အခန်း ၁၃

330 48 0
                                    

Zawgyi
အခန္း (၁၃)
ရင္းအာ ႏိုးလာေတာ့ ေခါင္းက စိတ္မၾကည္ခ်င္စရာ ေကာင္းေအာင္ ကိုက္ခဲေန၏။ အျပင္ဘက္မွ ဆူညံေနေသာ အသံမ်ားေၾကာင့္ စိတ္က ပိုၿပီး မၾကည့္ ျဖစ္ရသည္။
အစ္ကိုႏွစ္ရဲ႕ ေသရည္ေသာက္မိတာကို သတိရေတာ့.. ေခါင္းကို ယမ္းလိုက္ၿပီး ေခါင္းမၾကည္တာ ေျပသြားေအာင္.. ေခါင္းကို လက္ျဖင့္ ေဝွ႔ယမ္းလိုက္၏။ ရင္းအာ ေနလို႔ ေကာင္းသြားေတာ့မွ.. ယီမင္ကို ေရတစ္ခြက္ႏွင့္ ေတြ႕လိုက္ရသည္။
“ရင္းအာ ႏိုးလာၿပီလား..”
“အင္း..”
“ခံစားရတာ ဘယ္လိုေနလဲ..”
“ငါ တကယ္ပဲ ေသရည္ ခံႏိုင္ရည္အား က်သြားတယ္ ထင္တယ္..”
“မဟုတ္ဘူး.. မင္းရဲ႕ နဖူး နာေသးလား..”
“နဖူး..”
လက္ျဖင့္ စမ္းကိုင္လိုက္ေတာ့မွ အနာေလးကို စမ္းမိသြားၿပီး စိတ္႐ႈပ္စြာ.. အနာေပ်ာက္သြားေအာင္ ျပဳလုပ္လိုက္၏။
“က်ိဳးရင္း နတ္ဘုရားမကို ဟူအာ ေတာင္းဆိုဖို႔ တစ္ခု ႐ွိပါတယ္..”
“ဘယ္သူလဲ မင္းရဲ႕ နန္းေဆာင္ေ႐ွ႕မွာ လာေအာ္ေနတာ..”
“ဟိုေန႔က မင္းကို နဖူးမွာ ဒဏ္ရာရေအာင္ လုပ္လိုက္တဲ့သူနဲ႔ ေမာင္ႏွမလို႔ ေျပာတယ္..”
“ငါ သြားၾကည့္လိုက္မယ္..”
နန္းေဆာင္အေ႐ွ႕သို႔ ခ်က္ခ်င္း ေရာက္သြားမိ၏။ ဟူအာပင္ အေ႐ွ႕တြင္ ခ်က္ခ်င္း ေပၚလာေသာ နတ္ဘုရားမကို အနည္းငယ္ ထိတ္လန္႔သြားၿပီး..
“ကြၽန္ေတာ္႕ အစ္မကို ကယ္ေပးပါ..”
ကိုင္ထားေသာ အိတ္ေလးကို ေျမာက္ျပေတာ့.. သူ႕လက္အတြင္းမွ အိတ္ငယ္ေလးက ထိုနတ္ဘုရားမ လက္အတြင္းသို႔ ေရာက္သြား၏။ သူမက အိတ္ေလးအတြင္းမွ ဆံခ်ည္မွ်င္ေလးကို ထုတ္ယူလိုက္ၿပီး သူမဆံပင္တြင္ လက္ျဖင့္ သပ္လိုက္ေတာ့ ဆံခ်ည္မွ်င္ေလးက ျပန္ၿပီး ေနရာယူသြား၏။
“ရတယ္..”
ယီမင္က အေနာက္မွ လိုက္လာၿပီး.. သူမအား ႏွင္းကာျခဳံလႊာကို လႊမ္းျခဳံေပးရင္း..
“မင္းအိပ္ေနတဲ့ တစ္ပတ္အတြင္း ငါ နန္းေဆာင္ထဲကေန အျပင္ကို မထြက္မိလို႔.. အဘိုးေတာ္ဆီ မေရာက္တာ ၾကာေနၿပီ..”
“ေကာင္းၿပီ.. ငါတို႔ ျပန္လာရင္ ေတြ႕မယ္..”
ထြက္လာခါနီးက် ယီမင္က သူမလက္ကို ျပန္ဆြဲလိုက္ရင္း..
“ငါ မင္းကို စိတ္မခ်ဘူး..”
“ငါ့ရဲ႕ အမ်ိဳးသားေလး.. ငါက က်ိဳးရင္းပါ.. မင္းေမ့သြားတာလား..”
ႏွစ္တစ္ေထာင္အတြင္း သူမ သူ႕ကို ျပန္လည္ၿပီး ေနာက္ေျပာင္ေသာ စကားက ျဖစ္၏။ ထို႔ေၾကာင့္ ယီမင္ မ်က္ဝန္းေတြတြင္ မ်က္ရည္ေတြပါ လည္လာၿပီး.. ေခါင္းညိတ္လိုက္သည္။
“ေကာင္းၿပီ.. မင္း သြားပါ.. ငါလြမ္းတာနဲ႔ ခ်က္ခ်င္း လိုက္လာမယ္.. မင္း ေပ်ာ္သေလာက္ ေန..”
“ငါတို႔ သြားစို႔..”
ေကာင္းကင္ႏွင့္ ေတာင္ပိုင္း ေရနန္းေတာ္.. အသြားအျပန္ ေန႔တစ္ဝက္ပင္ မလိုေသာ.. ခရီးအတြက္ ႏႈတ္ဆက္ေနေသာ ဇနီးေမာင္ႏွံ၏ ႏႈတ္ဆက္ျခင္းအား.. ဟူအာ နားမလည္ႏိုင္ ျဖစ္ရသည္။ သို႔ေသာ္ သူေခၚရာသို႔ အသာတၾကည္ လိုက္လာသျဖင့္ ဟူအာ စကားတစ္ခြန္းမွ မဆိုပဲ တိတ္ဆိတ္စြာျဖင့္သာ ေတာင္ပိုင္း ေရနန္းေတာ္သို႔ ျပန္လာခဲ့၏။
သူ႕အေ႐ွ႕မွ နတ္ဘုရားမက ေရနန္းေတာ္ အတြင္းသို႔ လိုက္ဝင္သြားေတာ့ အေဖက ေမာ့ၾကည့္ကာ..
“က်ိဳးရင္း နတ္ဘုရားမ..”
“သိပ္ၿပီး အားမနာပါနဲ႔.. ကုေပးရမယ့္ နတ္ကို ေျပာပါ..”
အေဖက ကပ်ာကယာ အခန္းအတြင္းသို႔ လိုက္ျပေပးေတာ့ က်ိဳးရင္းက အေနာက္သို႔ လွည့္ၾကည့္လာကာ..
“ေကာင္းကင္နဂါးပန္း.. မင္း ငါ့ကို တစ္ခုခု လုပ္လိုက္တယ္ ဆိုတဲ့ တစ္ေယာက္လား.. ၾကည့္ရတာ ေကာင္းကင္နဂါးပန္းက မင္းကို ဆိုးဆိုးဝါးဝါး ဆြဲညစ္ထားတာပဲ..”
“ကြၽန္ေတာ္႕ သမီးက မသိတတ္တဲ့သူမို႔.. က်ိဳးရင္းနတ္ဘုရားမကပဲ သေဘာထား ႀကီးမားေပးဖို႔ ေတာင္းပန္ပါတယ္..”
“ငါက သေဘာထား ႀကီးမားလို႔ လိုက္လာတာ မဟုတ္ဘူး.. လြန္ခဲ့တဲ့ ႏွစ္ႏွစ္သိန္းကတည္းက နတ္ေတြထဲမွာ ငါကလည္း သေဘာထားႀကီးတဲ့ နတ္အျဖစ္ မွတ္တမ္းတင္ မခံရဖူးဘူး.. ေ႐ွာင္ဇီအာရဲ႕ ေမြးေန႔ လက္ေဆာင္ေၾကာင့္ ငါ လိုက္လာတာ ပိုင္မင္းႀကီး.. အားတုံ႔အားနာ ျဖစ္ဖို႔ မလိုပါဘူး..”
