အခန်း ၁၈

248 42 1
                                    

Zawgyi
အခန်း (၁၈)

“ပိုင်ဟုန်ဟူ.. တွဲဖက် ယှဉ်ပြိုင်သူ လမင်းရဲ့ကြယ်စင် စာသင်ဆောင်မှ.. စာသင်သား.. ဖန်းရှိုဝိန်..”

ဖန်ရှိုဝိန် ဆိုတာက လမင်းရဲ့ကြယ်စင် ခန်းမက အဆင့်တစ်ဆယ်အတွင်းဝင်သော စာသင်သား ဖြစ်သည့်အပြင် ဟုန်ရွယ် သဘောကျနေသောသူ မဟုတ်လား..၊ ဘယ်လို လုပ်ပြီး.. သူက အဲ့လူကို ရွေးမိပါလိမ့်..၊ သို့သော်.. ဖန်းရှိုဝိန်က ထွက်လာပြီး.. သူ့ကို အရိုအသေပေးသည်။

“သင်ပြပေးပါ.. ညီလေး”

~~နင့်အမေပဲ သင်ခိုင်းလိုက်တော့..~~ စိတ်အတွင်းမှ ပြောမိသော်ည်း ဟူအာ အာစေးထည့်ထားသောလူလို ခေါင်းသာ ညိတ်ပြ လိုက်မိသည်။ ဘယ်လိုလုပ်ပြီး နတ်စွမ်းအား ပြင်းထန်သူကို ရွေးလိုက်မိတာလဲ..၊ သူကရော နေမင်းရဲ့ ရောင်ခြည်ကနေ.. ဘယ်သူ့ကို ထပ်ပြီး ရွေးချယ်မလဲ..၊ ဟူအာ ရင်တွေ ခုန်နေပါပြီ။ ဖန်းရှိုးဝိန်က နေမင်း၏ ရောင်ခြည် ခန်းမမှ မဲတစ်လိပ်ကို နှိုက်လိုက်တော့.. ဟူအာ.. ဆရာ၏ ကြေငြာသံကို မကြားရဲသလို ဖြစ်သွားသည်။

“ဖန်းရှိုးဝိန် တွဲဖက် ယှဉ်ပြိုင်သူ နေမင်းရဲ့ရောင်ခြည် စာသင်ဆောင်မှ စာသင်သား.. ကျိုးရန်..”

ကျိုးရန် ဆိုတာ ကျောင်းအုပ်ရဲ့ သားမဟုတ်လား..၊ ငါ ဘာလို့ ဒီလောက် ကံဆိုးရတာလဲ ငါယှဉ်ပြိုင်မယ့်သူတွေက ဘယ်လို ဖြစ်ပြီး အဆင့်မြင့်တဲ့သူတွေ ဖြစ်နေရတာလဲ..၊ ရှောင်ညောင်က ဘေးမှ ဝမ်းသာစွာ လက်ခုတ်တီးနေ၏။
ဆရာ၏ ကြေငြာချက်က ထွက်လာသည်။

“ပထမ ယှဉ်ပြိုင်မည့် တစ်ဖွဲ့က ပိုင်ဟုန်ဟူ..၊ ဖန်ရှိုးဝိန်..၊ ကျိုးရန်..”

~~သူတို့ နှစ်ယောက် နတ်အစွမ်း မပြည်စုံတဲ့ ငါ့ကို လှောင်ပြောင်ဖို့များ.. စိတ်ကူးထားကြပြီလား..~~ တွေးလိုက်မိသော်လည်း.. ဟူအာ အရှေ့သို့ သွားလိုက်ပြီး.. အဝါရောင်လွင်လွင် အင်္ကျီဖြင့် တည်ကြည်ခန့်ညားပြီး အရောင်အဝါ ပြည့်စုံသည့် ကျိုးရန် နတ်သားအား.. အရိုအသေပေးလိုက်ရင်း..

“အစ်ကိုတွေ သင်ပြပေးပါ..”

“ညီလေးက.. အားနာနေပြန်ပါပြီ.. ပညာကို ဖလှယ်ကြတာပေါ့..”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now