Part 59

227 28 1
                                    

အခန်း (၅၉)

“မမှီတော့မှာပဲ စိုးရိမ်မိပါတယ်”

အေးစက်စက်နဲ့ အသံကြောင့် ရှောင်ချွီ့ ဆတ်ခနဲ တောင့်သွားလေသည်။ ထိုတွင် တွေ့လိုက်ရသူက အရှေ့ပိုင်းပင်လယ်၏ ဒုတိယမင်းသား ရန်လွေ့၊ သို့သော် သူ၏အနောက်ဝယ် ရေနေတပ်သားအနည်းငယ်နှင့် ခုနတုန်းက တွေ့ရှိခဲ့သော မျက်လုံးမပါသည့် အယောင်ပြအစေခံများ၊

ရှောင်ဇီအာက သူမခါးတွင် ချိတ်ထားသော ရေလွှာဓားကို ရေဘော့လုံးအသွင်မှ ဓားသဏ္ဍာန်သို့ ကူးပြောင်း လိုက်လေသည်။ ရှောင်ချွီ့ကလည်း သူ၏ခါးတွင် ချိတ်ထားသော ဓားကို ဆွဲထုတ်လိုက်ကာ အသင့်အနေထားသို့ ပြောင်းလိုက်သည်။

ကျိုးဟူ ယောင်အမ်းအမ်းဖြင့် ကိုယ်ပေါ်တွင် လက်နက်ကိရိယာများကို စတင်ရှာဖွေမိသည်။ ဒီပိုင်ဒေသနတ်တွေက ကပ်စီးနည်းလိုက်တာများ နတ်လက်နက်သေးသေးလေး တစ်ခုတောင်မှ ပိုင်ဟုန်ဟူရဲ့ကိုယ်ပေါ်မှာ မရှိပေ။ ဒါနဲ့ပဲ ကျိုးဟူက ဒီပုံစံအတိုင်း သေပေးလိုက်ရတော့မလား၊ မဟုတ်သေးပါဘူး၊

“ခဏ ခဏလေး၊ ငါတို့ နားလည်မှု နည်းနည်းလွဲသွားတယ် ထင်တယ်၊ တိုက်ခိုက်တာက ဖြေရှင်းဖို့ ကိစ္စကောင်း မဖြစ်နိုင်ဘူးနော်၊ ငါဆို လက်နက်တောင် ကိုယ်ပေါ်မှာ မဆောင်ထားဘူး”

ထိုအခါမှ ဇီအာက အနားသို့ တိုးလာလျက်ဖြင့်၊

“မင်းမှာ ဓားတစ်ချောင်းတောင်မှ မရှိဘူးလား”

“မရှိဘူး”

“မင်း..”

ရန်လွေ့က အနားသို့ တစ်လှမ်း တိုးလာပြီးနောက်၊

“အထင်လွဲတယ် ဆိုတာကို ငါတို့ ပြန်ပြီးတော့ ရှင်းလင်းကြမလား၊ မင်းတို့က စည်းထားထားတဲ့ နယ်မြေထဲကို ဝင်ရောက်ပြီးတော့ စည်းကိုလည်း ပျက်အောင်လုပ်ခဲ့တယ်”

“မင်းတို့ နှစ်ယောက် စည်းကို ဖျက်ခဲ့တာလား၊ ငါ မလုပ်ခဲ့ဘူး”

ကျိုးဟူကပင် ထပြီး ငြင်းဆန်ပြန်လေသည်။ ရှောင်ဇီအာနှင့် ရှောင်ချွီ့ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်မိပြီးမှ ခေါင်းယမ်းလေသည်။ ရန်လွေ့က ထိုသည်ကို ဂရုပြုဟန် မတူပါပဲနှင့်၊

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now