က်ိဳးရင္းက ေျပာေနရင္းျဖင့္.. လက္ကို ေဝွ႔ယမ္းလိုက္ေတာ့.. လက္အတြင္းဝယ္ ေရစင္ခြက္ငယ္ေလး ေပၚလာ၏။ ေရစက္ အနည္းငယ္လည္း ပါလာသည္။ သူမက ဆက္၍ပင္ လက္ကို ေဝွ႔ယမ္းလိုက္ေတာ့.. ေရစင္အတြင္းမွ ေရစက္ အနည္းငယ္ ေပၚလာၿပီး.. ဟုန္႐ြယ္၏ ခႏၶာကိုယ္ တစ္ခုလုံးအား.. လႊမ္းျခဳံ သြားေတာ့၏။ ေနာက္ေတာ့ စိမ့္ဝင္သြားၿပီး နတ္ေဆးသမားေတာ္တိုင္း လက္ေလ်ာ့ထားသည့္ ေသြးထြက္ေနေသာ ဒဏ္ရာမ်ားက အသားမ်ား ျပည့္တက္လာသည္။ ျဖဴေဖ်ာ့ကာ ႏြမ္းလ်ေနေသာ ဟုန္႐ြယ္၏ မ်က္ႏွာက တျဖည္းျဖည္းႏွင့္ ပန္းေရာင္သို႔ သမ္းလာ၏။
“ကုၿပီးသြားၿပီ.. အသက္ေတာ့ မေသေတာ့ဘူး.. ဒါေပမယ့္..”
ဟူအာ ထိတ္လန္႔တၾကားျဖင့္.. အေ႐ွ႕သို႔ တိုးသြားမိကာ..
“ဘာကို ဒါေပမယ့္လဲ.. ဟုန္႐ြယ္က ျပန္ၿပီး ေကာင္းမွာလား.. မေကာင္းဘူးလား..”
ဒီတစ္ႀကိမ္မွာေတာ့ ထိုေျမေခြးငယ္ေလးကို က်ိဳးရင္း ေဒါသထြက္သြားမိ၏။
“ေကာင္ေလး.. မင္းငါ့ကို ဒီလို ႐ိုင္း႐ိုင္းစိုင္းစိုင္း ေျပာဆိုေနမယ္ ဆိုရင္.. ငါမင္းကို အားမနာေတာ့ဘူးေနာ္.. မင္းမသိဘူးလား.. မင္းက ငါ့ကို ဘယ္လို ဦးခိုက္သင့္တယ္ ဆိုတာကို.. မင္းမေျပာနဲ႔.. ငါက မင္းအေဖ မင္းအဘိုး ၿပီးေတာ့ မင္းအဘိုးရဲ႕အဘိုး.. ေတာင္မွ ဒူးေထာက္ၿပီး အ႐ိုေသခံထိုက္တယ္.. ေနာက္မွ ငါသိပ္ၿပီး အားမနာတတ္လို႔ ငါ့ကို အျပစ္မတင္နဲ႔..”
ထိုအခါမွ ပိုင္မင္းႀကီးက တ႐ိုတေသျဖင့္.. အနားသို႔ လွမ္းလာၿပီး..
“က်ိဳးရင္းနတ္ဘုရားမ.. ဟူအာက သိပ္ၿပီး မသိတတ္ေသးတာကို ေဗြမယူပါနဲ႔..”
“ငါေျပာေနတာ မၿပီးေသးဘူး.. အဲ့ဒီေျမေခြးျဖဴေလးက မေသေတာ့ဘူး.. ဒါေပမယ့္ သူ႕ကို စိမ့္စမ္ျပာမွာ ေရခ်ိဳးခိုင္းမွ ေကာင္းကင္နဂါးပန္းရဲ႕ အဆိပ္က ျပယ္မွာ..”
“စိမ့္စမ္းျပာမွာ..”
“ဟုတ္တယ္.. နတ္အစြမ္းလုံးဝ သုံးခြင့္မ႐ွိတဲ့ နယ္ေျမမွာ.. ေရခ်ိဳးရမွာ.. မင္းလိုက္လာခဲ့..”
ဟူအာကို လက္ညိဳးထိုးကာ ေခၚလိုက္ေတာ့ ဟူအာ ဟုန္႐ြယ္ကို ေပြ႕ခ်ီကာ.. ေတာင္ပိုင္းေရနန္းေတာ္မွ.. စိမ့္စမ္းျပာကြၽန္းသို႔ တက္လာခဲ့သည္။ က်ိဳးရင္း နတ္ဘုရားမက ေရကန္နေဘး႐ွိ သလြန္ေပၚတြင္ ထိုင္ေနရာမွ..
“ေရစည္ပိုင္းက ဟိုနားက ဒုတိယ အိမ္မွာ ႐ွိတယ္.. သြားယူ..”
တကယ္ဆို နတ္ငယ္ေလး ျဖစ္ေသာ္လည္း.. ပစၥည္းကို ခုန္လႊားကာ သြားယူႏိုင္သည္။ သို႔ေသာ္ ထိုေနရာက နတ္အစြမ္းပိတ္ထားသည္ ဆိုသျဖင့္ ဟူအာ ဟုန္႐ြယ္ကို ခ်ထားလိုက္ၿပီး ထိုေနရာသို႔ ေျပးသြားလိုက္ရ၏။ သူ ေျပးေနရင္းႏွင့္ သတိထားမိသည္က ေလမ႐ွိေတာ့တာကို ျဖစ္သည္။
~~ေလတိုက္ေနတာကို ရပ္လိုက္တယ္.. သူမက ဘယ္လို နတ္ဘုရားမ်ိဳးလဲ..၊ ေျမျပင္နတ္ေတြထဲတြင္ စြမ္းအား ႀကီးမားေသာ နတ္ေတာင္မွ အဲ့ဒီ တစ္ကိုယ္ေကာင္းဆန္တဲ့ နတ္ဘုရားမလိုမ်ိဳး နတ္အစြမ္းေတြကို တားျမစ္ႏိုင္တယ္လို႔ တစ္ခါမွ မၾကားမိဖူးဘူး၊ သူဖတ္ဖူးသမွ် က်မ္းေတြထဲမွာလည္း သဘာဝတရားကို ေက်ာ္လြန္ႏိုင္တဲ့ နတ္ရယ္လို႔ မဖတ္မိသလိုပဲ..~~
ရင္းအာ ေရကန္အတြင္းမွ ေသရည္ တစ္အိုးကို ထုတ္ယူလိုက္ကာ.. တစ္ခ်က္ ျပဳံးလိုက္မိသည္။ တကယ္ဆိုလွ်င္ စိမ့္စမ္းျပာမွ ေရကို ခ်ိဳးေရအျဖစ္ ဆင့္ေခၚေပးဖို႔ ေပမယ့္ ႐ိုင္းစိုင္းတဲ့ ကေလးကို ပညာေပးခ်င္လို႔ တမင္သက္သက္ စိမ့္စမ္းျပာကို လာခဲ့ျခင္း ျဖစ္သည္။
~~ငါ့ကိုမ်ား ႐ိုင္းစိုင္းရဲတယ္.. ငါက ဘယ္သူမို႔လဲ.. သူ႕တို႔ တစ္မ်ိဳးလုံးကို အသက္ဓာတ္ ႏႈတ္ပစ္လိုက္ရင္ ဘယ္လိုမ်ား ေနမလဲ မသိဘူး.. ငါေပးထားတဲ့ အသက္ဓာတ္နဲ႔ ႐ွင္သန္ၿပီး ငါ့ကို ေစာ္ကားရဲတယ္.. အနည္းဆုံးေတာ့ စိမ့္စမ္းျပာမွာ နတ္အစြမ္း မသုံးပဲ ေနၾကည့္စမ္းပါ.. မင္း ငါ့ကို ဘယ္လို ႐ိုေသလာမလဲ သိခ်င္ေသးတယ္.. ဟြန္႔~~
@@@@@@@@@
ဟူအာ.. အစ္မျဖစ္သူကို ေရစည္အတြင္းသို႔ ထည့္ ၿပီးေတာ့မွ ကန္အတြင္းမွ ေရကို တစ္ပုံးခ်င္း ခပ္ထည့္ေပးကာ.. ေရစိမ္ေပးရသည္။ ဟုန္႐ြယ္က မ်က္ႏွာငယ္ေလးႏွင့္ ၾကည့္ေနသျဖင့္.. ဟူအာ ေမာပန္းဟန္ မျပေသာ္လည္း ႐ူးေလာက္ေအာင္ပင္ ပင္ပန္းေနၿပီ ျဖစ္၏။ ဒီေန႔တြင္ေတာ့ ဟူအာ လူသားမ်ား၏ ဘဝကို စာနာမိသလို ျဖစ္သြားသည္။ သူတို႔ေတြ ေန႔တိုင္း ပင္ပန္းေနမွာပဲ..၊
စိမ့္စမ္းျပာမွ ထိုနတ္ဘုရားမကေတာ့ ေရကန္အတြင္းမွ ေရမ်ားကို လက္ေခ်ာင္းေလးမ်ားျဖင့္ ပုံသ႑ာန္မ်ိဳးစုံ လုပ္လ်က္ ေလေပၚတြင္ ပ်ံဝဲေစသည္။ သူမသည္ တျခားနတ္မ်ား၏ အစြမ္းကို ပိတ္ပင္ထားေသာ္လည္း သူမ၏ အစြမ္းကေတာ့ ဘာတစ္ခုမွ အထိအခိုက္႐ွိဟန္ မတူေပ။
ထို႔ျပင္ ဟူအာကို ေရသယ္ခိုင္းျခင္းက သူမအား ေလသံမာမာႏွင့္ စကားေျပာဆိုမိ၍ အျပစ္ေပးျခင္း ဆိုတာကို အထူးပင္ ေျပာျပရန္ မလိုေလာက္ေအာင္ သူမ၏ မ်က္ႏွာေပၚတြင္ ေပၚလြင္ေန၏။ ထို႔အတြက္ ဟူအာ မေက်မနပ္ ျဖစ္မိေသာ္လည္း.. သူ႕အေနႏွင့္ ေကာင္းကင္က မေျပာႏွင့္ ဖခင္ ကိုယ္တိုင္က အေလးထားရေသာ နတ္ဘုရားမမို႔ ဘာတစ္ခုမွ လုပ္ခြင့္မရႏိုင္ေပ။ ယခုတြင္ေတာ့ ေမာပန္းသည့္ ဒဏ္ေၾကာင့္ အစားစားဖို႔ကို ဟူအာ သတိတရ ျဖစ္လာသည္။ ထို႔ေၾကာင့္..
