Part 48

233 34 0
                                    

အခန်း (၄၈)

မိန်းကလေး တော်တော်များများ ဆိုတာကို ဆစ်ကျီ သေချာ မဆုံဖူးဘူး ဆိုလျှင် ပိုမှန်မည်။ ရင်းအာကိုသာ နားလည်ခဲ့ဖူးသော ဆစ်ကျီ အတွက် ရှင်းရောင်း၏ အပြုအမူများက ထူးဆန်းနေသည်။ သို့သော် ဆစ်ကျီ နားမလည်လောက်တဲ့အထိ ထူးဆန်းနေတာ မဟုတ်ပဲနှင့်.. ခံစားရ မသက်မသာ ဖြစ်စေသော အရာများကို ဖြစ်ပေါ်စေခြင်း ဖြစ်လေသည်။

“တောင်းပန်ပါတယ်..”

ထိုစကားကို နှစ်ပေါင်း ဘယ်လောက် ကြာပြီးမှ နောက်ထပ် တစ်ကြိမ် ပြောတာလဲ ဆိုတာကို ဆစ်ကျီ မသိတော့ဘူးလို့တောင် ဆိုရမည်။ လွန်ခဲ့သော နှစ်လေးသန်းလောက်က သူ့ကို ရေခဲလွှာထဲက ထုတ်ပေးဖို့ နေ့စဉ် နေ့တိုင်း တောင်းပန်ခဲ့ဖူးသည်။ အဖေနှင့် ဆက်သွယ်နိုင်သော စွမ်းရည် ရှိသော်လည်း အမေကို မြင်ဖူးချင်သဖြင့် တောင်းပန်ဖူးသည်။ သူ ဆက်သွယ်သမျှကို မသိချင်ယောင် ပြုနေသော အဖေအား.. နေ့စဉ်နေ့တိုင်း သူ့ကို လာတွေ့ဖို့နှင့်.. အမေနှင့် နေခွင့်ပေးဖို့ကို ဆစ်ကျီ တောင်းပန်ဖူးသည်။

သို့သော် သူ၏ တောင်းပန်ချက် တို့အား အဖေမှ တစ်ချက်ကလေးမျှပင် လှည့်မကြည့်ခဲ့ပဲ အမေ ဆိုတာကိုလည်း ဆစ်ကျီ မမြင်ဖူးခဲ့ပေ။ ထို့နောက်တွင်တော့ အဖေ သေဆုံးပြီး.. ဆစ်ကျီအား ချီးရှီ နတ်မင်းမှ ရေခဲလွှာကို ထိုးခွဲလျက် ကောင်းကင်သို့ ခေါ်ဆောင်လာခဲ့သည်။ သို့သော် သူ့အား အသိအမှတ်ပြုသူ မည်သူမျှ မရှိပေ လိုလားသူ ဆိုလျှင် ပိုဝေးပြီ ဖြစ်၏။

ထို့အတွက်.. ဆစ်ကျီ တစ်ပါးသူတို့၏ စိတ်ခံစားချက်အား.. မလိုလားသူ ဖြစ်လိုသည်။ ထို့ကြောင့်.. ချီးရှီ နတ်မင်းထံတွင် ပညာသင်ယူ ခဲ့ပြီးနောက်.. ခံစားချက်မဲ့ ဂါထာကို တောင်းဆိုခဲ့သည်။ ခံစားချက်မဲ့ ဂါထာကို ရွတ်ဆိုပြီး နောက်ပိုင်းတွင်မှ.. ဆစ်ကျီ ကောင်းကင်တွင် နေရာတစ်ခု ရလာသည်ဟု ဆိုရမည်။

ယနေ့အထိ ရင်းအာမှလွဲ၍ ခံစားချက်မဲ့ ဂါထာအား.. ကျော်လွန်နိုင်သူ မရှိခဲ့ခြင်းမှာ ယနေ့တွင်တော့.. ရှင်းရောင်း၏ အပြုအမူတွင် ဆစ်ကျီ၏ ခံစားချက်မဲ့ ဂါထာကို ကျော်လွှားကာ.. တောင်းပန်စကား ဆိုမိခဲ့လေသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီKde žijí příběhy. Začni objevovat