part95

225 28 0
                                    

unicode
အခန်း ၉၅
ဟူအာက ဆင်စွယ်ရောင် အနီဖောက်ထားသည့် အနားကွပ်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ ဆံပင်ကို မေ့ဟော်က ပြုပြင်ပေးသည်။ ဆံနွယ်တချို့က အနီရောင်ပါဝင်နေသဖြင့် အနက်နှင့် အနီရောယှက်နေသည်။

မေ့ဟော်က ထုံးတမ်းစဉ်လာနှင့် ပတ်သတ်နေသမျှကို တတွတ်တွတ် ပြောပြရှာသည်။ ဟူအာ နားထဲသို့ ဝင်တစ်ချက် မဝင်တစ်ချက်သာ၊ မေ့ဟော်က အတော်ကလေး စိုးရိမ်ပူပန်တတ်သော နတ်သူငယ်လေး ဖြစ်ကြောင်းကို ဟူအာ သိလိုက်ရသည်။

မေ့ဟော်က ဟူအာကို အတော်ကလေး စိုးရိမ်သည်။ နတ်မင်းသားငယ် တစ်ပါး ဖြစ်သော်လည်း တခြားသော နတ်မင်းသားများလည်း ရှိသည်ဖြစ်ရာ ကောင်းကင်နတ်များက အရိုအသေတန်သွားမည်ကို စိတ်ပူနေသည်။

တန်ခိုးစွမ်းအား နည်းပါးမည်ကိုလည်း သူမက ပူပန်နေသည်။ ပွဲတော်အတွင်း တစ်ခုခု အမှားအယွင်း ဖြစ်ပြီး နတ်မင်းများ နတ်သခင်မများကို အမှားပြုမိမည်ကိုလည်း သူမက စိတ်ပူပန်နေသေး၏။ ဟူအာက တုတ်တုတ်မျှ မလှုပ်လေလေ သူမက ပူပန်လေလေ ဖြစ်နေသည်။

ကျွင်းကျီက ကောင်းကင်မှ နတ်မင်းများ၏ အမည်နာမများကို ပြောပြနေသည်။ ထိုနတ်မင်းများ၏ နတ်စွမ်းအားနှင့် တာဝန်များကို ရေရွတ်နေပြီး ထိုနတ်မင်းများကို အမှားမလုပ်မိစေရန် ပြောဆိုနေ၏။

လုံဆစ်ကတော့ နန်းဆောင်တွင် မရှိပေ။ လုံဆစ် မရှိခြင်းက အတော်လေး တော်သေးသည်ဟု ဟူအာ တွေးလိုက်မိသည်။ လုံဆစ်သာ ရှိနေပါက ထိုသုံးယောက်က ပူးပေါင်းမှု ပြုလုပ်ပြီး ဟူအာ၏ မထုံတက်သေး အပြုအမူကို မပြုလုပ်ရန် ဆက်တိုက် ပြောဆိုနေကြပေလိမ့်မည်။

ပွဲတော် ကျင်းပမည့် နေရာက ကောင်းကင်ရင်ပြင်ဖြစ်သည်။ ကောင်းကင်တွင် နန်းဆောင်အပြင် သီးခြားနေရာတစ်ခု မရရှိပါက ထိုနတ်အတွက် ပွဲတော် ကျင်းပရာတွင် ကောင်းကင်ရင်ပြင်ကိုသာ အသုံးပြုရမည် ဖြစ်သည်။

မေ့ဟော်က ကောင်းကင်ရင်ပြင်၏ အခမ်းအနားအတွက် ပြင်ဆင်မှုကို အိမ်ရှေ့မင်းသားနန်းဆောင်မှ နတ်အစေခံများက ကိုင်တွယ်သည်ဟု ပြောပြပေးပြီးသား ဖြစ်သည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWo Geschichten leben. Entdecke jetzt