“က်ိဳးရင္း.. နတ္ဘုရားမ..”
အနားသို႔ သြားၿပီးေခၚလိုက္သည္ႏွင့္ သူမက ေသရည္ကို ငုံ႔နမ္းေနရင္းျဖင့္..
“ဒူးေထာက္!!.. ငါက ေကာင္းကင္က အိမ္ေ႐ွ႕စံရဲ႕ တစ္ပါးတည္းေသာ မိဖုရား ျဖစ္တဲ့အျပင္ ေနာက္ထက္လာမည့္ ေကာင္းကင္မင္းႀကီးရဲ႕ မိဖုရားႀကီး ျဖစ္လာမယ့္သူ.. မင္း ငါ့ကို စကားေျပာတာ ဘယ္လိုလုပ္ၿပီး ေတာဆန္ဆန္.. အ႐ိုေသတန္ေနရတာလဲ..”
ထိုကေလးငယ္က သူမေ႐ွ႕တြင္ ဒူးေထာက္လိုက္ေတာ့ ရင္းအာ စိတ္အတြင္းမွ ရယ္လိုက္မိသည္။ တကယ္တမ္းမွာ.. သူမအတြက္ အိမ္ေ႐ွ႕စံမိဖုရား ဆိုတာေတြ ေကာင္းကင္ရဲ႕ မိဖုရားႀကီး အေလာင္းလ်ာ ဆိုတာေတြက ဘာမွ ထူးဆန္းၿပီး ထုတ္ေျပာရန္ မလိုအပ္ေသာ အရာမ်ားသာ ျဖစ္၏။ ဒီလုံးဝ မ႐ိုေသတတ္ေသာ ကေလးငယ္ကိုေတာ့ ထိုအရာေတြကို ဖြင့္ေျပာၿပီး ဖိႏွိပ္ထားရန္ ဘာလို႔မ်ား ေတြးမိမွန္း ရင္းအာ နားမလည္ေသာ္လည္း.. မ်က္ေမွာင္ကုတ္ကာ အံႀကိတ္သြားေသာ မ်က္ႏွာကို ၾကည့္ရင္း ေက်နပ္စြာ ျပဳံးမိေစ၏။
“က်ိဳးရင္း နတ္ဘုရားမကို ပိုင္ေဒသက ဟူအာ ဂါရဝျပဳပါတယ္.. ကြၽန္ေတာ္က အစားစားတဲ့ နတ္မ်ိဳး မို႔လို႔.. အစားေသာက္ တစ္ခုခု ရႏိုင္မလားလို႔.. ေမးပါရေစ..”
“မ႐ွိဘူး.. စိမ့္စမ္းျပာမွာ အစားစားဖို႔ ဘာမွမ႐ွိဘူး.. ငါးေတြေတာ့ ႐ွိတယ္.. ဒါေပမယ့္ အဲဒါက ငါ့ဆရာစားဖို႔ ငါက စီမံထားတာ.. မင္းတို႔အတြက္ မဟုတ္ဘူး.. ေရေသာက္..”
ထိုစကားကို သူမက ေသရည္အား တစ္က်ိဳက္မွ် ေမာ့ေသာက္လိုက္ၿပီး ေျပာလိုက္ျခင္း ျဖစ္သည္။ ၿပီးေတာ့ ဟူအာႏွင့္ စကားေျပာေနျခင္းအား ေမ့ေလ်ာ့စြာ အရသာ ျပင္းထန္ေသာ ေသရည္ကို ေသခ်ာ ႐ိႈက္နမ္းလိုက္၏။
“ေသရည္က တကယ္ကို အရသာ ျပင္းေနတာကိုး.. သူက ႏွစ္ဘယ္ႏွစ္ေသာင္းေတာင္ ႐ွိသြားတာလဲ အသစ္လုပ္ထားတာ မဟုတ္ပဲ အေဟာင္းေတြ ခ်ည္းပဲလား.. ဟုတ္မွာေပါ့.. အဲ့ဒီေသရည္ေတြ ငါမွမေသာက္ရင္ ေသာက္မယ့္သူမွ မ႐ွိတာ.. အစ္ကိုႏွစ္က လ်န္းလ်န္ ဆိုတဲ့ အသံၾကားတာနဲ႔ ေသရည္အိုးကို ဖြက္ထားၿပီးသား ျဖစ္မွာပဲ..”
သူမဖာသာ ေရ႐ြတ္ေသာ စကားမ်ားေၾကာင့္ ဟူအာ မ်က္ေမွာင္ကုတ္လိုက္မိ၏။ သူတို႔လို ေျမျပင္မွ နတ္ေတြဟာ အစားမစားရလွ်င္ အင္အားေလ်ာ့နည္းသြားၿပီး.. နတ္စြမ္းအားပါ ကြယ္သြားတတ္တာကို ထိုနတ္ဘုရားမက မသိက်ိဳးကြၽံျပဳလ်က္.. ေသရည္တစ္အိုးကို.. အေရးတယူ လုပ္ေနသျဖင့္ ေဒါသပါ ထြက္လာၿပီး..
“က်ိဳးရင္း နတ္ဘုရားမ.. ကြၽန္ေတာ္တို႔က အစားမစားရပဲ ေသသြားရေတာ့မွာလား.. အစားလည္း သြား႐ွာလို႔ မရဘူး နတ္စြမ္းအားကိုလည္း ပိတ္ပင္ထားတယ္..”
ထိုအခါမွ သူမက မ်က္လုံးလွန္ၾကည့္လာၿပီး.. ႏႈတ္ခမ္းေတြ ေစ့ပိတ္သြားေသးလ်က္..
“ေရေသာက္လို႔ ေျပာတာ မၾကားဘူးလား.. ဒီစိမ့္စမ္းျပာကေရ မင္းကို ေသာက္ခိုင္းတာ.. မင္းတို႔ ေမာင္ႏွမ ကံအရမ္းေကာင္းလို႔ပါ.. စိမ့္စမ္းျပာက ေရကို ေသာက္ခ်င္တဲ့ နတ္ေတြမ်ား မ်ားလြန္းလို႔.. ပါးစပ္ပိတ္ထား.. ငါလုပ္စရာ ႐ွိတယ္..”
