Part 174

52 8 0
                                    

အခန်း-၁၇၄

"ဒီစကားက ငါ မင်းအတွက် ပြောပေးတဲ့ စကားပါ၊ တကယ်လို့သာ အဖြေတစ်ခု ထွက်ပေါ်လာပြီးတဲ့နောက် ပိုင်ဒေသက အပြစ်ကင်းတယ် ဆိုရင် မင်းလုပ်ထားတဲ့ အပြစ်ဒဏ်မှန်သမျှကို မင်းက ပြန်ပြီးတော့ ခံယူရလိမ့်မယ်.. ဒါမှမဟုတ် နတ်စစ်သူကြီးကျန်းတော့.. ငါ့စိတ်ထင် နတ်စစ်သူကြီးကျန်းက ဒီလို ကြီးလေးတဲ့ အပြစ်ဒဏ်တွေကို မင်းအတွက် တာဝန်ခံပေးမှာ မဟုတ်လောက်ဘူး.."

ဟူအာ ထွက်လာခဲ့ပြီးနောက် ခွမ်းခနဲ အသံတချို့ကို ကြားလိုက်ရပြီး မိန်ယဲ့၏ စူးရှသော အော်သံကိုပါ ကြားလိုက်ရသည်။

"အချုပ်ခန်းတံခါးကို ဖွင့်လိုက်.. လက်မှုပညာသည်တွေကို ဆွဲထုတ်လာခဲ့.."

ဟူအာ လက်သီးကို တင်းတင်း ဆုပ်လိုက်မိသော်လည်း နောက်သို့ လှည့်မကြည့်တော့ဘဲ ထွက်လာခဲ့တော့၏။ ထိုနေရာတွင် ရှိနေခြင်းက ထိုအရာကို ဟူအာက တားမြစ်နိုင်မည် မဟုတ်ပေ။ ဖိအားပေး တားမြစ်ခြင်းကလည်း ထိရောက်သော အရာ မဟုတ်ပေ။

"ငါ သေချာပေါက် ပိုပြီးတော့ သန်မာမှ ရမယ်။ ဒါမှ ငါ ကာကွယ်ချင်တဲ့သူတွေကို ကာကွယ်လို့ ရနိုင်မှာ.."

ဟူအာ တီးတိုးရေရွတ်လိုက်ပြီးနောက် ပိုင်ဒေသကို ကျောခိုင်းလိုက်ကာ အနောက်ပင်လယ်သို့ ဦးတည်လိုက်သည်။

အနောက်ပင်လယ်သို့ ရောက်သည်တွင် ဟူအာက လူမသိ သူမသိ ဝင်သွားလိုခဲ့၏။ သို့သော် သတိပေးအကာအရံတစ်ခု ထားရှိလိမ့်မည်ဟု မထင်ထားမိပေ။ ဟူအာက သတိပေးအကာအရံ စည်းမျည်းဖြင့် ဝင်တိုက်မိပြီးနောက် ဟူအာ ရောက်ရှိနေကြောင်း သတိပေးချက်က ထွက်ပေါ်လာသည်။

ထို့ကြောင့် အနောက်ပင်လယ်မှ ရေလူသားများက ထွက်လာပြီးနောက် ဟူအာကို လာကြည့်ကြကာ အရိုအသေပေးကြတော့၏။

"အရှင့်သား အနောက်ပင်လယ်ကို အလည်အပတ် ထပ်မံ ရောက်ရှိလာတာပါလား.."

"လမ်းကြုံလို့ပါ.."

ဟူအာ မယုတ်မလွန် ဖြေကြားလိုက်ပြီးနောက် သူတို့ ဖိတ်ခေါ်ရာ လမ်းအတိုင်း လျှောက်လာခဲ့လိုက်တော့၏။ ပြီးနောက် အနောက်ပင်လယ်၏ ရေနန်းတော်သို့ ရောက်ရှိသွားတော့သည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီOnde histórias criam vida. Descubra agora