အခန်း ၁၄

310 44 0
                                    

Zawgyi
အခန္း-၁၄
“မင္းက..”
ထိုအ႐ွိန္အဝါႀကီးမားေသာ နတ္မင္းသား တလီယီမင္က သူ႕ကို စကားေျပာလိုေသာ္လည္း နာမည္ မသိေသာ ဟန္ပန္မို႔.. သူ စကားကို လွမ္းေထာက္လိုက္ရ၏။
“ပိုင္ဟုန္ဟူ..”
“ေကာင္းၿပီ.. ပိုင္ဟုန္ဟူ.. မင္း ငါ့ဇနီးကို အထင္လြဲေနၿပီ..”
ငါး တစ္ေကာင္လုံး အ႐ွင္လတ္လတ္ ဗိုက္ထဲေရာက္သြားျခင္းမွာ.. သူဘက္က အထင္လြဲတာပါ ဆိုေတာ့ ဟူအာ.. စကားတစ္ခြန္းမွပင္ ေျပာလိုစိတ္ မ႐ွိသလို ျဖစ္သြား၏။
“သူ ေျပာတာက သူ႕ေရကန္ထဲက ေရက အာဟာရ ျပည့္ဝတယ္လို႔ ဆိုလိုခ်င္တာပါ.. မင္းရဲ႕ ဆာေလာင္မႈကိုေရာ.. ၿပီးေတာ့ ေလ်ာ့က်သြားတဲ့ နတ္စြမ္းအားကိုပါ ျပန္ၿပီး ျဖည့္တင္းေပးႏိုင္တယ္..”
“ဒါေပမယ့္ အစားစားလိုက္တာနဲ႔ေတာ့ မတူဘူး မဟုတ္လား..”
သူ အတြန္႔တက္လိုက္ေတာ့.. သူမက ေနာက္ထပ္ တစ္ခါ ကန္အတြင္းမွ ငါးတစ္ေကာင္ကို ဖမ္းယူလိုက္ၿပီ ျဖစ္၏။ ဟူအာ အေနာက္သို႔ပင္ ေျခေထာက္ေတြကို ေ႐ြ႕လ်ားလိုက္မိသည္။ ေနာက္ထပ္ ငါးတစ္ေကာင္ကို သူ႕ပါးစပ္ထဲ ထပ္ထည့္ဖို႔ သူမက ႀကိဳးစားလိုက္ေနတာလား ဆိုေသာ ေျခာက္ျခားဖြယ္ အေတြးက ရင္ထဲသို႔ တိုးေဝွ႔လာ၏။ သို႔ေသာ္ အိမ္ေ႐ွ႕မင္းသားက သူမလက္အတြင္းမွ ငါးကို လွမ္းယူလိုက္ၿပီး.. ခပ္တိုးတိုး ေလသံျဖင့္..
“မင္း အသက္ ႏွစ္သိန္း႐ွိၿပီေလ ရင္းအာ.. အသက္ တစ္ေထာင္တည္း ႐ွိတဲ့သူနဲ႔ ဘယ္လိုလုပ္ၿပီး ယွဥ္ၿပိဳင္လို႔ ျဖစ္မွာလဲ..”
“ငါ သူ႕ကို မေက်နပ္ဘူး.. ငါ့ေသရည္အိုးေတြ..”
“ေကာင္းၿပီ ငါတို႔ အေလွ်ာ္သြားေတာင္းၾကတာေပါ့.. ဒီကေလးကိုေတာ့ ထားလိုက္ပါ.. ဟုတ္ၿပီလား..”
“ေဟ့.. မင္း.. အစ္မကို ေခၚသြားလို႔ ရၿပီ.. ပိုင္ေဒသကို သြားမယ္..”
သူမက လက္ေခ်ာင္းေလးမ်ားကို လႈပ္ခတ္လိုက္သည္ႏွင့္ သူ႕ထံမွ နတ္စြမ္းအားမ်ား ျပန္သုံး၍ ရသြားသည္။ ထို႔အတြက္ ဟုန္႐ြယ္အား ေပြ႕ယူလိုက္ၿပီးမွ.. ဟူအာ ပိုင္ေဒသသို႔ ဦးစြာ ျပန္ရန္ ျပင္လိုက္သည္။ သို႔ေသာ္ သူမက သူတို႔ ေမာင္ႏွမအား ၾကည့္လိုက္ၿပီးမွ..
“မင္းက ႐ူးေနတဲ့ ေျမေခြးပဲ သူမက လမ္းေလွ်ာက္ဖို႔ အင္အား အလုံအေလာက္ ႐ွိသြားၿပီ.. မင္း မေပြ႕ထားလည္း ရတယ္..”
ဟူအာ ဟုန္႐ြယ္ကို ငုံ႔ၾကည့္ေတာ့.. သူမေျပာေသာ အတိုင္း သာမာန္ ဒဏ္ရာမရေတာ့သည့္ ပုံစံအတိုင္းမို႔.. သူမအား ျပန္ၾကည့္လိုက္ေတာ့.. သူမကို ျပဳံးလ်က္ ၾကည့္ေနေသာ အိမ္ေ႐ွ႕စံနတ္မင္းသား ယီမင္က.. သူမ၏ နဖူးမွ က်ဆင္းေနေသာ ဆံပင္ေတြကို သိမ္းတင္ေပးေနေသး၏။
ဟူအာ ဟုန္႐ြယ္အား လက္ဆြဲ၍သာ ျပန္ရန္ ျပင္လိုက္၏။ သို႔ေသာ္.. သူ အိမ္သို႔ ေရာက္သည္ႏွင့္ ထိုနတ္ဘုရားမက သူ႕အိမ္ေ႐ွ႕႐ွိ ေက်ာက္ခုံတြင္ ထိုင္ေနၿပီး သူ႕ေဘးတြင္ သူ႕ခင္ပြန္းက လိုက္ထိုင္ေနသည္။ တိမ္ေတြကို ေက်ာ္လႊားသည့္ အတတ္ပညာတြင္ သူမတို႔က ပိုၿပီး သာလြန္ေနမွန္းသိလိုက္ေတာ့ ဟူအာ.. မ်က္ေမွာင္ကုတ္ သြားမိေသး၏။ အေဖႏွင့္အေမက ဂူအတြင္းမွ ထြက္လာၿပီး သူမတို႔အား အ႐ိုအေသေပးရင္း..
“သမီးကို အသက္ကယ္ေပးတာ ေက်းဇူးတင္ပါတယ္..”