သူမက သူ႕ကို အေရးပင္ မစိုက္ေတာ့ပဲ.. ေရကန္အတြင္းမွ ေသရည္အိုးေတြကို ထုတ္ယူေနသည္။ တစ္အိုးထုတ္လာတိုင္း.. ေသခ်ာေလး ေနရာခ်ထားကာ.. စီတန္းလ်က္ ထားေန၏။ ထို႔ျပင္..
“ငါ ႏွစ္တစ္ေထာင္ေလာက္ မေသာက္ပဲ ေနလိုက္တာ.. ေသရည္ရဲ႕ ျပင္းထန္တဲ့ အရသာကို မတြန္းလွန္ႏိုင္ေတာ့ဘူး.. အသစ္ျပန္လုပ္မွ ျဖစ္မယ္.. ဒါေပမယ့္ ဒီအိုးေတြကို ငါ ဘာလုပ္ရမလဲ.. အစ္ကိုႏွစ္ရဲ႕ ထိပ္တန္း လက္ရာေတြ လႊင့္ပစ္ဖို႔ ႏွေျမာစရာေကာင္းလြန္းတယ္..”
သူမက ေသရည္အိုးေတြကို.. ေသခ်ာ က်နစြာ စီထားလိုက္ၿပီးမွ.. ခါးေထာက္လိုက္၏။ ထိုတစ္ခဏတြင္.. ဟူအာ အနီးဆုံး႐ွိ ေအာက္ဆုံးမွ ေသရည္အိုးကို ေက်ာက္ခဲတစ္လုံးျဖင့္ လွမ္းေပါက္လိုက္၏။ ေအာက္ေျခမွ အိုးက က်ကြဲသြားေတာ့ အေပၚတြင္ ဆင့္လ်က္ ထပ္ထားေသာ.. ေသရည္အိုးမ်ားက ေအာက္သို႔ လိမ့္ဆင္းလာကာ..
“ခြမ္း.. ခ်လြမ္း.. ဂြမ္း..”
ျမည္သံ ေပါင္းစုံျဖင့္ က်ကြဲကုန္ေတာ့၏။ ဝင္းခနဲ မီးေတာက္သလို မ်က္ဝန္းမ်ားက ဟူအာအေပၚသို႔ က်လာၿပီး.. သူ႕အား.. ေဒါသတႀကီး လက္ျဖင့္ ေဝွ႔ယမ္းလိုက္သည္။ ဝုန္းခနဲ လြင့္ထြက္သြားမည္ဟု ဟူအာ ထင္လိုက္ေသာ္လည္း ထိုသို႔ မဟုတ္ပဲ သူမက.. သူ႕အား ဒူးေထာက္လ်က္ မ်က္ႏွာေမာ့ေစေသာ အေနအထားျဖင့္ တန္႔ရပ္ရန္ ေစခိုင္းလိုက္ျခင္းသာ ျဖစ္၏။
သူမ၏ ေဒါသပါေသာ မ်က္ဝန္းေတြ ေနာက္တြင္ စိမ့္စမ္းျပာအိုင္ အတြင္းသို႔ လက္အတြင္းမွ ဘယ္လို ေရာက္လာမွန္း မသိေသာ ၾကာပြတ္ျဖင့္ ငါးတစ္ေကာင္ကို ဖမ္းလိုက္ၿပီး.. ဟူအာ အနားသို႔ တိုးကပ္လာသည္။ သူမအနားသို႔ တိုးလာေလ.. ဟူအာ.. မ်က္လုံးကို တျခားသို႔ လြဲမိေလ ျဖစ္သည္။ သို႔ေသာ္.. သူမက.. အနားသို႔ တိုးလာၿပီး ဟူအာ ေ႐ွ႕တည့္တည့္တြင္ ရပ္လိုက္ၿပီး.. ငါးအ႐ွင္ အစိမ္းလိုက္ကို ဟူအာ၏ ႏႈတ္ခမ္းမ်ားကို ပြင့္ဟေစလ်က္ စတင္ ထိုးထည့္ေတာ့သည္။
“အ.. ခင္ဗ်ား.. အ.. ဘာလုပ္.. အ..”
“မင္း ငါ့ေသရည္အိုးေတြကို က်ကြဲေအာင္ လုပ္ရဲတယ္.. မင္းစားခ်င္တာ မဟုတ္လား.. အခုစားေလ.. ငါ ဒီငါးကို မင္းကို ေကြၽးမယ္..”
“စား!!..”
သူမ၏ လုပ္ေဆာင္ခ်က္မ်ားက နတ္ဘုရားမ တစ္ပါးႏွင့္ မတူညီပဲ ႐ူးေနေသာ နတ္ႏွင့္သာ တူညီသည္ဟု ဟူအာ ခံစားရသည္။ ပါးစပ္အတြင္းသို႔ တိုးဝင္လာေသာ ငါး၏ ႐ုန္းကန္လႈပ္႐ွားမႈက ေအာ္ကလီဆန္ေစလ်က္.. လည္ေခ်ာင္းနားထိ ေရာက္ေတာ့.. အသက္႐ႈပင္ က်ပ္လာသလို ခံစားရသည္။
“ရင္းအာ.. မင္းဘာလုပ္ေနတာလဲ..”
ဟူအာအေနာက္မွ အသံအရ သူမ၏ ခင္ပြန္းေရာက္လာၿပီဟု သိလိုက္ေတာ့.. ဟူအာ နည္းနည္းေတာ့ ေပ်ာ္သြားသည္။ သို႔ေသာ္ သူ၏ ကံဆိုးျခင္းက က်ိဳးရင္း နတ္ဘုရားမ၏ လက္အတြင္းဝယ္ ျဖစ္ေနေလေသာအခါ..၊
သူမက တစ္ေကာင္လုံး သူ႕ပါးစပ္အတြင္းသို႔.. ထိုးထည့္ရင္း ေရာက္သြားေတာ့.. လက္ျဖင့္ တစ္ခ်က္ ေဝွ႔ယမ္းလိုက္ကာ အတြင္းထဲထိ ေရာက္သြားေစသည္။ ငါးက ေသလား ႐ွင္လား မသိခင္မွာပဲ ငါးက သူ႕ဝမ္းအတြင္းသို႔ ေရာက္သြားၿပီ ျဖစ္သည္။
“အဟြတ္.. အဟြတ္..”
သူ မသတီ ႐ြံ႐ွာစြာ.. ငါးကို ျပန္ထုတ္ဖို႔ ႀကိဳးစားေသာ္လည္း.. ေခ်ာင္းေတြဆိုးကာ.. မ်က္လုံးေတြ ျပာလာသည္ပဲ အဖတ္တင္သည္။ သူ႕ဝမ္းအတြင္းမွ ငါးကေတာ့ ျပန္မထြက္မသြားေတာ့ေပ။ ႐ူးေနေသာ ထိုနတ္ဘုရားမအနားသို႔ သူမ၏ ခင္ပြန္းက တိုးကပ္သြားၿပီး.. အနည္းငယ္ နားမလည္ေသာ ေလသံျဖင့္..
“ရင္းအာ မင္းဘာလုပ္တာလဲ.. သူက ႏွစ္တစ္ေထာင္ပဲ ႐ွိေသးတဲ့ ေျမေခြးေလးပါ.. မင္း သူ႕ကို ဒီလို လုပ္တာ..”
သူမက အနည္းငယ္ မာဆတ္ဆတ္ႏိုင္ေသာ ေလသံျဖင့္..
“ဒါက သူနဲ႔ငါ့ရဲ႕ၾကားက ကိစၥပါ ယီမင္.. သူက ငါ့ေသရည္အိုးေတြ ခြဲပစ္လိုက္လို႔ ငါက သူ႕ကို.. သူစားခ်င္တာ ေကြၽးတာပဲေလ.. ဒါက အျပန္အလွန္ သက္ေရာက္႐ုံေလးပါပဲ..”
“ဒါက မင္းသူ႕ကို သိပ္ၿပီး အႏိုင္က်င့္ရာ မက်ဘူးလား.. သူက ဘာမွေတာင္ မသင္ယူရေသးတဲ့ နတ္ငယ္ေလး တစ္ပါးပဲ မဟုတ္လား..”
ထိုသို႔ေသာ အျပစ္တင္ေသာ စကားကို ႏူးညံ့ခ်ိဳသာစြာ ေျပာဆိုႏိုင္ေသာ ေကာင္းကင္နတ္တစ္ပါးကို ဟူအာ တအံ့တၾသသာ ေငးၾကည့္ေနမိေတာ့၏။ က်ိဳးရင္း နတ္ဘုရားမက သူ႕ကို တစ္ခ်က္မွ်သာ ၾကည့္လာၿပီးမွ..
