part99

203 30 0
                                    

unicode

အခန်း ၉၉

ဟူအာ ခေါင်းညိတ်လိုက်သည်။ ထိုပန်းပင်နတ်ဝိညာဉ်ငယ်လေးက ဟူအာအရှေ့မှ သွားကာ လမ်းပြပေးသည်။ ဟူအာ သူမ အနောက်မှ ငြိမ်သက်စွာ လိုက်ပါသွား၏။

အပြာရောင် အိမ်ငယ်လေးသုံးလုံးက အရောင် အနုအရင့် မတူညီဘဲ ရေကန်၏ မနီးမဝေး ပတ်ဝန်းကျင်တွင် ရှိနေသည်။ ထိုအိမ်ငယ်လေးသုံးလုံး၏ အလယ်တွင် ရှိသော အိမ်အပြာလေးဆီသို့ ဦးတည်နေသည်။

“အရင်ကတော့ ဒီအိမ်ငယ်လေးက ကျိုးလျန်နတ်မင်း အိမ်ထောင်ဖက် မရှိတုန်းက နေတာပါ၊ အရှင့်သားကို ကိုယ်ဝန် ရှိလာတော့ ကျိုးရင်းအရှင်မက ဒီအိမ်လေးကို ပြင်ဆင်ခဲ့တာ”

“သူမကလား၊ သူမ ဖြစ်စေချင်ရင် အားလုံး ဖြစ်နေတာပဲ မဟုတ်လား၊ ကိုယ်တိုင် လုပ်ဖို့ လိုလို့လား”

“အင်း.. ဟုတ်တယ်၊ ဒါပေမဲ့ အရှင်မက အဲဒါကို ကိုယ်တိုင်ပြင်ခဲ့တာပါ၊ အိမ်ရှေ့မင်းသားကိုတောင်မှ အသိမပေးခဲ့ဘူး”

အိမ်ငယ်လေး၏ ပတ်ပတ်လယ်တွင် အနည်းငယ် အနံ့သင်းသော ပန်းပင်များက အရုံလိုက် အရုံလိုက် စိုက်ပျိုးထားတာ ဖြစ်ပြီး ပန်းပွင့်များက အဆုပ်လိုက် အဆုပ်က ပွင့်ဝေနေခြင်း ဖြစ်သည်။

ထိုပန်းပင်က အရိုးတံနှင့် ပန်းပွင့်များသာ ရှိပြီး အရွက်စိမ်းများ မရှိပေ။ ဟူအာ စိတ်အတွင်း ထိုပန်းပင်ကို နှစ်လိုသွားမိသည်။

“အရှင်မက ဒါကို အရှင့်သားရဲ့ အသက်ဓာတ်နဲ့အတူ ချိတ်ဆက်ပြီးတော့ စိုက်ပျိုးထားတာပါ၊ အရှင့်သား မရှိတော့ဘူး ဆိုတုန်းက ဒီပန်းပင်တွေ အားလုံးက ညိုးလျော်သွားခဲ့တယ်၊ ဒါပေမဲ့ သိပ်မကြာခင် ရက်အတွင်းမှာပဲ သူတို့က ပွင့်လန်းလာတယ်၊ အရှင်မက အရှင့်သားရဲ့ ဝိညာဉ်ကို ပြန်ရဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေပေမဲ့ ဒီပန်းပင်တွေကို မေ့နေခဲ့လို့ မဟုတ်ရင် အရှင့်သား ရှိသေးမှန်းကို အရှင်မက စောစောသိလောက်တယ်”

ဟူအာ တိတ်ဆိတ်နေလိုက်မိသည်။ သို့သော် ထိုပန်းပင်ငယ်လေးက မရပ်တန့်သေးဘဲ ဆက်ပြော၏။

“ဒီပန်းပင်ကို ပျိုးဖို့အတွက် အရှင်မက ထုံလုတောင်ကနေ မြေဆီလွှာကို ယူရတယ်၊ ပြီးတော့ အရှင့်သားရဲ့ အသက်ဓာတ်နဲ့ချိတ်ဆက်ဖို့ ကြိုးစားခဲ့ရတာ အဲတုန်းက အရှင်မက ကိုယ်ဝန်ရှိတယ်လေ၊ အရှင်မက အရှင့်သားနဲ့ အဆက်မပြတ် စကားပြောနေတတ်သေးတာ”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now