part100

231 25 0
                                    

unicode

အခန်း ၁၀၀

အမှန်တရားကို ပြောပါ ဆိုလျှင် ဟူအာ အမှန်ကိုပဲ ကောင်းကင်အကာအကွယ် နန်းဆောင်ထဲကို ထိုမျှလျင်မြန်စွာ မသွားချင်သေးပေ။ အမှန်တရားဖြစ်စေ မှားယွင်းမှု ဖြစ်စေ ဟူအာ လက်ရှိတွင် ထိုဇနီးမောင်နှံနှစ်ယောက်လုံးနှင့် တွေ့ဆုံရန် အသင့် မဖြစ်သေးပေ။

ထို့ကြောင့် ဟူအာ ချင်းရန်နတ်မင်းကို မေးလိုက်သည်။

“မဖြစ်မနေ သွားရမှာလား”

“အင်း မင်း အလျင်လိုနေတယ် ထင်လို့လေ၊ မင်း အလျင်လိုမနေဘူး ဆိုရင် သွားမရှာလည်း ရပါတယ်”

ထားလိုက်ပါတော့၊ မိသားစုအရေးက မဆွေးနွေးရသေးရင်တောင် နောက်မှဆွေးနွေးဖို့က နောက်မကျနိုင်ပါဘူး။ ညောင်အာက လက်ရှိမှာ အရေးအကြီးဆုံးပဲ။

“အလျင်လိုတယ်”

“ကောင်းပြီ သွားတာပေါ့”

ချင်းရန်နတ်မင်းနှင့် ဟူအာ ကောင်းကင်အကွာအကွယ်နန်းဆောင်သို့ ရောက်တော့ ကောင်းကင်နဂါးတစ်ကောင်က ကြိုနေ၏။

ချင်းရန်နတ်မင်းက သက်ပြင်းချလိုက်ကာ ဟူအာ၏ပခုံးကို ပုတ်ပေးလာသည်။

“ကြည့်ရတာ မင်းအဖေ မင်းကို စောင့်နေတာ ထင်တယ်”

ကောင်းကင်နဂါးက ချင်းရန်နတ်မင်း၏ စကားကို ခေါင်းညိတ်လက်ခံသည်။

“ဟုတ်တယ်.. အိမ်ရှေ့မင်းသားက မင်းသားငယ်ကို စောင့်နေတာပါ၊ သူ ခုနတုန်းက ကောင်းကင်နန်းတော်ထဲကို သုတ်သုတ်ပြာပြာဝင်သွားတာကို အစောင့်တစ်ယောက်က လာပြောလို့ စောင့်နေတာပါ၊ အနေခက်ဖို့ မရှိဘူးလို့ နန်းဆောင်ထဲကို ဝင်လာဖို့ မှာလိုက်ပါတယ်၊ ကျိုးရင်းအရှင်မက တောင်ပိုင်းရေမင်းသမီးနဲ့အတူ ကောင်းကင်နန်းတော်တစ်ခွင် လည်ပတ်နေပါတယ်”

ကောင်းသားပဲ။ မျက်နှာပူဖို့ မလိုတော့ဘူး။

ဟူအာ ကောင်းကင်အကာအကွယ်နန်းဆောင်အတွင်းသို့ လျင်မြန်စွာ ဝင်သွားလိုက်သည်။ အိမ်ရှေ့မင်းသားက တင်ပြလွှာတစ်ခုကို ဖတ်နေရာမှ ဟူအာကို မော့ကြည့်လာ၏။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now