အေဖ ေျပာလိုက္ေသာ စကားကို ဟူအာ ၾကားမိေတာ့ စိတ္အတြင္းမွ.. မေက်မနပ္ ျဖစ္မိရင္း.. တိုးတိုးေလး ေရ႐ြတ္မိသည္။
“သူ႕ေၾကာင့္ ဒဏ္ရာရတာ ကယ္ေပးရမွာပဲ အေသးစားစည္းမ်ဥ္းေလးေတာင္ မသိဘူးလား..”
သူ ေျပာလိုက္တာကို ထို နတ္ဘုရားမ၏ ခင္ပြန္းက ၾကားသြားၿပီး ျပဳံး၏။ ထိုအျပဳံးက မႏွစ္လိုဖြယ္ႀကီး ျဖစ္ေနသည္ဟု ထင္မိသည္။ ၿပီးမွ ထိုယီမင္ ဆိုေသာ နတ္မင္းက ထိုင္ေနရာမွ ထလာၿပီး..
“ေျမေခြးေလး.. မင္း ေျပာဆိုေနတဲ့ ငါ့ရဲ႕ ဇနီးက ေလာကမွာ ႐ွိတဲ့ နတ္စည္းမ်ဥ္းေတြကို လိုက္နာဖို႔ မလိုတဲ့ တစ္ပါးတည္းေသာ နတ္ဆိုတာ မင္း မသိဘူးထင္တယ္.. တကယ္လို႔သာ သူက တစ္ျခားနတ္တစ္ပါးပါးကို သတ္လိုက္ၿပီး သူမဘက္က အေၾကာင္းရင္း ခိုင္လုံတယ္ ဆိုရင္.. သူမကို စြပ္စြဲလို႔ ရတဲ့ အေျခအေနမ်ိဳး ဘယ္နတ္မွာမွ မ႐ွိဘူး.. မင္း သေဘာေပါက္သင့္တယ္..”
သူ႕အနားထိ တိုးလာၿပီး ေျပာေတာ့ ဟူအာ.. ဂူအတြင္းသို႔သာ ေျပးဝင္လာခဲ့ေတာ့၏။ ဒီအႏိုင္က်င့္ခံရတာကို ဒီတစ္သက္ လုံးဝ ေမ့မည္မဟုတ္တာလည္း ေသခ်ာေနၿပီ ျဖစ္၏။ သို႔ေသာ္ မိဘေတြကို ေျပာျပၿပီး ငိုေႂကြးေနရေအာင္ကလည္း သူသည္ မိန္းမငယ္ေလး မဟုတ္ေတာ့ ဘာစကားမွ မဆိုေတာ့ပဲ ေနလိုက္မိေတာ့၏။ သို႔ေသာ္ ဂူအတြင္းသို႔ မဝင္မိပဲ အဝနားတြင္ ရပ္ေနမိေတာ့ အျပင္မွ စကားေတြကို အတိုင္းသား ၾကားေနရသည္။
“မင္းတို႔ရဲ႕ ကေလး ဟူအာက ငါ့ရဲ႕ေသရည္အိုးေတြကို ခြဲပစ္မယ္.. အဲဒါ ငါ အေလွ်ာ္လာေတာင္းတာ..”
အေဖမ်က္ႏွာက ဒီအခ်ိန္မွာ မဲေမွာင္ေနမွာကို မေတြ႕ရလည္း ဟူအာ နားလည္သည္။ သို႔ေသာ္.. သူမက ဆက္ၿပီး ေျပာေနသည္။
“ေသရည္အိုးက.. စုစုေပါင္း..”
“တစ္ေထာင္သုံးရာ ႏွစ္ဆယ့္ေျခာက္အိုး..”
သူမ ေမ့သြားဟန္တူေသာ အေရအတြက္ကို ယီမင္ နတ္ဘုရားက လိုက္ၿပီး ေထာက္ခံေပးသည္။
“ဟုတ္တယ္.. တစ္ေထာင့္သုံးရာ ႏွစ္ဆယ့္ေျခာက္အိုး ငါကို ျပန္ေလွ်ာ္ေပးပါ..”
“ရင္းအာ.. မင္းအတြက္ ငါ ျပန္ေတာင္းေပးမယ္.. မင္း ေကာင္းကင္နန္းေတာ္ကို အရင္ျပန္ႏွင့္ပါလား..”
ယီမင္ နတ္မင္းက သူမအား ေျပာလိုက္ေတာ့ သူမအသံေတြ တိတ္ဆိတ္သြား၏။ ေနာက္ေတာ့ ယီမင္နတ္မင္း၏ အသံတစ္ခုသာ က်န္ေနခဲ့သည္။ ထိုနတ္မင္းက ယခုက်ေတာ့ ေဖာ္ေ႐ြေသာ ေလသံျဖင့္..
“ရင္းအာက လြန္ခဲ့တဲ့ ႏွစ္တစ္ေထာင္တုန္းက ကေလးကို ဆုံး႐ႈံးခဲ့ရတယ္.. သူမ အရမ္းကို တိတ္ဆိတ္သြားခဲ့တာ.. ေကာင္းကင္နန္းေတာ္ တစ္ခုလုံးေတာင္ ေျခာက္ကပ္သြားတယ္.. ဒီႏွစ္မွာမွ သူမက အခုလို နည္းနည္းပါးပါး ေဒါသထြက္လာတာ.. ပိုင္မင္းႀကီးတို႔ကို အေႏွာင့္အယွက္ ျဖစ္ေစခဲ့မယ္ ဆိုရင္ ယီမင္ ေတာင္းပန္ပါတယ္..”
သေဘာထားႀကီးလြန္းေသာ ခင္ပြန္းသည္ အျဖစ္သာ ဟူအာ ေတြးလိုက္မိ၏။ သို႔ေသာ္ ယီမင္ နတ္မင္းက ဆက္ၿပီး ေျပာသည္။
“သူမရဲ႕ ေသရည္ေတြက သိပ္ၿပီး ျပင္းေနတာ.. အဲဒါကို ျပဳျပင္ဖို႔ သူမက ႀကိဳးစားတယ္ ထင္တယ္.. ဟူအာက ငယ္ေသးေတာ့ အဲ့ဒီေသရည္ေတြရဲ႕ တန္ဖိုးကို မသိတတ္ပဲ လုပ္ခြဲမိတယ္.. က်န္တဲ့အိုးေတြကို ယီမင္ ယူလာတယ္.. ပိုင္မင္းႀကီးကို လက္ေဆာင္ေပးဖို႔ပါ.. ေနာက္ၿပီး.. သူမအတြက္ ေသရည္အိုး အနည္းငယ္ကို ေပးပါလို႔ ေတာင္းခ်င္ပါတယ္..”
