part 129

203 19 0
                                    

unicode
အခန်း-၁၂၉

“အဲဒါ မင်းငါ့ကို အကျပ်ကိုင်တာပဲ”

“လာခေါ်ရမလား လာမခေါ်ရဘူးလား ဆိုတာကို မင်း ဆုံးဖြတ်ရမှာ၊ ငါ လုပ်နေတဲ့ ကိစ္စတွေကို မင်းလည်း တွေ့ဖူးသွားပြီ မဟုတ်လား။ မင်းကို အချိန်တိုင်း အသက်ဓာတ်သွင်းထားပေးနိုင်ဖို့က ဘာအန္တရာယ်မှ မရှိတဲ့ အခြေအနေမှာပဲ ဖြစ်နိုင်မှာလေ။  ဒါပေမဲ့ အကြိမ်တိုင်း အခုလို သက်တောင့်သက်သာ ရှိချင်မှ ရှိမှာလေ။ မင်းလည်း တွေးမိသင့်တယ်”

ဟူအာ ပြောလိုက်သော စကားကို သူမက လက်မခံလိုသော်လည်း ငြင်းဆိုရန် အတွေးမပေါက်ရှာပေ။ ထို့ကြောင့် ထိုအကြောင်းအရာက အတည်ဖြစ်သွားတော့သည်။

မကြာမီတွင် ဟူအာနှင့် ရှောင်ဇီအာက တောင်ပင်လယ်၏ ရေနန်းတော်သို့ ရောက်သွားခဲ့သည်။ တောင်ပိုင်းရေဘုရင်က ရှောင်ဇီအာ ပြန်လာသည့်အတွက် ဝမ်းသာနေမှန်း သိသာလှသည်။ သည်အဖေက တစ်ဦးတည်းသာ ရှိသေးသော သမီးကို အလွန်အမင်း ချစ်ခင်မြတ်နိုးဟန် ရသည်မှာ ရှင်းလင်းပေသည်။

နတ်များတွင် နတ်ခန္ဓာကိုယ်အဆင့်အလိုက် သန္ဓေသား ရယူနိုင်ခြင်းက ကွာခြားချက် ရှိသည်။ ဆိုရလျှင် မျိုးနွယ်မြင့်သော နတ်ခန္ဓာကိုယ်ပိုင်ရှင်၏ ကလေးငယ်ကို မျိုးနွယ်နိမ့်သော နတ်ခန္ဓာကိုယ်ပိုင်ရှင်မှ မွေးဖွားရန်မှာ ခက်ခဲသည်။

ထိုအချက်ကြောင့်ပင် ကောင်းကင်နတ်များက ကောင်းကင်နတ်များကိုသာ ယူလေ့ ရှိသည်ဟု ဆိုနိုင်သည်။ အကယ်၍ ကောင်းကင်နတ်တစ်ပါးက မြေပြင်နတ်တစ်ပါးကို ယူလိုက်ပါက ကွာခြားနေသော နတ်ခန္ဓာကိုယ်ကြောင့် သန္ဓေသားကို ကိုယ်ဝန်ဆောင်စဉ်တွင် ကိုယ်ဝန်ဆောင်သော နတ်သခင်မကိုပါ ထိခိုက်နိုင်သည်။ ထို့အပြင် သန္ဓေတည်နိုင်စွမ်းလည်း အားနည်းသည်။

ထို့ကြောင့် ကျိုးဖန့်သုန်နတ်မင်းက မြေနတ်၏ နတ်ခန္ဓာကိုယ်အားနည်းမှုကြောင့် နှစ်တစ်သိန်းကြာပြီးမှ နောက်ထပ် ကလေးငယ်တစ်ဦးကို မွေးဖွားခြင်း ဖြစ်သည်။ သို့သော် ကောင်းကင်အရှိန်အဝါ ရှိသော ကျိုးလျန်နတ်မင်းနှင့် မင်းသမီးဖုန်းယွဲ့ကတော့ မတူပေ။ ကျိုးမျိုးနွယ် နတ်ငယ်လေးပါးပင် မွေးထားပြီး ဖြစ်လေသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now