Part 55

245 31 0
                                    

အခန်း (၅၅)

ကျိုးဟူတစ်ဦးတည်းသာ ရေမှော်ပင်တချို့နှင့် အမှိုက်စများ ကပ်ညှိနေသော အနေအထားတွင် ပျင်းရိနေသော ဟန်ပန်ဖြင့် လက်ကို ဆန့်တန်းလိုက်ပြီးမှ ဇီအာအရှေ့တွင် မတ်မတ်ရပ်လိုက်သည်။ ရှောင်ချွီ့ပင်လျှင် သေးငယ်သွားတော့မလို အရပ်အမောင်းနှင့် ကျိုးဟူက ဆံပင်အနီတွေ ရေစိုနေတာကို မမှုသည့်အလားနှင့်၊

“ဒီမုန်တိုင်းကို ဆင့်ခေါ်နိုင်တဲ့ ဓားက အရမ်းမိုက်တယ်၊ နောက်ကျရင် မင်း ငါ့ကို တစ်ခါလောက်တော့ ငှားသုံးရမယ်နော်”

ထိုစကားကို ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီးနောက် ပင်လယ်အတွင်းသို့ ခုန်ဆင်းသွားကာ ရေစီးကြောင်း လမ်းကြောင်းပေါ်သို့ ခုန်ဝင်သွားတော့သည်။ ရှောင်ချွီ့က ခေါင်းကို ယမ်းလိုက်မိပြီးမှ မင်းသမီးအား ငဲ့ကြည့်လိုက်မိသည်။ ပြီးနောက် သတိပေးစကားဆိုချင်ဟန်ကို ပြုမိလေတော့ ဇီအာက၊

“ငါသိတယ်၊ ငါက သူ့ကို ဒီဓားကို ငှားပေးလို့ မရဘူးဆိုတာ ငါ သေချာပေါက် သိတာပေါ့၊ ဒီလိုအမှားမျိုးကို ငါမလုပ်ပါဘူး”

“ဒီဓားက သခင်တွေကို အသိအမှတ်ပြုပြီးသားမို့လို့ တခြားသူရဲ့ အမိန့်ကို နာခံဖို့က မလွယ်ပါဘူး၊ အကယ်၍ ငှားယမ်းပေးလိုက်မိပြီးမှ အမိန့်မနာခံမှု တစ်ခုခု ဖြစ်လာမယ် ဆိုရင်..”

“ငါ သိတယ်လို့”

“ဟေး! မင်းတို့ မလာကြသေးဘူးလား၊ ဘာလဲ ရေထဲမှာ နေရတာကို မပျော်ကြလို့လား၊ ငါကတော့ ပျော်တယ်”

အရှေ့ပင်လယ်၏ဒုတိယမင်းသား ရန်လွေ့ ကျိုးဟူ၏ စကားကို မျက်မှောင်ကုတ်ရင်းမှ အားလုံး ကြားအောင် ရေရွတ်လေသည်။

“မြေခွေးတစ်ကောင်က ရေမှာပျော်တာ အခုမှပဲ မြင်ဖူးတော့တယ်”

“သူက ရေမှာ ပျော်နေတာကို ရှင်က မမြင်ချင်ဘူးလား၊ လွယ်ပါတယ်၊ မျက်စိမှိတ်ထားလိုက်၊ လာ သွားမယ် ရှောင်ချွီ့”

ဇီအာ ရှောင်ချွီ့ကို ခေါ်လိုက်ပြီးမှ ပင်လယ်ရေအတွင်း ရေစီးကြောင်း ပေါ်သို့ လှလှပပဖြင့်ပင် ခုန်ဝင်လိုက်ပြီးနောက် မိစ္ဆာမျိုးနွယ်များထံသို့ ဦးတည်သော အရပ်သို့ ဦးတည်ကာ ခြေလှမ်းကို စတင်လိုက်လေသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now