စိမ့္စမ္းျပာမွ ထြက္ေသာ ေသရည္သည္ က်ိဳးလ်န္ နတ္မင္း၏ လက္ရာ ျဖစ္ေသာ္လည္း စိမ့္စမ္းျပာ၏ေရျဖင့္ ျပဳလုပ္ထားသျဖင့္ တျခားေသာ နယ္ပယ္ေဒသမွ နတ္မ်ားက တန္ဖိုးထားၾကသည္။ အခါတိုင္းလည္း မရႏိုင္ေသာ အရာမို႔ ပိုၿပီး တန္ဖိုးထားၾကသည္ ျဖစ္ရာ.. ဟူအာက မသိေသးေသာ ကေလးဟုသာ ယီမင္ ထင္ျမင္မိျခင္း ျဖစ္၏။
ယီမင္ လက္ကို ေဝွ႔ယမ္းလိုက္ေတာ့ မကြဲေသးေသာ ေသရည္ေတြ ထိုေနရာတြင္ တန္းစီလ်က္ ေပၚလာသည္။ က်န္ေနေသးေသာ စကားကို ဆက္ေျပာဖို႔ ယီမင္ ပိုင္မင္းႀကီးအား ေသခ်ာ ၾကည့္လိုက္ၿပီးမွ..
“ၿပီးေတာ့ ဟူအာကို ယီမင္က အႏူးၫႊတ္ ေတာင္းပန္တယ္လို႔ ေျပာေပးပါ.. ရင္းအာက မလုပ္သင့္တာကို သူ႕အေပၚမွာ အျပစ္ေပးမိထားတယ္..”
ထိုစကားတြင္ေတာ့.. ဟူအာ ဂူအတြင္းမွ ေျပးထြက္လာၿပီး.. ဘယ္လက္ျဖင့္ လက္ညိဳးထိုးလိုက္ၿပီး..
“ခင္ဗ်ားတို႔က လုပ္ခ်င္တိုင္း လုပ္ၿပီး ေတာင္းပန္ပါတယ္ ဟုတ္လား.. ခင္ဗ်ားတို႔ နတ္မင္းႀကီးေတြက အစြမ္းတန္ခိုးနဲ႔ ျပည့္စုံတယ္ ဆိုၿပီးေတာ့.. လုပ္ခ်င္တိုင္း လုပ္လို႔ ရမယ္ ထင္ေနလား..”
ယီမင္၏ မ်က္ဝန္းတစ္စုံက ေဒါသတႀကီး လက္ညိဳးထိုးေနေသာ ဟူအာ၏ မ်က္ႏွာကို မၾကည့္မိပဲ လက္ညိဳးထားထားေသာ လက္၏ လက္ေကာက္ဝတ္ေလးတြင္ အၾကည့္ေတြ တန္႔ရပ္ေနသည္။
ခရမ္းေရာင္ႏွင့္ အျပာေရာင္ ေရာေနေသာ.. ေသးေသးမွ်င္မွ်င္ အပတ္ကေလးလို ျဖစ္ေနေသာ အမွတ္ေလးအား.. ေသခ်ာစြာ စူးစိုက္ၾကည့္လိုက္မိသည္။ ၿပီးမွ..
“မင္းကို ဒီအမွတ္ ရင္းအာ လုပ္ထားေပးတာလား..”
ယီမင္ ေ႐ွ႕သို႔ပင္ တစ္လွမ္းတိုးလိုက္မိၿပီး.. ေမးလိုက္မိသည္။ ပိုင္မင္းႀကီးက ေ႐ွ႕သို႔ တိုးလာၿပီး..
“ဒီအမွတ္သားက သားေလး ေမြးလာကတည္းက ပါလာတဲ့ အမွတ္အသားပါ..”
“ေမြးကတည္းက ဟုတ္လား.. ဒီစြမ္းအားက ရင္းအာ တစ္ဦးတည္း ပိုင္ဆိုင္တဲ့ စြမ္းအားနဲ႔ တစ္ထပ္တည္း တူညီတယ္.. သူက ႀကီးလာရင္ စြမ္းအားႀကီးမားတဲ့ နတ္တစ္ပါး ျဖစ္လာႏိုင္တယ္..”
ယီမင္ ထိုသို႔ မွတ္ခ်က္ ေပးခဲ့ၿပီးမွ.. ထိုေနရာမွ ထြက္လာခဲ့ေတာ့သည္။ သို႔ေသာ္ စိတ္အတြင္းမွ မတင္မက်မႈေတြ က်န္႐ွိသြားၿပီ ျဖစ္၏။
@@@@@@@@@
အေဖက ယီမင္ နတ္မင္းတို႔ ဆႏၵအတိုင္း ေသရည္အိုးေတြ ျပင္ေပးသည္။ သို႔ေသာ္ အေမက သူတို႔ ေမာင္ႏွမ ႏွစ္ဦးအား.. ႐ွင္သန္ျခင္း ေက်ာင္းသို႔ ပို႔ရန္ ျပင္ဆင္ေနသည္။ အေမက ခြဲရမည္ ဆိုေတာ့ ဝမ္းနည္းေနေသာ မ်က္ႏွာေလးႏွင့္ ျဖစ္သည္။
“ေက်ာင္းကို ေရာက္သြားရင္ မင္းတို႔ သိပ္ၿပီး မဆိုးနဲ႔.. အဲ့ဒီအခ်ိန္ မင္းတို႔ အေဖက လိုက္ၿပီး ေတာင္းပန္ေပးႏိုင္ေတာ့မွာ မဟုတ္ဘူး..”
ဟုန္႐ြယ္က ေျခေတြ ေလးကန္ ေနေသာ္လည္း.. ဟူအာက သင္ယူဖို႔အတြက္ စိတ္ထက္သန္ေနသည္။ အေမက သူ႕အား က်ိဳးရင္း နတ္ဘုရားမက သူ႕ကို က်ဴးလြန္မိသည္ ဆိုေသာ ကိစၥကို ေမးေနေသးသည္။ သူ မေျပာျပေတာ့လည္း အေမက နားလည္စြာျဖင့္သာ..
“သားေလး.. မင္း နည္းနည္းေလာက္ပဲ သည္းခံလိုက္ပါ.. သူမက သနားစရာေကာင္းတယ္ မဟုတ္လား..”
