Part 56

237 30 0
                                    

အခန်း (၅၆)

“ငါ ပြောပြရမလား”

“အင်း”

ခုနတုန်းက စိတ်အလိုမကျဖြစ်ခဲ့သည်ကို အခုချက်ချင်း သဘောကျသွားသည့် ဟန်ပန် ဖြစ်သွားမည် ဆိုသဖြင့်သာ အင်းတစ်လုံးတည်းဖြင့် ဖြေသော်လည်း မယ်တော့်အကြောင်းကို ကြားနေရခြင်းကို ကျိုးဟူ နှစ်သက်လေသည်။

ကျိုးဟူ မသိသေးသော အကြောင်းအရင်းတွေ အများအပြား ရှိနေပြီး တခြားသူများက သိရှိနေပြီး ကျိုးဟူကသာ နောက်ဆုံးမှာ သိခွင့်ရသည့်သူလို ဖြစ်နေသည်ကိုတော့ စိတ်မကောင်း ဖြစ်မိလေသည်။ ရှောင်ဇီအာက ကျိုးဟူအနီးသို့ တိုးကပ်လာပြီးနောက် စကားသံတိုးတိုးလေးဖြင့် ဆိုလေသည်။

“အဲ့ဒါက လျို့ဝှက်ချက်နော်၊ ငါက မွေးဖွားလာဖို့ နှစ်နှစ် လိုသေးတဲ့ အခါတုန်းက ကောင်းကင်နန်းတော်က သလင်းနန်းဆောင်မှာ ကျိုးရင်းနတ်ဘုရားကလည်း နှစ်နှစ်လိုသေးတဲ့ သားသမီးကို ကောင်းကင်သန္ဓေသားအစီအရင်ကို ပြုလုပ်ဖို့ အဖေ့ကို ဖိတ်ခဲ့တာ၊ အဖေကလည်း ငါ့ကိုပါ ခေါ်ပြီးတော့ သွားခဲ့တယ်တဲ့၊ အဲ့တုန်းက ကျိုးရင်းနတ်ဘုရားမက ငါ့ကို လက်နဲ့ထိလိုက်တာနဲ့ ငါက ရေထဲမှာ မဟုတ်ပဲနဲ့ မွေးဖွားလာတယ်လို့ အဖေနဲ့အမေက ပြောပြတယ်၊ ပြီးတော့ ကျိုးရင်းနတ်ဘုရားမက ငါ့ကို သူ့ကလေးနဲ့ မိတ်ဆက်ပေးခဲ့တယ်တဲ့၊ ဒါပေမယ့် အဲ့ကိစ္စက ပြောပြခွင့်မရှိတော့တဲ့ ကိစ္စ ဖြစ်သွားခဲ့တယ်၊ သူမရဲ့ကလေးကို သူမ ဆုံးရှုံးလိုက်ရတယ်တဲ့”

“အဲ့ဒါကို ငါသိတယ်၊ အဲ့တုန်းက ငါ ရှိတယ်လေ၊ ငါ သေချာ သိတာပေါ့”

“မင်း ဟား ဟား ဟား၊ အဲ့တုန်းက နတ်သားကျိုးယွီရယ် အမေရယ် ကလွဲရင် ကျန်တဲ့သူတွေ အားလုံးက နတ်ဘုရားအဆင့်တွေ ချည်းပဲတဲ့နော်၊ မင်းက ဘယ်လို သိမှာတဲ့လဲ”

“အခုထိ နတ်ဘုရားအဆင့် မဟုတ်တာ တစ်ယောက် ရှိသေးတယ်၊ ကျိုးလျန်နတ်မင်းရဲ့ဇနီး တလီဖုန်းယွဲ့”

“မင်း အဲ့အကြောင်းတွေ ဘယ်လို သိနေတာလဲ၊ မင်းကို ဘယ်သူ ပြောပြထားတာလဲ၊ မင်းက မြေခွေးငယ်လေးပဲကို”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီDonde viven las historias. Descúbrelo ahora