“သူက ငါ့ကို ေျပာတယ္.. သူ အစားစားဖို႔ လိုတယ္တဲ့.. ဒါနဲ႔ ငါေျပာတာ ႐ွင္း႐ွင္းေလး.. ေရေသာက္လို႔..”
ယီမင္ ရင္းအာနဲ႔ ဒီေျမေခြးေလးၾကားမွ ျပသနာကို နားလည္သလို ႐ွိသြားသည္။ ရင္းအာ ေျပာေသာ.. ေရေသာက္ ဆိုတာက တျခားေသာ ေျမျပင္နတ္ေတြအတြက္ ေရႏွင့္အစာက မတူညီေသာ အာဟာရ ႐ွိသည္ ဆိုတာကို ရင္းအာက နားမလည္ျခင္းသာ ျဖစ္၏။ ရင္းအာ၏ စိမ့္စမ္းျပာမွ ေရသည္ တျခားေသာ နယ္ပယ္ ဆယ့္ေျခာက္ခုမွ ေရမ်ားထက္ မ်ားစြာ အစြမ္းထက္သည္ျဖစ္ရာ.. ေရသာက္လိုက္ပါက ဆာေလာင္ျခင္းပင္ ေပ်ာက္သြားၿပီး နတ္စြမ္းအား တိုးလာမည္ ကို ထို ႏွစ္တစ္ေထာင္သာ ႐ွိေသာ.. နတ္ငယ္ေလးက မသိျခင္းလည္း ပါဝင္မည္။
×××××××××
Paid Group တြင္ ဖတ္႐ႈႏိုင္ပါသည္။
Book 3စေနပါၿပီေနာ္
Unicode
အခန်း (၁၃)
ရင်းအာ နိုးလာတော့ ခေါင်းက စိတ်မကြည်ချင်စရာ ကောင်းအောင် ကိုက်ခဲနေ၏။ အပြင်ဘက်မှ ဆူညံနေသော အသံများကြောင့် စိတ်က ပိုပြီး မကြည့် ဖြစ်ရသည်။
အစ်ကိုနှစ်ရဲ့ သေရည်သောက်မိတာကို သတိရတော့.. ခေါင်းကို ယမ်းလိုက်ပြီး ခေါင်းမကြည်တာ ပြေသွားအောင်.. ခေါင်းကို လက်ဖြင့် ဝှေ့ယမ်းလိုက်၏။ ရင်းအာ နေလို့ ကောင်းသွားတော့မှ.. ယီမင်ကို ရေတစ်ခွက်နှင့် တွေ့လိုက်ရသည်။
“ရင်းအာ နိုးလာပြီလား..”
“အင်း..”
“ခံစားရတာ ဘယ်လိုနေလဲ..”
“ငါ တကယ်ပဲ သေရည် ခံနိုင်ရည်အား ကျသွားတယ် ထင်တယ်..”
“မဟုတ်ဘူး.. မင်းရဲ့ နဖူး နာသေးလား..”
“နဖူး..”
လက်ဖြင့် စမ်းကိုင်လိုက်တော့မှ အနာလေးကို စမ်းမိသွားပြီး စိတ်ရှုပ်စွာ.. အနာပျောက်သွားအောင် ပြုလုပ်လိုက်၏။
“ကျိုးရင်း နတ်ဘုရားမကို ဟူအာ တောင်းဆိုဖို့ တစ်ခု ရှိပါတယ်..”
“ဘယ်သူလဲ မင်းရဲ့ နန်းဆောင်ရှေ့မှာ လာအော်နေတာ..”
“ဟိုနေ့က မင်းကို နဖူးမှာ ဒဏ်ရာရအောင် လုပ်လိုက်တဲ့သူနဲ့ မောင်နှမလို့ ပြောတယ်..”
“ငါ သွားကြည့်လိုက်မယ်..”
နန်းဆောင်အရှေ့သို့ ချက်ချင်း ရောက်သွားမိ၏။ ဟူအာပင် အရှေ့တွင် ချက်ချင်း ပေါ်လာသော နတ်ဘုရားမကို အနည်းငယ် ထိတ်လန့်သွားပြီး..
“ကျွန်တော့် အစ်မကို ကယ်ပေးပါ..”
ကိုင်ထားသော အိတ်လေးကို မြောက်ပြတော့.. သူ့လက်အတွင်းမှ အိတ်ငယ်လေးက ထိုနတ်ဘုရားမ လက်အတွင်းသို့ ရောက်သွား၏။ သူမက အိတ်လေးအတွင်းမှ ဆံချည်မျှင်လေးကို ထုတ်ယူလိုက်ပြီး သူမဆံပင်တွင် လက်ဖြင့် သပ်လိုက်တော့ ဆံချည်မျှင်လေးက ပြန်ပြီး နေရာယူသွား၏။
“ရတယ်..”
ယီမင်က အနောက်မှ လိုက်လာပြီး.. သူမအား နှင်းကာခြုံလွှာကို လွှမ်းခြုံပေးရင်း..
“မင်းအိပ်နေတဲ့ တစ်ပတ်အတွင်း ငါ နန်းဆောင်ထဲကနေ အပြင်ကို မထွက်မိလို့.. အဘိုးတော်ဆီ မရောက်တာ ကြာနေပြီ..”
“ကောင်းပြီ.. ငါတို့ ပြန်လာရင် တွေ့မယ်..”
ထွက်လာခါနီးကျ ယီမင်က သူမလက်ကို ပြန်ဆွဲလိုက်ရင်း..
“ငါ မင်းကို စိတ်မချဘူး..”
“ငါ့ရဲ့ အမျိုးသားလေး.. ငါက ကျိုးရင်းပါ.. မင်းမေ့သွားတာလား..”
နှစ်တစ်ထောင်အတွင်း သူမ သူ့ကို ပြန်လည်ပြီး နောက်ပြောင်သော စကားက ဖြစ်၏။ ထို့ကြောင့် ယီမင် မျက်ဝန်းတွေတွင် မျက်ရည်တွေပါ လည်လာပြီး.. ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ.. မင်း သွားပါ.. ငါလွမ်းတာနဲ့ ချက်ချင်း လိုက်လာမယ်.. မင်း ပျော်သလောက် နေ..”
“ငါတို့ သွားစို့..”
ကောင်းကင်နှင့် တောင်ပိုင်း ရေနန်းတော်.. အသွားအပြန် နေ့တစ်ဝက်ပင် မလိုသော.. ခရီးအတွက် နှုတ်ဆက်နေသော ဇနီးမောင်နှံ၏ နှုတ်ဆက်ခြင်းအား.. ဟူအာ နားမလည်နိုင် ဖြစ်ရသည်။ သို့သော် သူခေါ်ရာသို့ အသာတကြည် လိုက်လာသဖြင့် ဟူအာ စကားတစ်ခွန်းမှ မဆိုပဲ တိတ်ဆိတ်စွာဖြင့်သာ တောင်ပိုင်း ရေနန်းတော်သို့ ပြန်လာခဲ့၏။
သူ့အရှေ့မှ နတ်ဘုရားမက ရေနန်းတော် အတွင်းသို့ လိုက်ဝင်သွားတော့ အဖေက မော့ကြည့်ကာ..
“ကျိုးရင်း နတ်ဘုရားမ..”
“သိပ်ပြီး အားမနာပါနဲ့.. ကုပေးရမယ့် နတ်ကို ပြောပါ..”
အဖေက ကပျာကယာ အခန်းအတွင်းသို့ လိုက်ပြပေးတော့ ကျိုးရင်းက အနောက်သို့ လှည့်ကြည့်လာကာ..
“ကောင်းကင်နဂါးပန်း.. မင်း ငါ့ကို တစ်ခုခု လုပ်လိုက်တယ် ဆိုတဲ့ တစ်ယောက်လား.. ကြည့်ရတာ ကောင်းကင်နဂါးပန်းက မင်းကို ဆိုးဆိုးဝါးဝါး ဆွဲညစ်ထားတာပဲ..”
“ကျွန်တော့် သမီးက မသိတတ်တဲ့သူမို့.. ကျိုးရင်းနတ်ဘုရားမကပဲ သဘောထား ကြီးမားပေးဖို့ တောင်းပန်ပါတယ်..”