အေမက နဂိုရ္ကတည္းက ႏူးညံ့သူမို႔ တစ္ပါးသူအေပၚ အျပစ္မျမင္တတ္ျခင္းေၾကာင့္ အေမ့ကို ဟူအာ ဘာမွမေျပာေတာ့ပဲ.. ေခါင္းသာ ညိတ္လိုက္ရသည္။ ဟူအာ စိတ္အတြင္းဝယ္ က်ိဳးရင္း နတ္ဘုရားမ၏ သနားစဖြယ္ ဆိုတာကို ဘယ္နည္းနဲ႔မွ မခံစားရပဲ.. ျဖစ္ေနသည္။
သြားေတာ့မည္ ဆိုေတာ့.. ဦးေလး ပိုင္လင္က ေက်ာင္းသို႔ ပို႔ေပးမည္ ျဖစ္သျဖင့္ အေဖႏွင့္ အေမက ဂူတြင္သာ က်န္ခဲ့မည္ ျဖစ္သည္။ ပညာသင္ၾကားျခင္းက ႏွစ္အကန္႔အသတ္ မ႐ွိတာေၾကာင့္.. အေမတို႔ႏွင့္ ဘယ္ေလာက္ၾကာၾကာ ခြဲရမည္ ဆိုတာကို မသိပဲ ျဖစ္၏။ ထို႔ေၾကာင့္..
“တကယ္လို႔.. အေမတို႔နဲ႔ ေတြ႕ခ်င္ရင္.. ဘယ္လိုလုပ္ရမလဲ..”
“ငါ့တုန္းကဆို ခိုးထြက္လာတာ..”
ဦးေလး ပိုင္လင္က အေဖထက္ စာလွ်င္ ပိုၿပီး လူငယ္ဆန္သည္ဟု ဟူအာ ထင္သည္။ လမ္းတစ္ဝက္တြင္ ခဏနားေတာ့.. အိမ္က ထည့္ေပးလိုက္ေသာ စားစရာ အကုန္လုံးကို စားလိုက္ဖို႔ ဟုန္႐ြယ္က အၾကံျပဳသည္။ ဦးေလးကလည္း ေထာက္ခံသျဖင့္ သူတို႔ ပါလာသမွ်ကို စားေသာက္ေနၾကစဥ္..
“ဘုတ္.. အ..”
ဟူအာ လန္႔ျဖန္႔ကာ အေနာက္သို႔ ဆုတ္လိုက္မိသည္။ အက်ႌအနီေရာင္ဝတ္ထားေသာ မိန္းကေလး တစ္ဦးက သူကိုင္ထားေသာ စားစရာကို လာၿပီး အနံ႔ခံေနသျဖင့္ ထိုအသားကင္အား.. ေအာက္သို႔ ပစ္ခ်လိုက္သည္။ ထိုအက်ႌအနီဝတ္ မိန္းကေလးက အားရဝမ္းသာျဖင့္.. ထိုအသားကင္အား အ႐ိုးပင္ မက်န္ေအာင္ စားပစ္လိုက္၏။ ၿပီးမွ.. ဟူအာအနားသို႔ တိုးလာၿပီး လက္မွ ေမြးရာပါ အမွတ္အသားအား အနံ႔ခံလိုက္ၿပီးေနာက္..
“ငါ မင္းကို ႐ွာေတြ႕ၿပီ..”
ထိုစကားကို သူမက အ႐ူးကဲ့သို႔ ရယ္ျပရင္း ေျပာသည္။ ဟူအာ သူမအား စိတ္မႏွံ႔သူအျဖစ္ သတ္မွတ္လိုက္မိ၏။ သို႔ေသာ္ သူမ၏ အ႐ွိန္အဝါအရ သူမကလည္း နတ္တစ္မ်ိဳးပင္ ျဖစ္မည္ ျဖစ္ေသာေၾကာင့္..
“မင္းက ဘယ္မ်ိဳးႏြယ္ကလဲ..”
“မ႐ွိေတာ့ဘူး.. မသိဘူး..”
သူမက ဟူအာကိုသာ ႐ြန္း႐ြန္းစားစား ၾကည့္ေနရင္း ရယ္ျပကာ ထိုသို႔ ဆိုသည္။ သူမက ဟူအာ၏ ပုခုံးေပၚတြင္ နတ္အစြမ္းျဖင့္ မတ္မတ္ရပ္လိုက္ၿပီး..
“ငါ့သခင္ကို ႐ွာေတြ႕ၿပီ..”
ဟူအာ သူမအား ေျခေထာက္မွ ဆြဲကာ ေျမျပင္တြင္ ထိုင္ေစလိုက္ၿပီး..
“ငါက မင္းသခင္ ဟုတ္လား..”
“ဟုတ္တယ္ေလ.. မင္းရဲ႕အနံ႔ ၿပီးေတာ့ မင္းရဲ႕.. လင္းလက္မႈ အားလုံးကို ငါမွတ္မိတယ္.. မင္းက ငါ့သခင္ပဲ..”
“ငါက ဘာလို႔ မသိတာလဲ..”
သူမက ေခတၱမွ် ေတြေဝသြားၿပီးေနာက္..
“ငါ့ရဲ႕ အရင္သခင္က မင္းဆီကို ငါ့ကို ေပးပစ္တုန္းက.. မင္းကမွ မေမြးေသးတာ..”
“ဘာ.. ငါ သိပ္ၿပီး မ႐ွင္းလင္းေတာ့ဘူး.. ပိုၿပီး ႐ႈပ္ေထြးလာၿပီ..”
ဟူအာ ေဒါသတႀကီး ေျပာေတာ့.. သူမကပါ စိတ္ဆိုးသြားဟန္ျဖင့္..
“ငါက အဲ့တုန္းက ပုံစံတစ္မ်ိဳးေလ.. ဒါေပမယ့္ ဘာလို႔မွန္း မသိဘူး.. ငါ့ရဲ႕ အရင္သခင္ကိုေကာ.. ၿပီးေတာ့.. အရင္က ကိစၥေတြကိုပါ ငါမမွတ္မိေတာ့ဘူး.. ငါမင္းကိုပဲ သိေတာ့တာ.. ၿပီးေတာ့ ငါ့ရဲ႕စြမ္းအားကို တစ္ခုခုက ကန္႔သတ္ ပစ္လိုက္သလိုပဲ ငါ့ရဲ႕ အရင္ပုံစံကို ေျပာင္းလို႔ မရေတာ့ဘူး”
“ငါ မင္းကို မသိဘူး.. သြားစို႔ ဦးေလး..”
