part69

208 26 0
                                    

unicode
အခန်း (၆၉)

“ဟူအာ မပြောဝံ့ပါ”

~ဟူအာက ဘယ်လို သတ္တိနဲ့များ ကောင်းကင်က တခြားသော နတ်မင်းကြီးတွေကို ကျူးလွန်ပြောဆိုရဲမှာတဲ့လဲ၊~

အိမ်ရှေ့မင်းသားထံက ထိုစကားတစ်ခွန်းတည်းကပင် ဒီအစေခံတွေကို လက်ခံလိုက်တာက အကောင်းဆုံးဟု ဟူအာ တွေးလိုက်မိလေတော့သည်။ ထို့ကြောင့် ချက်ချင်းကို လက်နှစ်ဖက်ဖြင့်ယှက်ကာ အရိုအသေပေးလိုက်ပြီးနောက်၊

“အခုလို အစေခံတွေ ပေးသနားတာကို ကျေးဇူးတင်ရှိကြောင်းပါ”

~သူ့သားက ထက်မြက်သားပဲ၊ စကားတစ်ခွန်းပဲ ပြောလိုက်ရသေးတယ်၊ သူ့ကို ကလန်ကဆန် မလုပ်တော့ဘူး၊~

ယီမင် ကျေနပ်စွာ ပြုံးလိုက်ပြီးမှ နန်းဆောင်တံခါးမှ တစ်ဆင့် နန်းဆောင်ခြံဝန်းအတွင်းသို့ ဆင်းလိုက်လေသည်။ သူ့သားက ဝတ်စုံအနီတွေကို သဘောကျလို့ တော်သေးသည်။ မဟုတ်လျှင် ယီမင် မြောင်ပင်လယ်ရေဘုရင် ထံမှ ရေပိုးကောင်ကနေ ထုတ်တဲ့ နူးညံ့တဲ့ ပိုးသားချည်မျှင်နဲ့ ပြုလုပ်ထားသော ပိုးသားစတွေ ရဖို့ စိမ့်စမ်းပြာအိုင်က ရေပုလင်းနဲ့ သွားလှဲထားရတာ အလကား ဖြစ်သွားလိမ့်မည်။ အခုတော့ တော်သေးသည်။

သူ့သားရဲ့ မူလသဏ္ဍာန်က နဂါးဆိုတာကို သိလိုက်ကတည်းက ယီမင် ရေပိုးကောင်ဝတ်စုံအတွက် လှဲလှယ်ပေးခဲ့ခြင်း ဖြစ်ပြီး သူ့သား မမွေးခင်တုန်းက ရင်းအာက အနီရောင်ကို မျက်စိကျတော့ ယီမင် မှတ်မှတ်ရရပင် သူ့သားအတွက် အနီရောင်တွေ ဝေဆာနေအောင် ပြင်ဆင်ထားပေးခဲ့ခြင်းပင် ဖြစ်လေသည်။ အဖေလုပ်ရတာက မလွယ်ပေမယ့် ယီမင် သဘောတကျပင် ဖြစ်မိလေသည်။

ကလေးတစ်ယောက်ကို ဘယ်လို ဂရုစိုက်ရမယ် ဆိုတာ ယီမင် နားမလည်လိုက်သေးခင် သူ့သားကို သေဆုံးသွားပြီဟု မှတ်ထင်ခဲ့သည်။ သူ့သားရှိသေးသည်ဟု သိလိုက်ရတော့ သူ့သားက အရွယ်တစ်ခုကိုတောင် ရောက်သွားပြီ။ ဒါပေမဲ့ ဒီကလေးက သူ့သား၊ သူ့သားဆိုမှတော့ သူ့မှာ ဂရုစိုက်ဖို့ တာဝန်အပြည့်ရှိနေသည်ပင်၊ ချို့ယွင်းချက်တွေ ရှိကောင်း ရှိနိုင်ပေမယ့် ယီမင် ကြိုးကြိုးစားစားနဲ့ အဖေတစ်ဦးဖြစ်အောင် ကြိုးစားမှာ ဖြစ်လေသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now