part84

238 28 1
                                    

unicode
အခန်း ၈၄
ဟူအာက မည်သည့်အချိန်ကမှ မိုးကြိုးနှင့် ပတ်တတ်သော စာအုပ်များကို မဖတ်ခဲ့ဖူးပေ။ ထိုလှန်ထားသော စာရွက်က မများသည့်တိုင် ထိုအထိပင် ဟူအာ မဖတ်ခဲ့ဖူးသည်မှာ သေချာသည်။ ဆိုရလျှင် ထိုစာအုပ်ကို ဖတ်ထားဖူးသည့်သူမှာ တလီကျိုးဟူသာ ဖြစ်ရပေမည်။

သို့ပေမဲ့ ထိုလေ့လာရန် စာအုပ်များက အကျိုးရှိမည် မဟုတ်ပေ။ မိုးကြိုးအမြုတေ မပါသော နတ်တစ်ပါးသည် အမြုတေပေါ်တွင် စွမ်းအင်အခြေခံကို ကျင့်ကြံရသည့် နတ်စွမ်းအား ပညာရပ်နှင့် သင့်တော်မည် မဟုတ်ပေ။ သူ ကောင်းကင်အကာအကွယ်နန်းဆောင်အတွင်းမှ ထွက်ရန် ပြင်လိုက်သည်တွင် သူ့အရှေ့တွင် အိမ်ရှေ့စံမင်းသားက ထွက်ပေါ်လာသည်။

“မင်းအမေက ကိုယ်ဝန်ရှိကတည်းက တဖြည်းဖြည်းနဲ့ အားနည်းလာတယ်၊ ပြီးတော့ မင်းက သဘာဝလွန်ကုသမှု နတ်စွမ်းအားရဲ့ ဆက်ခံသူ ဖြစ်လာပြီ ဆိုတော့.. မင်း စိတ်မရှိရင် သူမကို ကူညီပေးဖို့ ငါ တောင်းဆိုချင်တယ်”

ဟူအာ ဘယ်တော့အခါကမှ ကျိုးရင်းနတ်ဘုရားမကို သဘောမကျခဲ့ဖူးပေ။ ယခုတော့ သူမက သူ၏မိခင်အရင်း ဖြစ်နေသည်။ သူ ရုတ်တရက် ရယ်ချင်လာသည်။ သူက ကောင်းကင်နန်းတော်ကို ဘယ်တုန်းကမှ သဘောမကျခဲ့ဖူးပေ။ ယခုတော့ သူက ကောင်းကင်နန်းတော်မှ မင်းသားငယ်တစ်ပါး ဖြစ်လာ၏။ သူ ရယ်မောလိုက်မိသည်။

“ဟား ဟား ဟား..”

သူ ရယ်လိုက်တာကို အိမ်ရှေ့စံမင်းသားက တည်ငြိမ်စွာဖြင့်သာ ကြည့်နေ၏။ အိမ်ရှေ့စံမင်းသားကို သူ့ဖခင်အဖြစ် ကျိုးရင်းနတ်ဘုရားမကို သူ့မိခင်အဖြစ် လက်ခံနိုင်ရန် သူ့အတွက် ခက်ခဲသေးသည်။

“သူ ကျွန်တော့်ကို ဘာလုပ်ဖူးလဲ သိလား”

“သူက ကောင်းကင်ရဲ့စည်းမျဉ်းတွေကနေ ကင်းလွှတ်ခွင့်ရှိတဲ့သူ မို့လို့ နည်းနည်းတော့ ကျိုးကြောင်းမသင့်ဘူး မင်းတို့ ကြားမှာ ဖြစ်ပျက်ခဲ့သမျှကို ငါ မသိခဲ့ဘူး၊ ဒါပေမဲ့ သူမက အခု စကားမပြောနိုင်အောင်ကို ဝမ်းနည်းနေတယ် ဆိုမှတော့ မင်းကို သူမကိုယ်တိုင် တစ်ခုခု ထိခိုက်စေဖူးမှန်း ငါ နားလည်နိုင်တယ်၊ မင်း အပြစ်တင်ချင်တယ် ဆိုရင် ငါ့ကို တင်နိုင်တယ်”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now