“ငါက သဘောထား ကြီးမားလို့ လိုက်လာတာ မဟုတ်ဘူး.. လွန်ခဲ့တဲ့ နှစ်နှစ်သိန်းကတည်းက နတ်တွေထဲမှာ ငါကလည်း သဘောထားကြီးတဲ့ နတ်အဖြစ် မှတ်တမ်းတင် မခံရဖူးဘူး.. ရှောင်ဇီအာရဲ့ မွေးနေ့ လက်ဆောင်ကြောင့် ငါ လိုက်လာတာ ပိုင်မင်းကြီး.. အားတုံ့အားနာ ဖြစ်ဖို့ မလိုပါဘူး..”
ကျိုးရင်းက ပြောနေရင်းဖြင့်.. လက်ကို ဝှေ့ယမ်းလိုက်တော့.. လက်အတွင်းဝယ် ရေစင်ခွက်ငယ်လေး ပေါ်လာ၏။ ရေစက် အနည်းငယ်လည်း ပါလာသည်။ သူမက ဆက်၍ပင် လက်ကို ဝှေ့ယမ်းလိုက်တော့.. ရေစင်အတွင်းမှ ရေစက် အနည်းငယ် ပေါ်လာပြီး.. ဟုန်ရွယ်၏ ခန္ဓာကိုယ် တစ်ခုလုံးအား.. လွှမ်းခြုံ သွားတော့၏။ နောက်တော့ စိမ့်ဝင်သွားပြီး နတ်ဆေးသမားတော်တိုင်း လက်လျော့ထားသည့် သွေးထွက်နေသော ဒဏ်ရာများက အသားများ ပြည့်တက်လာသည်။ ဖြူဖျော့ကာ နွမ်းလျနေသော ဟုန်ရွယ်၏ မျက်နှာက တဖြည်းဖြည်းနှင့် ပန်းရောင်သို့ သမ်းလာ၏။
“ကုပြီးသွားပြီ.. အသက်တော့ မသေတော့ဘူး.. ဒါပေမယ့်..”
ဟူအာ ထိတ်လန့်တကြားဖြင့်.. အရှေ့သို့ တိုးသွားမိကာ..
“ဘာကို ဒါပေမယ့်လဲ.. ဟုန်ရွယ်က ပြန်ပြီး ကောင်းမှာလား.. မကောင်းဘူးလား..”
ဒီတစ်ကြိမ်မှာတော့ ထိုမြေခွေးငယ်လေးကို ကျိုးရင်း ဒေါသထွက်သွားမိ၏။
“ကောင်လေး.. မင်းငါ့ကို ဒီလို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေမယ် ဆိုရင်.. ငါမင်းကို အားမနာတော့ဘူးနော်.. မင်းမသိဘူးလား.. မင်းက ငါ့ကို ဘယ်လို ဦးခိုက်သင့်တယ် ဆိုတာကို.. မင်းမပြောနဲ့.. ငါက မင်းအဖေ မင်းအဘိုး ပြီးတော့ မင်းအဘိုးရဲ့အဘိုး.. တောင်မှ ဒူးထောက်ပြီး အရိုသေခံထိုက်တယ်.. နောက်မှ ငါသိပ်ပြီး အားမနာတတ်လို့ ငါ့ကို အပြစ်မတင်နဲ့..”
ထိုအခါမှ ပိုင်မင်းကြီးက တရိုတသေဖြင့်.. အနားသို့ လှမ်းလာပြီး..
“ကျိုးရင်းနတ်ဘုရားမ.. ဟူအာက သိပ်ပြီး မသိတတ်သေးတာကို ဗွေမယူပါနဲ့..”
“ငါပြောနေတာ မပြီးသေးဘူး.. အဲ့ဒီမြေခွေးဖြူလေးက မသေတော့ဘူး.. ဒါပေမယ့် သူ့ကို စိမ့်စမ်ပြာမှာ ရေချိုးခိုင်းမှ ကောင်းကင်နဂါးပန်းရဲ့ အဆိပ်က ပြယ်မှာ..”
“စိမ့်စမ်းပြာမှာ..”
“ဟုတ်တယ်.. နတ်အစွမ်းလုံးဝ သုံးခွင့်မရှိတဲ့ နယ်မြေမှာ.. ရေချိုးရမှာ.. မင်းလိုက်လာခဲ့..”
ဟူအာကို လက်ညိုးထိုးကာ ခေါ်လိုက်တော့ ဟူအာ ဟုန်ရွယ်ကို ပွေ့ချီကာ.. တောင်ပိုင်းရေနန်းတော်မှ.. စိမ့်စမ်းပြာကျွန်းသို့ တက်လာခဲ့သည်။ ကျိုးရင်း နတ်ဘုရားမက ရေကန်နဘေးရှိ သလွန်ပေါ်တွင် ထိုင်နေရာမှ..
“ရေစည်ပိုင်းက ဟိုနားက ဒုတိယ အိမ်မှာ ရှိတယ်.. သွားယူ..”
တကယ်ဆို နတ်ငယ်လေး ဖြစ်သော်လည်း.. ပစ္စည်းကို ခုန်လွှားကာ သွားယူနိုင်သည်။ သို့သော် ထိုနေရာက နတ်အစွမ်းပိတ်ထားသည် ဆိုသဖြင့် ဟူအာ ဟုန်ရွယ်ကို ချထားလိုက်ပြီး ထိုနေရာသို့ ပြေးသွားလိုက်ရ၏။ သူ ပြေးနေရင်းနှင့် သတိထားမိသည်က လေမရှိတော့တာကို ဖြစ်သည်။
~~လေတိုက်နေတာကို ရပ်လိုက်တယ်.. သူမက ဘယ်လို နတ်ဘုရားမျိုးလဲ..၊ မြေပြင်နတ်တွေထဲတွင် စွမ်းအား ကြီးမားသော နတ်တောင်မှ အဲ့ဒီ တစ်ကိုယ်ကောင်းဆန်တဲ့ နတ်ဘုရားမလိုမျိုး နတ်အစွမ်းတွေကို တားမြစ်နိုင်တယ်လို့ တစ်ခါမှ မကြားမိဖူးဘူး၊ သူဖတ်ဖူးသမျှ ကျမ်းတွေထဲမှာလည်း သဘာဝတရားကို ကျော်လွန်နိုင်တဲ့ နတ်ရယ်လို့ မဖတ်မိသလိုပဲ..~~
ရင်းအာ ရေကန်အတွင်းမှ သေရည် တစ်အိုးကို ထုတ်ယူလိုက်ကာ.. တစ်ချက် ပြုံးလိုက်မိသည်။ တကယ်ဆိုလျှင် စိမ့်စမ်းပြာမှ ရေကို ချိုးရေအဖြစ် ဆင့်ခေါ်ပေးဖို့ ပေမယ့် ရိုင်းစိုင်းတဲ့ ကလေးကို ပညာပေးချင်လို့ တမင်သက်သက် စိမ့်စမ်းပြာကို လာခဲ့ခြင်း ဖြစ်သည်။
~~ငါ့ကိုများ ရိုင်းစိုင်းရဲတယ်.. ငါက ဘယ်သူမို့လဲ.. သူ့တို့ တစ်မျိုးလုံးကို အသက်ဓာတ် နှုတ်ပစ်လိုက်ရင် ဘယ်လိုများ နေမလဲ မသိဘူး.. ငါပေးထားတဲ့ အသက်ဓာတ်နဲ့ ရှင်သန်ပြီး ငါ့ကို စော်ကားရဲတယ်.. အနည်းဆုံးတော့ စိမ့်စမ်းပြာမှာ နတ်အစွမ်း မသုံးပဲ နေကြည့်စမ်းပါ.. မင်း ငါ့ကို ဘယ်လို ရိုသေလာမလဲ သိချင်သေးတယ်.. ဟွန့်~~
@@@@@@@@@
ဟူအာ.. အစ်မဖြစ်သူကို ရေစည်အတွင်းသို့ ထည့် ပြီးတော့မှ ကန်အတွင်းမှ ရေကို တစ်ပုံးချင်း ခပ်ထည့်ပေးကာ.. ရေစိမ်ပေးရသည်။ ဟုန်ရွယ်က မျက်နှာငယ်လေးနှင့် ကြည့်နေသဖြင့်.. ဟူအာ မောပန်းဟန် မပြသော်လည်း ရူးလောက်အောင်ပင် ပင်ပန်းနေပြီ ဖြစ်၏။ ဒီနေ့တွင်တော့ ဟူအာ လူသားများ၏ ဘဝကို စာနာမိသလို ဖြစ်သွားသည်။ သူတို့တွေ နေ့တိုင်း ပင်ပန်းနေမှာပဲ..၊
စိမ့်စမ်းပြာမှ ထိုနတ်ဘုရားမကတော့ ရေကန်အတွင်းမှ ရေများကို လက်ချောင်းလေးများဖြင့် ပုံသဏ္ဍာန်မျိုးစုံ လုပ်လျက် လေပေါ်တွင် ပျံဝဲစေသည်။ သူမသည် တခြားနတ်များ၏ အစွမ်းကို ပိတ်ပင်ထားသော်လည်း သူမ၏ အစွမ်းကတော့ ဘာတစ်ခုမှ အထိအခိုက်ရှိဟန် မတူပေ။
ထို့ပြင် ဟူအာကို ရေသယ်ခိုင်းခြင်းက သူမအား လေသံမာမာနှင့် စကားပြောဆိုမိ၍ အပြစ်ပေးခြင်း ဆိုတာကို အထူးပင် ပြောပြရန် မလိုလောက်အောင် သူမ၏ မျက်နှာပေါ်တွင် ပေါ်လွင်နေ၏။ ထို့အတွက် ဟူအာ မကျေမနပ် ဖြစ်မိသော်လည်း.. သူ့အနေနှင့် ကောင်းကင်က မပြောနှင့် ဖခင် ကိုယ်တိုင်က အလေးထားရသော နတ်ဘုရားမမို့ ဘာတစ်ခုမှ လုပ်ခွင့်မရနိုင်ပေ။ ယခုတွင်တော့ မောပန်းသည့် ဒဏ်ကြောင့် အစားစားဖို့ကို ဟူအာ သတိတရ ဖြစ်လာသည်။ ထို့ကြောင့်..