ပိုင္လင္ ကဗ်ာကယာ ထရပ္လိုက္ၿပီးမွ.. ဟူအာအေနာက္သို႔ လိုက္လာခဲ့သည္။
“မင္း ငါ့ကို မလိုခ်င္လို႔ မရဘူးေနာ္.. ငါ့မွာ သခင္ဆိုလို႔ မင္းကိုပဲ မွတ္မိတာ..”
“ငါ မင္းကို မလိုခ်င္ဘူး..”
သူမေလးက တန္႔ခနဲ ရပ္သြား၏။ သို႔ေသာ္.. ခ်က္ခ်င္းပင္ သူ႕အေနာက္သို႔ ေျပးလိုက္လာကာ.. ပုခုံးေပၚသို႔ တက္ျပန္သည္။ ဟူအာ စိတ္ဆိုးစြာျဖင့္ သူမ ေျခေထာက္ေတြကို ဆြဲခ်ပစ္ေတာ့ သူမက မ်က္ႏွာငယ္ေလးႏွင့္..
“သခင္က အဲ့လို လုပ္တာကို မႀကိဳက္ဘူးလား..”
“ဟုတ္တယ္.. မင္း ငါ့ပုခုံးကို တက္ဖို႔ မႀကိဳးစားနဲ႔..”
“ငါသိၿပီ.. ေနာက္မလုပ္ေတာ့ဘူး..”
×××××××××
Unicode
အခန်း-၁၄
“မင်းက..”
ထိုအရှိန်အဝါကြီးမားသော နတ်မင်းသား တလီယီမင်က သူ့ကို စကားပြောလိုသော်လည်း နာမည် မသိသော ဟန်ပန်မို့.. သူ စကားကို လှမ်းထောက်လိုက်ရ၏။
“ပိုင်ဟုန်ဟူ..”
“ကောင်းပြီ.. ပိုင်ဟုန်ဟူ.. မင်း ငါ့ဇနီးကို အထင်လွဲနေပြီ..”
ငါး တစ်ကောင်လုံး အရှင်လတ်လတ် ဗိုက်ထဲရောက်သွားခြင်းမှာ.. သူဘက်က အထင်လွဲတာပါ ဆိုတော့ ဟူအာ.. စကားတစ်ခွန်းမှပင် ပြောလိုစိတ် မရှိသလို ဖြစ်သွား၏။
“သူ ပြောတာက သူ့ရေကန်ထဲက ရေက အာဟာရ ပြည့်ဝတယ်လို့ ဆိုလိုချင်တာပါ.. မင်းရဲ့ ဆာလောင်မှုကိုရော.. ပြီးတော့ လျော့ကျသွားတဲ့ နတ်စွမ်းအားကိုပါ ပြန်ပြီး ဖြည့်တင်းပေးနိုင်တယ်..”
“ဒါပေမယ့် အစားစားလိုက်တာနဲ့တော့ မတူဘူး မဟုတ်လား..”
သူ အတွန့်တက်လိုက်တော့.. သူမက နောက်ထပ် တစ်ခါ ကန်အတွင်းမှ ငါးတစ်ကောင်ကို ဖမ်းယူလိုက်ပြီ ဖြစ်၏။ ဟူအာ အနောက်သို့ပင် ခြေထောက်တွေကို ရွေ့လျားလိုက်မိသည်။ နောက်ထပ် ငါးတစ်ကောင်ကို သူ့ပါးစပ်ထဲ ထပ်ထည့်ဖို့ သူမက ကြိုးစားလိုက်နေတာလား ဆိုသော ခြောက်ခြားဖွယ် အတွေးက ရင်ထဲသို့ တိုးဝှေ့လာ၏။ သို့သော် အိမ်ရှေ့မင်းသားက သူမလက်အတွင်းမှ ငါးကို လှမ်းယူလိုက်ပြီး.. ခပ်တိုးတိုး လေသံဖြင့်..
“မင်း အသက် နှစ်သိန်းရှိပြီလေ ရင်းအာ.. အသက် တစ်ထောင်တည်း ရှိတဲ့သူနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်လို့ ဖြစ်မှာလဲ..”
“ငါ သူ့ကို မကျေနပ်ဘူး.. ငါ့သေရည်အိုးတွေ..”
“ကောင်းပြီ ငါတို့ အလျှော်သွားတောင်းကြတာပေါ့.. ဒီကလေးကိုတော့ ထားလိုက်ပါ.. ဟုတ်ပြီလား..”
“ဟေ့.. မင်း.. အစ်မကို ခေါ်သွားလို့ ရပြီ.. ပိုင်ဒေသကို သွားမယ်..”
သူမက လက်ချောင်းလေးများကို လှုပ်ခတ်လိုက်သည်နှင့် သူ့ထံမှ နတ်စွမ်းအားများ ပြန်သုံး၍ ရသွားသည်။ ထို့အတွက် ဟုန်ရွယ်အား ပွေ့ယူလိုက်ပြီးမှ.. ဟူအာ ပိုင်ဒေသသို့ ဦးစွာ ပြန်ရန် ပြင်လိုက်သည်။ သို့သော် သူမက သူတို့ မောင်နှမအား ကြည့်လိုက်ပြီးမှ..
“မင်းက ရူးနေတဲ့ မြေခွေးပဲ သူမက လမ်းလျှောက်ဖို့ အင်အား အလုံအလောက် ရှိသွားပြီ.. မင်း မပွေ့ထားလည်း ရတယ်..”
ဟူအာ ဟုန်ရွယ်ကို ငုံ့ကြည့်တော့.. သူမပြောသော အတိုင်း သာမာန် ဒဏ်ရာမရတော့သည့် ပုံစံအတိုင်းမို့.. သူမအား ပြန်ကြည့်လိုက်တော့.. သူမကို ပြုံးလျက် ကြည့်နေသော အိမ်ရှေ့စံနတ်မင်းသား ယီမင်က.. သူမ၏ နဖူးမှ ကျဆင်းနေသော ဆံပင်တွေကို သိမ်းတင်ပေးနေသေး၏။
ဟူအာ ဟုန်ရွယ်အား လက်ဆွဲ၍သာ ပြန်ရန် ပြင်လိုက်၏။ သို့သော်.. သူ အိမ်သို့ ရောက်သည်နှင့် ထိုနတ်ဘုရားမက သူ့အိမ်ရှေ့ရှိ ကျောက်ခုံတွင် ထိုင်နေပြီး သူ့ဘေးတွင် သူ့ခင်ပွန်းက လိုက်ထိုင်နေသည်။ တိမ်တွေကို ကျော်လွှားသည့် အတတ်ပညာတွင် သူမတို့က ပိုပြီး သာလွန်နေမှန်းသိလိုက်တော့ ဟူအာ.. မျက်မှောင်ကုတ် သွားမိသေး၏။ အဖေနှင့်အမေက ဂူအတွင်းမှ ထွက်လာပြီး သူမတို့အား အရိုအသေပေးရင်း..
