part 130

183 15 0
                                    

unicode

အခန်း-၁၃၀

“ကျွန်တော် စိတ်အထင်တော့ ကျွန်တော်က အရွယ်ရောက် အစေခံ မလိုသေးပါဘူး။ ကျွန်တော် နန်းဆောင်ထိန်းသိမ်းတဲ့ အစေခံပဲ လိုပါတယ်”

“မင်း မင်းအဖေရဲ့ လမ်းစဉ် လိုက်တာ မကောင်းဘူးနော်။ နတ်သခင်မ တစ်ပါးတည်းကိုပဲ အသုံးတော်ခံတယ် ဆိုတာမျိုးကလေ.. လမ်းဟောင်းကြီးလမ်းစဉ်ပဲ။ ချစ်ခင်မြတ်နိုးတာကို ဒီလိုကိစ္စမျိုးကို မျိုသိပ်ထိန်းချုပ်ပြီးတော့ ပြဖို့ မလိုပါဘူး။ မင်းသိတဲ့အတိုင်း ကောင်းကင်နတ်မျိုးဆက်က တဖြည်းဖြည်းနဲ့ နိမ့်ပါးလာပြီလေ။ မသင့်တော်တဲ့ နတ်ခန္ဓာကိုယ်နှစ်ခုက ကောင်းကင်နတ်တစ်ပါးအတွက် မျိုးဆက်က တဖြည်းဖြည်းနဲ့ ခက်ခဲလာပြီ မဟုတ်လား။ မင်းနဲ့ သင့်တော်မဲ့ နတ်ခန္ဓာကိုယ်ကို စမ်းသပ်သင့်တယ်”

ထိုနတ်မင်းသားငါး၏ အတွေးအခေါ်များက ဆန်းကျယ်လွန်းသည်ဟုသာ ဟူအာ ခံစားလိုက်မိသည်။ ကောင်းကင်နန်းတော်မှ နတ်မျိုးဆက် နိမ့်ပါးလာခြင်းက ဟူအာနှင့် မသက်ဆိုင်ဟုလည်း ခံစားလိုက်မိသည်။

ကောင်းကင်နန်းတော်မှာ နတ်ငယ်လေးများ မမွေးဖွားလာခြင်းက ဟူအာနှင့် မည်သို့မည်ပုံ သက်ဆိုင်သွားမှန်းကိုလည်း ဟူအာ နားမလည်ပေ။ မည်သို့ပင် ဆိုစေကာမူ လက်ရှိတွင် အရွယ်ရောက်အစေခံကို ဟူအာ၏ နန်းဆောင်သို့ ဝင်လာခွင့် ပြုမည် မဟုတ်ပေ။

“မေ့ဟော်.. နတ်မင်းသားငါးကို ပြန်ပို့လိုက်ပါ”

“မင်း.. မင်း..”

နတ်မင်းသားငါးက သူ ကိုင်ထားသော ခေါင်းဖြီးဖြင့် ဟူအာကို ညွှန်ပြလာပြီးနောက် စတင်အော်ဟစ်တော့သည်။

“မင်း နောက်မှ ကလေးမရလို့ ဆိုပြီးတော့ ငါ့နန်းဆောင်မှာ အဆောင်လက်ဖွဲ့တွေ ရေမန်းနဲ့ ဆေးလုံးတွေ လာတောင်းဖို့ မစဉ်းစားနဲ့.. မင်းကို ငါက ဆေးလုံးတစ်လုံးတောင်မှ စွန့်ကျဲမှာ မဟုတ်ဘူး”

“ပေါက်ပန်းလေးဆယ်တွေ..”

ဟူအာ ထိုမျှသာ တီးတိုး ရေရွတ်လိုက်မိသည်။ မည်သို့ပင် ဆိုစေကာမူ နတ်မင်းသားငါးက သူ့ဖခင်နှင့် ဆက်စပ်၏ သူ၏ အကြီးနေရာတွင် ရှိသူ ဖြစ်သည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now