“ကျိုးရင်း.. နတ်ဘုရားမ..”
အနားသို့ သွားပြီးခေါ်လိုက်သည်နှင့် သူမက သေရည်ကို ငုံ့နမ်းနေရင်းဖြင့်..
“ဒူးထောက်!!.. ငါက ကောင်းကင်က အိမ်ရှေ့စံရဲ့ တစ်ပါးတည်းသော မိဖုရား ဖြစ်တဲ့အပြင် နောက်ထက်လာမည့် ကောင်းကင်မင်းကြီးရဲ့ မိဖုရားကြီး ဖြစ်လာမယ့်သူ.. မင်း ငါ့ကို စကားပြောတာ ဘယ်လိုလုပ်ပြီး တောဆန်ဆန်.. အရိုသေတန်နေရတာလဲ..”
ထိုကလေးငယ်က သူမရှေ့တွင် ဒူးထောက်လိုက်တော့ ရင်းအာ စိတ်အတွင်းမှ ရယ်လိုက်မိသည်။ တကယ်တမ်းမှာ.. သူမအတွက် အိမ်ရှေ့စံမိဖုရား ဆိုတာတွေ ကောင်းကင်ရဲ့ မိဖုရားကြီး အလောင်းလျာ ဆိုတာတွေက ဘာမှ ထူးဆန်းပြီး ထုတ်ပြောရန် မလိုအပ်သော အရာများသာ ဖြစ်၏။ ဒီလုံးဝ မရိုသေတတ်သော ကလေးငယ်ကိုတော့ ထိုအရာတွေကို ဖွင့်ပြောပြီး ဖိနှိပ်ထားရန် ဘာလို့များ တွေးမိမှန်း ရင်းအာ နားမလည်သော်လည်း.. မျက်မှောင်ကုတ်ကာ အံကြိတ်သွားသော မျက်နှာကို ကြည့်ရင်း ကျေနပ်စွာ ပြုံးမိစေ၏။
“ကျိုးရင်း နတ်ဘုရားမကို ပိုင်ဒေသက ဟူအာ ဂါရဝပြုပါတယ်.. ကျွန်တော်က အစားစားတဲ့ နတ်မျိုး မို့လို့.. အစားသောက် တစ်ခုခု ရနိုင်မလားလို့.. မေးပါရစေ..”
“မရှိဘူး.. စိမ့်စမ်းပြာမှာ အစားစားဖို့ ဘာမှမရှိဘူး.. ငါးတွေတော့ ရှိတယ်.. ဒါပေမယ့် အဲဒါက ငါ့ဆရာစားဖို့ ငါက စီမံထားတာ.. မင်းတို့အတွက် မဟုတ်ဘူး.. ရေသောက်..”
ထိုစကားကို သူမက သေရည်အား တစ်ကျိုက်မျှ မော့သောက်လိုက်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။ ပြီးတော့ ဟူအာနှင့် စကားပြောနေခြင်းအား မေ့လျော့စွာ အရသာ ပြင်းထန်သော သေရည်ကို သေချာ ရှိုက်နမ်းလိုက်၏။
“သေရည်က တကယ်ကို အရသာ ပြင်းနေတာကိုး.. သူက နှစ်ဘယ်နှစ်သောင်းတောင် ရှိသွားတာလဲ အသစ်လုပ်ထားတာ မဟုတ်ပဲ အဟောင်းတွေ ချည်းပဲလား.. ဟုတ်မှာပေါ့.. အဲ့ဒီသေရည်တွေ ငါမှမသောက်ရင် သောက်မယ့်သူမှ မရှိတာ.. အစ်ကိုနှစ်က လျန်းလျန် ဆိုတဲ့ အသံကြားတာနဲ့ သေရည်အိုးကို ဖွက်ထားပြီးသား ဖြစ်မှာပဲ..”
သူမဖာသာ ရေရွတ်သော စကားများကြောင့် ဟူအာ မျက်မှောင်ကုတ်လိုက်မိ၏။ သူတို့လို မြေပြင်မှ နတ်တွေဟာ အစားမစားရလျှင် အင်အားလျော့နည်းသွားပြီး.. နတ်စွမ်းအားပါ ကွယ်သွားတတ်တာကို ထိုနတ်ဘုရားမက မသိကျိုးကျွံပြုလျက်.. သေရည်တစ်အိုးကို.. အရေးတယူ လုပ်နေသဖြင့် ဒေါသပါ ထွက်လာပြီး..
“ကျိုးရင်း နတ်ဘုရားမ.. ကျွန်တော်တို့က အစားမစားရပဲ သေသွားရတော့မှာလား.. အစားလည်း သွားရှာလို့ မရဘူး နတ်စွမ်းအားကိုလည်း ပိတ်ပင်ထားတယ်..”
ထိုအခါမှ သူမက မျက်လုံးလှန်ကြည့်လာပြီး.. နှုတ်ခမ်းတွေ စေ့ပိတ်သွားသေးလျက်..
“ရေသောက်လို့ ပြောတာ မကြားဘူးလား.. ဒီစိမ့်စမ်းပြာကရေ မင်းကို သောက်ခိုင်းတာ.. မင်းတို့ မောင်နှမ ကံအရမ်းကောင်းလို့ပါ.. စိမ့်စမ်းပြာက ရေကို သောက်ချင်တဲ့ နတ်တွေများ များလွန်းလို့.. ပါးစပ်ပိတ်ထား.. ငါလုပ်စရာ ရှိတယ်..”
သူမက သူ့ကို အရေးပင် မစိုက်တော့ပဲ.. ရေကန်အတွင်းမှ သေရည်အိုးတွေကို ထုတ်ယူနေသည်။ တစ်အိုးထုတ်လာတိုင်း.. သေချာလေး နေရာချထားကာ.. စီတန်းလျက် ထားနေ၏။ ထို့ပြင်..
“ငါ နှစ်တစ်ထောင်လောက် မသောက်ပဲ နေလိုက်တာ.. သေရည်ရဲ့ ပြင်းထန်တဲ့ အရသာကို မတွန်းလှန်နိုင်တော့ဘူး.. အသစ်ပြန်လုပ်မှ ဖြစ်မယ်.. ဒါပေမယ့် ဒီအိုးတွေကို ငါ ဘာလုပ်ရမလဲ.. အစ်ကိုနှစ်ရဲ့ ထိပ်တန်း လက်ရာတွေ လွှင့်ပစ်ဖို့ နှမြောစရာကောင်းလွန်းတယ်..”