“သမီးကို အသက်ကယ်ပေးတာ ကျေးဇူးတင်ပါတယ်..”
အဖေ ပြောလိုက်သော စကားကို ဟူအာ ကြားမိတော့ စိတ်အတွင်းမှ.. မကျေမနပ် ဖြစ်မိရင်း.. တိုးတိုးလေး ရေရွတ်မိသည်။
“သူ့ကြောင့် ဒဏ်ရာရတာ ကယ်ပေးရမှာပဲ အသေးစားစည်းမျဉ်းလေးတောင် မသိဘူးလား..”
သူ ပြောလိုက်တာကို ထို နတ်ဘုရားမ၏ ခင်ပွန်းက ကြားသွားပြီး ပြုံး၏။ ထိုအပြုံးက မနှစ်လိုဖွယ်ကြီး ဖြစ်နေသည်ဟု ထင်မိသည်။ ပြီးမှ ထိုယီမင် ဆိုသော နတ်မင်းက ထိုင်နေရာမှ ထလာပြီး..
“မြေခွေးလေး.. မင်း ပြောဆိုနေတဲ့ ငါ့ရဲ့ ဇနီးက လောကမှာ ရှိတဲ့ နတ်စည်းမျဉ်းတွေကို လိုက်နာဖို့ မလိုတဲ့ တစ်ပါးတည်းသော နတ်ဆိုတာ မင်း မသိဘူးထင်တယ်.. တကယ်လို့သာ သူက တစ်ခြားနတ်တစ်ပါးပါးကို သတ်လိုက်ပြီး သူမဘက်က အကြောင်းရင်း ခိုင်လုံတယ် ဆိုရင်.. သူမကို စွပ်စွဲလို့ ရတဲ့ အခြေအနေမျိုး ဘယ်နတ်မှာမှ မရှိဘူး.. မင်း သဘောပေါက်သင့်တယ်..”
သူ့အနားထိ တိုးလာပြီး ပြောတော့ ဟူအာ.. ဂူအတွင်းသို့သာ ပြေးဝင်လာခဲ့တော့၏။ ဒီအနိုင်ကျင့်ခံရတာကို ဒီတစ်သက် လုံးဝ မေ့မည်မဟုတ်တာလည်း သေချာနေပြီ ဖြစ်၏။ သို့သော် မိဘတွေကို ပြောပြပြီး ငိုကြွေးနေရအောင်ကလည်း သူသည် မိန်းမငယ်လေး မဟုတ်တော့ ဘာစကားမှ မဆိုတော့ပဲ နေလိုက်မိတော့၏။ သို့သော် ဂူအတွင်းသို့ မဝင်မိပဲ အဝနားတွင် ရပ်နေမိတော့ အပြင်မှ စကားတွေကို အတိုင်းသား ကြားနေရသည်။
“မင်းတို့ရဲ့ ကလေး ဟူအာက ငါ့ရဲ့သေရည်အိုးတွေကို ခွဲပစ်မယ်.. အဲဒါ ငါ အလျှော်လာတောင်းတာ..”
အဖေမျက်နှာက ဒီအချိန်မှာ မဲမှောင်နေမှာကို မတွေ့ရလည်း ဟူအာ နားလည်သည်။ သို့သော်.. သူမက ဆက်ပြီး ပြောနေသည်။
“သေရည်အိုးက.. စုစုပေါင်း..”
“တစ်ထောင်သုံးရာ နှစ်ဆယ့်ခြောက်အိုး..”
သူမ မေ့သွားဟန်တူသော အရေအတွက်ကို ယီမင် နတ်ဘုရားက လိုက်ပြီး ထောက်ခံပေးသည်။
“ဟုတ်တယ်.. တစ်ထောင့်သုံးရာ နှစ်ဆယ့်ခြောက်အိုး ငါကို ပြန်လျှော်ပေးပါ..”
“ရင်းအာ.. မင်းအတွက် ငါ ပြန်တောင်းပေးမယ်.. မင်း ကောင်းကင်နန်းတော်ကို အရင်ပြန်နှင့်ပါလား..”
ယီမင် နတ်မင်းက သူမအား ပြောလိုက်တော့ သူမအသံတွေ တိတ်ဆိတ်သွား၏။ နောက်တော့ ယီမင်နတ်မင်း၏ အသံတစ်ခုသာ ကျန်နေခဲ့သည်။ ထိုနတ်မင်းက ယခုကျတော့ ဖော်ရွေသော လေသံဖြင့်..
“ရင်းအာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ကလေးကို ဆုံးရှုံးခဲ့ရတယ်.. သူမ အရမ်းကို တိတ်ဆိတ်သွားခဲ့တာ.. ကောင်းကင်နန်းတော် တစ်ခုလုံးတောင် ခြောက်ကပ်သွားတယ်.. ဒီနှစ်မှာမှ သူမက အခုလို နည်းနည်းပါးပါး ဒေါသထွက်လာတာ.. ပိုင်မင်းကြီးတို့ကို အနှောင့်အယှက် ဖြစ်စေခဲ့မယ် ဆိုရင် ယီမင် တောင်းပန်ပါတယ်..”
သဘောထားကြီးလွန်းသော ခင်ပွန်းသည် အဖြစ်သာ ဟူအာ တွေးလိုက်မိ၏။ သို့သော် ယီမင် နတ်မင်းက ဆက်ပြီး ပြောသည်။
“သူမရဲ့ သေရည်တွေက သိပ်ပြီး ပြင်းနေတာ.. အဲဒါကို ပြုပြင်ဖို့ သူမက ကြိုးစားတယ် ထင်တယ်.. ဟူအာက ငယ်သေးတော့ အဲ့ဒီသေရည်တွေရဲ့ တန်ဖိုးကို မသိတတ်ပဲ လုပ်ခွဲမိတယ်.. ကျန်တဲ့အိုးတွေကို ယီမင် ယူလာတယ်.. ပိုင်မင်းကြီးကို လက်ဆောင်ပေးဖို့ပါ.. နောက်ပြီး.. သူမအတွက် သေရည်အိုး အနည်းငယ်ကို ပေးပါလို့ တောင်းချင်ပါတယ်..”
