Part 41

287 45 1
                                    

အခန်း (၄၁)

“နောက်ဆုံးတော့ အစ်ကိုကြီးမှ သားတစ်ယောက် ရှိသွားပြီလေ.. ငါ မပျော်ဘူး ဆိုတာ မဟုတ်ပါဘူး..”

တကယ်ဆို ရင်းအာ မပျော်ဘူး ဆိုတာ အသိသာဆုံးက သူမ၏ မျက်နှာလေးပင် ဖြစ်၏။ ထို သူမ၏ မပျော်ဆုံး ဆိုသော အရာကို တွေးမိတော့.. ယီမင် စိတ်အနည်းငယ် ကွက်မိသလားဟု ခံစားမိလိုက်သည်။

“ရင်းအာ.. မင်း ပင်းပင်းကို အခုထိ စိတ်မကျေလည်သေးတာ.. တခြားတစ်ယောက်ကြောင့်လို့ ငါ ယူဆလို့ ရမလား..”

ယီမင်က ဘယ်လိုနေရာမှာ ဘယ်လိုပဲ ပြတ်သားသူ ဖြစ်ပါစေ..၊ နယ်ပယ်ဒေသတွေ အုပ်ချုပ်မှု ဆိုင်ရာတွေမှာ.. မဆိုင်းမတွ ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်သူ ဖြစ်သော်လည်း.. ယီမင် ဘယ်တုန်းကမှ ဘယ်တော့မှ မညင်သာပဲ မနေနိုင်တာ ဆိုလို့ ရင်းအာ တစ်ဦးတည်းသာ ဖြစ်လေသည်။

ယီမင်၏ ကြမ်းတမ်းလိုသော အပြုအမူ တစ်ခုကို ရင်းအာ တစ်ကြိမ်သာ တွေ့ဖူးသည်။ ဒါကလည်း လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းခန့်က မြေပြင်ဒေသ မီးမျှောပွဲတွင် ဖြစ်၏။ ထိုစဉ်တုန်းက မှတ်မှတ်ရရ တွေးကြည့်မယ်ဆို.. အဲ့တုန်းက ထျန်းရန်နဲ့ ပြန်တွေ့ခဲ့တာ ဆိုတော့..၊

ရင်းအာ ဆတ်ခနဲ ယီမင်၏ မျက်နှာအား လှမ်းကြည့်လိုက်မိသည်။ သူမရှေ့ဆို အစဉ်မြဲ ပြုံးနေလေ့ ရှိသော ယီမင်၏ မျက်နှာကား.. တည်ငြိမ်စွာ အပြုံးတို့ ကင်းမဲ့နေပြီး ရင်းအာအား သေချာ ကြည့်နေသည်။

“ယီမင်.. မင်း ငါ့ဆီကို လွန်ခဲ့တဲ့ နှစ်နှစ်သိန်းတုန်းက ကိစ္စတွေ ပြန်ခေါ်လာဖို့ တွေးနေတာလား..”

ယီမင် ရင်းအာ၏ လက်မောင်းလေးကို လှည့်လိုက်ပြီးမှ..

“ရင်းအာ.. မင်း အခုလေးတင် ပင်းပင်းကို မကျေမနပ် ဖြစ်နေတာလေ.. ဘယ်လို ဖြစ်ပြီး အဲဒါက လွန်ခဲ့တဲ့ နှစ်နှစ်သိန်းက ကိစ္စ ဖြစ်မှာလဲ.. ပင်းပင်းက ပြောရရင် မြေနတ်သား ထျန်းရန်နဲ့ ဖြစ်တဲ့ ပြသနာမှာ.. ပါဝင်ခဲ့တဲ့ သူ မဟုတ်လား.. ငါ့အထင် မင်းက ပင်းပင်းကို မကျေနပ်တာ မင်း စိတ်ထဲမှာ ထျန်းရန် နတ်သားအတွက် တစ်ခုခု ကျန်နေသေးလို့လား..”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now