သူမက သေရည်အိုးတွေကို.. သေချာ ကျနစွာ စီထားလိုက်ပြီးမှ.. ခါးထောက်လိုက်၏။ ထိုတစ်ခဏတွင်.. ဟူအာ အနီးဆုံးရှိ အောက်ဆုံးမှ သေရည်အိုးကို ကျောက်ခဲတစ်လုံးဖြင့် လှမ်းပေါက်လိုက်၏။ အောက်ခြေမှ အိုးက ကျကွဲသွားတော့ အပေါ်တွင် ဆင့်လျက် ထပ်ထားသော.. သေရည်အိုးများက အောက်သို့ လိမ့်ဆင်းလာကာ..
“ခွမ်း.. ချလွမ်း.. ဂွမ်း..”
မြည်သံ ပေါင်းစုံဖြင့် ကျကွဲကုန်တော့၏။ ဝင်းခနဲ မီးတောက်သလို မျက်ဝန်းများက ဟူအာအပေါ်သို့ ကျလာပြီး.. သူ့အား.. ဒေါသတကြီး လက်ဖြင့် ဝှေ့ယမ်းလိုက်သည်။ ဝုန်းခနဲ လွင့်ထွက်သွားမည်ဟု ဟူအာ ထင်လိုက်သော်လည်း ထိုသို့ မဟုတ်ပဲ သူမက.. သူ့အား ဒူးထောက်လျက် မျက်နှာမော့စေသော အနေအထားဖြင့် တန့်ရပ်ရန် စေခိုင်းလိုက်ခြင်းသာ ဖြစ်၏။
သူမ၏ ဒေါသပါသော မျက်ဝန်းတွေ နောက်တွင် စိမ့်စမ်းပြာအိုင် အတွင်းသို့ လက်အတွင်းမှ ဘယ်လို ရောက်လာမှန်း မသိသော ကြာပွတ်ဖြင့် ငါးတစ်ကောင်ကို ဖမ်းလိုက်ပြီး.. ဟူအာ အနားသို့ တိုးကပ်လာသည်။ သူမအနားသို့ တိုးလာလေ.. ဟူအာ.. မျက်လုံးကို တခြားသို့ လွဲမိလေ ဖြစ်သည်။ သို့သော်.. သူမက.. အနားသို့ တိုးလာပြီး ဟူအာ ရှေ့တည့်တည့်တွင် ရပ်လိုက်ပြီး.. ငါးအရှင် အစိမ်းလိုက်ကို ဟူအာ၏ နှုတ်ခမ်းများကို ပွင့်ဟစေလျက် စတင် ထိုးထည့်တော့သည်။
“အ.. ခင်ဗျား.. အ.. ဘာလုပ်.. အ..”
“မင်း ငါ့သေရည်အိုးတွေကို ကျကွဲအောင် လုပ်ရဲတယ်.. မင်းစားချင်တာ မဟုတ်လား.. အခုစားလေ.. ငါ ဒီငါးကို မင်းကို ကျွေးမယ်..”
“စား!!..”
သူမ၏ လုပ်ဆောင်ချက်များက နတ်ဘုရားမ တစ်ပါးနှင့် မတူညီပဲ ရူးနေသော နတ်နှင့်သာ တူညီသည်ဟု ဟူအာ ခံစားရသည်။ ပါးစပ်အတွင်းသို့ တိုးဝင်လာသော ငါး၏ ရုန်းကန်လှုပ်ရှားမှုက အော်ကလီဆန်စေလျက်.. လည်ချောင်းနားထိ ရောက်တော့.. အသက်ရှုပင် ကျပ်လာသလို ခံစားရသည်။
“ရင်းအာ.. မင်းဘာလုပ်နေတာလဲ..”
ဟူအာအနောက်မှ အသံအရ သူမ၏ ခင်ပွန်းရောက်လာပြီဟု သိလိုက်တော့.. ဟူအာ နည်းနည်းတော့ ပျော်သွားသည်။ သို့သော် သူ၏ ကံဆိုးခြင်းက ကျိုးရင်း နတ်ဘုရားမ၏ လက်အတွင်းဝယ် ဖြစ်နေလေသောအခါ..၊
သူမက တစ်ကောင်လုံး သူ့ပါးစပ်အတွင်းသို့.. ထိုးထည့်ရင်း ရောက်သွားတော့.. လက်ဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်ကာ အတွင်းထဲထိ ရောက်သွားစေသည်။ ငါးက သေလား ရှင်လား မသိခင်မှာပဲ ငါးက သူ့ဝမ်းအတွင်းသို့ ရောက်သွားပြီ ဖြစ်သည်။
“အဟွတ်.. အဟွတ်..”
သူ မသတီ ရွံရှာစွာ.. ငါးကို ပြန်ထုတ်ဖို့ ကြိုးစားသော်လည်း.. ချောင်းတွေဆိုးကာ.. မျက်လုံးတွေ ပြာလာသည်ပဲ အဖတ်တင်သည်။ သူ့ဝမ်းအတွင်းမှ ငါးကတော့ ပြန်မထွက်မသွားတော့ပေ။ ရူးနေသော ထိုနတ်ဘုရားမအနားသို့ သူမ၏ ခင်ပွန်းက တိုးကပ်သွားပြီး.. အနည်းငယ် နားမလည်သော လေသံဖြင့်..
“ရင်းအာ မင်းဘာလုပ်တာလဲ.. သူက နှစ်တစ်ထောင်ပဲ ရှိသေးတဲ့ မြေခွေးလေးပါ.. မင်း သူ့ကို ဒီလို လုပ်တာ..”
သူမက အနည်းငယ် မာဆတ်ဆတ်နိုင်သော လေသံဖြင့်..
“ဒါက သူနဲ့ငါ့ရဲ့ကြားက ကိစ္စပါ ယီမင်.. သူက ငါ့သေရည်အိုးတွေ ခွဲပစ်လိုက်လို့ ငါက သူ့ကို.. သူစားချင်တာ ကျွေးတာပဲလေ.. ဒါက အပြန်အလှန် သက်ရောက်ရုံလေးပါပဲ..”
“ဒါက မင်းသူ့ကို သိပ်ပြီး အနိုင်ကျင့်ရာ မကျဘူးလား.. သူက ဘာမှတောင် မသင်ယူရသေးတဲ့ နတ်ငယ်လေး တစ်ပါးပဲ မဟုတ်လား..”
ထိုသို့သော အပြစ်တင်သော စကားကို နူးညံ့ချိုသာစွာ ပြောဆိုနိုင်သော ကောင်းကင်နတ်တစ်ပါးကို ဟူအာ တအံ့တသြသာ ငေးကြည့်နေမိတော့၏။ ကျိုးရင်း နတ်ဘုရားမက သူ့ကို တစ်ချက်မျှသာ ကြည့်လာပြီးမှ..
“သူက ငါ့ကို ပြောတယ်.. သူ အစားစားဖို့ လိုတယ်တဲ့.. ဒါနဲ့ ငါပြောတာ ရှင်းရှင်းလေး.. ရေသောက်လို့..”
ယီမင် ရင်းအာနဲ့ ဒီမြေခွေးလေးကြားမှ ပြသနာကို နားလည်သလို ရှိသွားသည်။ ရင်းအာ ပြောသော.. ရေသောက် ဆိုတာက တခြားသော မြေပြင်နတ်တွေအတွက် ရေနှင့်အစာက မတူညီသော အာဟာရ ရှိသည် ဆိုတာကို ရင်းအာက နားမလည်ခြင်းသာ ဖြစ်၏။ ရင်းအာ၏ စိမ့်စမ်းပြာမှ ရေသည် တခြားသော နယ်ပယ် ဆယ့်ခြောက်ခုမှ ရေများထက် များစွာ အစွမ်းထက်သည်ဖြစ်ရာ.. ရေသာက်လိုက်ပါက ဆာလောင်ခြင်းပင် ပျောက်သွားပြီး နတ်စွမ်းအား တိုးလာမည် ကို ထို နှစ်တစ်ထောင်သာ ရှိသော.. နတ်ငယ်လေးက မသိခြင်းလည်း ပါဝင်မည်။
×××××××××
Paid Group တွင် ဖတ်ရှုနိုင်ပါသည်။
Book 3စနေပါပြီနော်

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now