Part 107

207 19 0
                                    

unicode

အခန်း-၁၀၇

သို့တိုင် ကျိုးလျန်နတ်မင်းက ကောင်းကင်တွင် မနေထိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်၌ တလီဖုန်းယွဲ့၏ တော်ဝင်နန်းဆောင်က ရှိနေဆဲ ဖြစ်သော်လည်း ကျိုးရန်၊ ကျိုးယွီ၊ ကျိုးယွဲ့တို့အတွက် နန်းဆောင်အသစ် ထပ်မပေါ်လာခြင်းက ကျိုးလျန်က ရေခဲချောက်တွင် နေထိုင်ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

“ကျိုးလျန်နတ်မင်း ယီမင် အချိန်တစ်ခုလောက် ရရင် သီးသန့် လာတွေ့ပါ့မယ်၊ ကျိုးရင်းကလည်း ကိုယ်ဝန်သည်မို့ ဒီနှစ်နှစ်အတွင်း သူမကို စိတ်မရှုပ်ထွေးစေချင်တာကြောင့် မရောက်လာဖြစ်တာပါ”

“ကောင်းပြီ ငါ စောင့်နေမယ်”

သီးသန့်လာတွေ့မယ် ဆိုခြင်းက ဆွေးနွေးရန် ကိစ္စ ကြီးကြီးမားမားရှိသည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျိုးလျန်က စောင့်နေမယ်ဟု ကတိပေးလိုက်ခြင်း ဖြစ်သည်။

“ဖုန်းအာ.. ဟူအာကို ခေါ်ပြီးတော့ ရေခဲလွင်ပြင်ဆီ သွားလိုက် အိမ်တော် အနောက်လမ်းကနေ သွားနော်၊ စိမ်းကန်သာယာတောဘက်ကနေ မခေါ်သွားနဲ့ သိပ်အေးလွန်းတယ်”

“သိပါပြီ လာ ငါတို့ သွားကြမယ်”

ဟူအာ သူမအနောက်ကနေ လိုက်လာရင်း တွေးလိုက်မိသည်။ ကျိုးဖုန်းက ဟူအာထက် နှစ်များစွာ ပိုကြီးသည်။ သို့သော် ဘာလို့များ ထိုသို့ ကလေးငယ်တစ်ဖွယ် ဖြစ်နေရသနည်း။

ဟူအာက အတတ်ပညာ အသိပညာနှင့် ဆက်စပ်ရသော ကိစ္စရပ်များစွာကို အကျွမ်းတဝင် ဖြစ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ သို့သော်.. သူမက ဟူအာထက် ပိုဆိုးဟန် တူသည်။ ကောင်းကင်လောကနှင့် မြေပြင်နတ်လောက ပင်လယ်ဒေသအပါ မည်သည့်အရေးကိစ္စကိုမှ သူမက သိရှိဟန် မတူပေ။

“တလီကျိုးဟူ.. ငါ မင်းကို ကျိုးဟူလို့ ခေါ်မယ်”

“ကောင်းပြီ”

စံအိမ်တော်အပြင်သို့ ရောက်သည်နှင့် သူမက ချက်ချင်းပင် လမ်းကြောင်းကို ပြောင်းလဲပစ်လိုက်သည်။

“ဒီနေ့ ငါတို့ စိမ်းကန်သာယာတောထဲမှာ ဆေးပွဲတော် ရှိတယ်၊ မြေပြင်ဒေသကရော ကောင်းကင်ကပါ ဆေးသမားတော်တွေ အများကြီးက ဆေးလုံးပြိုင်ဖော်ကြမှာ ပြီးတော့ ဆေးကုတာ ပြိုင်ကြမှာ စိတ်ဝင်စားဖို့ ကောင်းတယ် မဟုတ်လား”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီDove le storie prendono vita. Scoprilo ora