စိမ့်စမ်းပြာမှ ထွက်သော သေရည်သည် ကျိုးလျန် နတ်မင်း၏ လက်ရာ ဖြစ်သော်လည်း စိမ့်စမ်းပြာ၏ရေဖြင့် ပြုလုပ်ထားသဖြင့် တခြားသော နယ်ပယ်ဒေသမှ နတ်များက တန်ဖိုးထားကြသည်။ အခါတိုင်းလည်း မရနိုင်သော အရာမို့ ပိုပြီး တန်ဖိုးထားကြသည် ဖြစ်ရာ.. ဟူအာက မသိသေးသော ကလေးဟုသာ ယီမင် ထင်မြင်မိခြင်း ဖြစ်၏။
ယီမင် လက်ကို ဝှေ့ယမ်းလိုက်တော့ မကွဲသေးသော သေရည်တွေ ထိုနေရာတွင် တန်းစီလျက် ပေါ်လာသည်။ ကျန်နေသေးသော စကားကို ဆက်ပြောဖို့ ယီမင် ပိုင်မင်းကြီးအား သေချာ ကြည့်လိုက်ပြီးမှ..
“ပြီးတော့ ဟူအာကို ယီမင်က အနူးညွှတ် တောင်းပန်တယ်လို့ ပြောပေးပါ.. ရင်းအာက မလုပ်သင့်တာကို သူ့အပေါ်မှာ အပြစ်ပေးမိထားတယ်..”
ထိုစကားတွင်တော့.. ဟူအာ ဂူအတွင်းမှ ပြေးထွက်လာပြီး.. ဘယ်လက်ဖြင့် လက်ညိုးထိုးလိုက်ပြီး..
“ခင်ဗျားတို့က လုပ်ချင်တိုင်း လုပ်ပြီး တောင်းပန်ပါတယ် ဟုတ်လား.. ခင်ဗျားတို့ နတ်မင်းကြီးတွေက အစွမ်းတန်ခိုးနဲ့ ပြည့်စုံတယ် ဆိုပြီးတော့.. လုပ်ချင်တိုင်း လုပ်လို့ ရမယ် ထင်နေလား..”
ယီမင်၏ မျက်ဝန်းတစ်စုံက ဒေါသတကြီး လက်ညိုးထိုးနေသော ဟူအာ၏ မျက်နှာကို မကြည့်မိပဲ လက်ညိုးထားထားသော လက်၏ လက်ကောက်ဝတ်လေးတွင် အကြည့်တွေ တန့်ရပ်နေသည်။
ခရမ်းရောင်နှင့် အပြာရောင် ရောနေသော.. သေးသေးမျှင်မျှင် အပတ်ကလေးလို ဖြစ်နေသော အမှတ်လေးအား.. သေချာစွာ စူးစိုက်ကြည့်လိုက်မိသည်။ ပြီးမှ..
“မင်းကို ဒီအမှတ် ရင်းအာ လုပ်ထားပေးတာလား..”
ယီမင် ရှေ့သို့ပင် တစ်လှမ်းတိုးလိုက်မိပြီး.. မေးလိုက်မိသည်။ ပိုင်မင်းကြီးက ရှေ့သို့ တိုးလာပြီး..
“ဒီအမှတ်သားက သားလေး မွေးလာကတည်းက ပါလာတဲ့ အမှတ်အသားပါ..”
“မွေးကတည်းက ဟုတ်လား.. ဒီစွမ်းအားက ရင်းအာ တစ်ဦးတည်း ပိုင်ဆိုင်တဲ့ စွမ်းအားနဲ့ တစ်ထပ်တည်း တူညီတယ်.. သူက ကြီးလာရင် စွမ်းအားကြီးမားတဲ့ နတ်တစ်ပါး ဖြစ်လာနိုင်တယ်..”
ယီမင် ထိုသို့ မှတ်ချက် ပေးခဲ့ပြီးမှ.. ထိုနေရာမှ ထွက်လာခဲ့တော့သည်။ သို့သော် စိတ်အတွင်းမှ မတင်မကျမှုတွေ ကျန်ရှိသွားပြီ ဖြစ်၏။
@@@@@@@@@
အဖေက ယီမင် နတ်မင်းတို့ ဆန္ဒအတိုင်း သေရည်အိုးတွေ ပြင်ပေးသည်။ သို့သော် အမေက သူတို့ မောင်နှမ နှစ်ဦးအား.. ရှင်သန်ခြင်း ကျောင်းသို့ ပို့ရန် ပြင်ဆင်နေသည်။ အမေက ခွဲရမည် ဆိုတော့ ဝမ်းနည်းနေသော မျက်နှာလေးနှင့် ဖြစ်သည်။
“ကျောင်းကို ရောက်သွားရင် မင်းတို့ သိပ်ပြီး မဆိုးနဲ့.. အဲ့ဒီအချိန် မင်းတို့ အဖေက လိုက်ပြီး တောင်းပန်ပေးနိုင်တော့မှာ မဟုတ်ဘူး..”
ဟုန်ရွယ်က ခြေတွေ လေးကန် နေသော်လည်း.. ဟူအာက သင်ယူဖို့အတွက် စိတ်ထက်သန်နေသည်။ အမေက သူ့အား ကျိုးရင်း နတ်ဘုရားမက သူ့ကို ကျူးလွန်မိသည် ဆိုသော ကိစ္စကို မေးနေသေးသည်။ သူ မပြောပြတော့လည်း အမေက နားလည်စွာဖြင့်သာ..
“သားလေး.. မင်း နည်းနည်းလောက်ပဲ သည်းခံလိုက်ပါ.. သူမက သနားစရာကောင်းတယ် မဟုတ်လား..”
အမေက နဂိုရ်ကတည်းက နူးညံ့သူမို့ တစ်ပါးသူအပေါ် အပြစ်မမြင်တတ်ခြင်းကြောင့် အမေ့ကို ဟူအာ ဘာမှမပြောတော့ပဲ.. ခေါင်းသာ ညိတ်လိုက်ရသည်။ ဟူအာ စိတ်အတွင်းဝယ် ကျိုးရင်း နတ်ဘုရားမ၏ သနားစဖွယ် ဆိုတာကို ဘယ်နည်းနဲ့မှ မခံစားရပဲ.. ဖြစ်နေသည်။
သွားတော့မည် ဆိုတော့.. ဦးလေး ပိုင်လင်က ကျောင်းသို့ ပို့ပေးမည် ဖြစ်သဖြင့် အဖေနှင့် အမေက ဂူတွင်သာ ကျန်ခဲ့မည် ဖြစ်သည်။ ပညာသင်ကြားခြင်းက နှစ်အကန့်အသတ် မရှိတာကြောင့်.. အမေတို့နှင့် ဘယ်လောက်ကြာကြာ ခွဲရမည် ဆိုတာကို မသိပဲ ဖြစ်၏။ ထို့ကြောင့်..
