယ်က အလွန်အမင်း စိတ်ဝင်စားဖူးသည်။

သို့သော် ပိုင်ဒေသ၏ စည်းမျဉ်း မဟုတ်ဘဲ ပိုင်အိမ်တော်၏ စည်းမျဉ်းအရ ဒေါ်လေးလော့အော်ကို အနှောင့်အယှက် မပေးရဆိုသော အချက်ကို သူတို့ နှစ်ဦးလုံးက လျစ်လျူရှု၍ မရခဲ့ပေ။ ထို့ကြောင့် ဒေါ်လေးလော့အော်ကို ရင်းနှီးခွင့် မရခဲ့သလို နီးကပ်စွာ နေခွင့်လည်း မရခဲ့ပေ။

“ဟွန့်..”

ဟူအာ ပိုင်ဒေသအိမ်တော်အကြောင်း အတွေးထဲ နစ်နေစဉ်တွင် ဟွန့်ခနဲ အသံတစ်ခုကို ကြားလိုက်ရပြီးနောက် ကုတင်ပေါ်တွင် ရှိနေသော ထိုရေသူမျိုးနွယ် ပုလဲလုံးလေးက သူမ မျက်နှာကို သူမဖာသာ ဖုံးကွယ်လိုက်ပြီး ဟူအာကို စိတ်ဆိုးမာန်ဆိုး လျစ်လျူရှုလိုက်သည့်ဟန်ဖြင့် ပြုမူနေသည်။

အမှန်တွင် ဟူအာက သူမကို တောင်ပိုင်းရေနန်းတော်မှ တာဝန်ခံ၍ ခေါ်လာခြင်း မဟုတ်ပါက သူမ၏ ထိုအပြုအမူများကို လျစ်လျူရှုပစ်လိုက်ပြီး သူမကို မရှိသလိုသာ ဆက်ဆံလိုက်မည် ဖြစ်သည်။ သို့သော် သူမကို ဟူအာက သူမ၏ဖခင်ထံမှ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

“ငါ.. မင်း..”

အနည်းဆုံးတော့ မနေ့ညက သူမပြုမူသော အပြုအမူက သူမအတွက် မည်မျှ အန္တရာယ်များကြောင်းကို သိစေလိုသေးသည်။ သို့သေည် ဟူအာက မည်သို့ စကားစရမည်ကို မသိ ဖြစ်နေသည်။

“မနေ့ညတုန်းကလို အပြုအမူမျိုး ထပ်မလုပ်တော့နဲ့”

ပြောရခက်နေသည့်တိုင် အားတင်းပြီး ပြောလိုက်သည်တွင် တည့်တိုးစကားများသာ ဖြစ်သွားတော့သည်။ ပြီးနောက် အကျိုးအကြောင်းတစ်ခုခုကို ပြောဆိုရန် တွေးလိုက်မိပြီး စကားကို ထပ်တိုးလိုက်သည်။

“မင်းက စွမ်းအားနည်းတယ်”

“ငါက စွမ်းအားနည်းတော့ ဘာဖြစ်လဲ။ မင်းက ကောင်းကင်နတ် ဖြစ်တော့ရော ဘာဖြစ်လဲ။ မင်းက ငါ့ကို အထင်သေးနေတာ မဟုတ်လား”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now