Part 164

67 9 0
                                    

အခန်း-၁၆၄

တကယ်လို့သာ ကျိုးဟူက ပိုင်ဒေသအတွင်း နတ်(၈၁)ပါး အကာအရံအစီအစဉ်အတွင်း ကျရောက်မနေပါက ထိုကျိုးလော့အော်ဟူသည့် စွန်ပစ်ခံသမီးကို အရူးမသဖွယ်ရိုက်ပစ်ကာ အဝေးသို့ လွှင့်ပစ်လိုက်မိမည် ဖြစ်သည်။ သို့သော် လက်ရှိတွင်မူ သူက ထိုသို့ လုပ်ချင်လျှင်တောင် မလုပ်နိုင်ပေ။

လက်ရှိတွင် ကျိုးဟူ လုပ်နိုင်သည်က သူမကို ပြောချင်သလို ပြောလိုက်နိုင်ခြင်းသာ ဖြစ်၏။

"ကောင်းပြီလေ အစ်မလော့အော်က မခံယူရဲဘူးဆိုမှတော့ ကျိုးဟူကလည်း အရိုအသေ မပေးတော့ဘူး။ ငါ့အမေက ပြောဖူးတယ်။ ရိုသေမခံထိုက်သူက သတ်သတ်ရှိပြီးသားတဲ့။ မင်း ရိုသေချင်တယ် ဆိုရင်တောင်မှ မရဘူးတဲ့"

သူ့အမေနှင့်သူက စကားကောင်းကောင်း ပြောခွင့် မရဖူးခဲ့ရင်တောင်မှ ကျိုးဟူကသာ အမေကပြောတယ် ဆိုသည့်စကားမျိုး ပြောလိုက်လျှင် မည်သူကမျှ မယုံနိုင်ဟု ဆိုကြမည် မဟုတ်ပေ။ ထို့ကြောင့် ကျိုးဟူက ထိုသို့သောစကား ပြောရဲပေ၏။

"ထားလိုက်တော့ ကျွန်တော် ဒီနေက ထွက်ဖို့နည်းလမ်း ရှာကြည့်အုံးမယ်"

ကျိုးဟူက ပြောပြီးနောက် အကာအရံ၏ နယ်နိမိတ်အစွန်သို့ တိုးသွားလိုက်သည်။ သို့သော် မည်သည့်ကောင်းကင်နတ်ကိုမှ သူမသိပေ။ ထို့အပြင် အပြင်သို့ ထွက်၍လည်း မရပေ။

ကျိုးဟူ နားလည်လိုက်ရသည်က နတ်(၈၁)ပါး အစီအရင်ကိုသာ ဖြစ်၏။ နတ်(၈၁)ပါး အစီအရင်က စက်ဝိုင်းသဏ္ဌာန်အကာအရံတစ်ခုကို မည်သည့်နေရာတွင်မှန်း မသိနိုင်သည့် နတ်(၈၁)ပါးက ထောင့်ပေါင်းစုံမှ အသက်သွင်းထားခြင်း ဖြစ်သည်။

နတ်(၈၁)ပါး အစီအရင်အောက်တွင် နတ်များက ခုန်လွှားနိုင်သော စွမ်းရည်များ ကန့်သတ်ခံလိုက်ရပြီး ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။

အကယ်၍ ပိုင်ဟုန်ဟူသာ ဆိုလျှင် သဘာဝလွန်နတ်စွမ်းအားကို ထုတ်ဖော်လိုက်ပြီး အသာအယာ ထွက်ခွာသွားနိုင်သော်လည်း ကျိုးဟူကတော့ မတူညီပေ။ ကျိုးဟူက မူလသဏ္ဌာန်ကို နဂါးအသွင်ပြောင်းလိုက်ပြီးနောက် ထိုအစီအရင်က အကာအရံကို တိုက်ချိုးပစ်လိုက်လျှင် ရနိုင်သော်လည်း ရလဒ်က နှစ်ဖက်အကြီးအကျယ် ထိခိုက်မိစေနိုင်သည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီजहाँ कहानियाँ रहती हैं। अभी खोजें