“တကယ်လို့.. အမေတို့နဲ့ တွေ့ချင်ရင်.. ဘယ်လိုလုပ်ရမလဲ..”
“ငါ့တုန်းကဆို ခိုးထွက်လာတာ..”
ဦးလေး ပိုင်လင်က အဖေထက် စာလျှင် ပိုပြီး လူငယ်ဆန်သည်ဟု ဟူအာ ထင်သည်။ လမ်းတစ်ဝက်တွင် ခဏနားတော့.. အိမ်က ထည့်ပေးလိုက်သော စားစရာ အကုန်လုံးကို စားလိုက်ဖို့ ဟုန်ရွယ်က အကြံပြုသည်။ ဦးလေးကလည်း ထောက်ခံသဖြင့် သူတို့ ပါလာသမျှကို စားသောက်နေကြစဉ်..
“ဘုတ်.. အ..”
ဟူအာ လန့်ဖြန့်ကာ အနောက်သို့ ဆုတ်လိုက်မိသည်။ အင်္ကျီအနီရောင်ဝတ်ထားသော မိန်းကလေး တစ်ဦးက သူကိုင်ထားသော စားစရာကို လာပြီး အနံ့ခံနေသဖြင့် ထိုအသားကင်အား.. အောက်သို့ ပစ်ချလိုက်သည်။ ထိုအင်္ကျီအနီဝတ် မိန်းကလေးက အားရဝမ်းသာဖြင့်.. ထိုအသားကင်အား အရိုးပင် မကျန်အောင် စားပစ်လိုက်၏။ ပြီးမှ.. ဟူအာအနားသို့ တိုးလာပြီး လက်မှ မွေးရာပါ အမှတ်အသားအား အနံ့ခံလိုက်ပြီးနောက်..
“ငါ မင်းကို ရှာတွေ့ပြီ..”
ထိုစကားကို သူမက အရူးကဲ့သို့ ရယ်ပြရင်း ပြောသည်။ ဟူအာ သူမအား စိတ်မနှံ့သူအဖြစ် သတ်မှတ်လိုက်မိ၏။ သို့သော် သူမ၏ အရှိန်အဝါအရ သူမကလည်း နတ်တစ်မျိုးပင် ဖြစ်မည် ဖြစ်သောကြောင့်..
“မင်းက ဘယ်မျိုးနွယ်ကလဲ..”
“မရှိတော့ဘူး.. မသိဘူး..”
သူမက ဟူအာကိုသာ ရွန်းရွန်းစားစား ကြည့်နေရင်း ရယ်ပြကာ ထိုသို့ ဆိုသည်။ သူမက ဟူအာ၏ ပုခုံးပေါ်တွင် နတ်အစွမ်းဖြင့် မတ်မတ်ရပ်လိုက်ပြီး..
“ငါ့သခင်ကို ရှာတွေ့ပြီ..”
ဟူအာ သူမအား ခြေထောက်မှ ဆွဲကာ မြေပြင်တွင် ထိုင်စေလိုက်ပြီး..
“ငါက မင်းသခင် ဟုတ်လား..”
“ဟုတ်တယ်လေ.. မင်းရဲ့အနံ့ ပြီးတော့ မင်းရဲ့.. လင်းလက်မှု အားလုံးကို ငါမှတ်မိတယ်.. မင်းက ငါ့သခင်ပဲ..”
“ငါက ဘာလို့ မသိတာလဲ..”
သူမက ခေတ္တမျှ တွေဝေသွားပြီးနောက်..
“ငါ့ရဲ့ အရင်သခင်က မင်းဆီကို ငါ့ကို ပေးပစ်တုန်းက.. မင်းကမှ မမွေးသေးတာ..”
“ဘာ.. ငါ သိပ်ပြီး မရှင်းလင်းတော့ဘူး.. ပိုပြီး ရှုပ်ထွေးလာပြီ..”
ဟူအာ ဒေါသတကြီး ပြောတော့.. သူမကပါ စိတ်ဆိုးသွားဟန်ဖြင့်..
“ငါက အဲ့တုန်းက ပုံစံတစ်မျိုးလေ.. ဒါပေမယ့် ဘာလို့မှန်း မသိဘူး.. ငါ့ရဲ့ အရင်သခင်ကိုကော.. ပြီးတော့.. အရင်က ကိစ္စတွေကိုပါ ငါမမှတ်မိတော့ဘူး.. ငါမင်းကိုပဲ သိတော့တာ.. ပြီးတော့ ငါ့ရဲ့စွမ်းအားကို တစ်ခုခုက ကန့်သတ် ပစ်လိုက်သလိုပဲ ငါ့ရဲ့ အရင်ပုံစံကို ပြောင်းလို့ မရတော့ဘူး”
“ငါ မင်းကို မသိဘူး.. သွားစို့ ဦးလေး..”
ပိုင်လင် ကဗျာကယာ ထရပ်လိုက်ပြီးမှ.. ဟူအာအနောက်သို့ လိုက်လာခဲ့သည်။
“မင်း ငါ့ကို မလိုချင်လို့ မရဘူးနော်.. ငါ့မှာ သခင်ဆိုလို့ မင်းကိုပဲ မှတ်မိတာ..”
“ငါ မင်းကို မလိုချင်ဘူး..”
သူမလေးက တန့်ခနဲ ရပ်သွား၏။ သို့သော်.. ချက်ချင်းပင် သူ့အနောက်သို့ ပြေးလိုက်လာကာ.. ပုခုံးပေါ်သို့ တက်ပြန်သည်။ ဟူအာ စိတ်ဆိုးစွာဖြင့် သူမ ခြေထောက်တွေကို ဆွဲချပစ်တော့ သူမက မျက်နှာငယ်လေးနှင့်..
“သခင်က အဲ့လို လုပ်တာကို မကြိုက်ဘူးလား..”
“ဟုတ်တယ်.. မင်း ငါ့ပုခုံးကို တက်ဖို့ မကြိုးစားနဲ့..”
“ငါသိပြီ.. နောက်မလုပ်တော့ဘူး..”
×××××××××

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now