Part 53

215 30 0
                                    

အခန်း (၅၃)

လုချီ ခေါင်းညိတ်လိုက်ပြီးမှ၊

“ကျွန်တော်က သိုဝှက်ပေးလိုက်လို့ ရပေမယ့် ပိုင်ဟုန်ဟူက ဒဏ္ဍာရီရေကန်က ဖျောက်ခုန့်နတ်သခင်ကို ဆင့်ခေါ်ပြီးတော့ လမ်းညွှန်ခိုင်းလိုက်တယ် ဆိုတော့ ဖြစ်နိုင်တာက ဒီကိစ္စကို ကျိုးဖန့်သုန်နတ်မင်း အရင်သိသွားမယ် ထင်တယ်”

“ယီမင် နားလည်ပါပြီ၊ ခွင့်ပြုပါအုံး”

ယီမင် တောင်ပိုင်း ရေနန်းတော်က ထွက်လာခဲ့ပြီးမှ ပထမဆုံး သွားရမယ့် နေရာသည် ကျိုးနတ်ဘုရား ကျိုးဖန့်သုန်၏ အိမ်တော်သို့ ဖြစ်သွားလေတော့သည်။ ~~ပိုင်ဟုန်ဟူက အားနည်းသွားလို့ သူက ထွက်လာတာလား၊ ဘယ်လို ဖြစ်ပြီးတော့ သူက ထွက်လာတာလဲ၊ ပြီးတော့ ထွက်လာပြီးပြီးချင်းမှာပဲ ကျိုးဖန့်သုန်နတ်မင်းရဲ့ ယောက္ခမကို သွားပြီး ဆင့်ခေါ်လိုက်သေးတယ်~~

@@@@@@@@@@

“ရို့၊ ရေလှိုင်းသဏ္ဍာန် ရေလမ်းကြောင်း၊ ဒါက ကုန်းမြေနဲ့ တောင်ပိုင်းပင်လယ်ကို ဆက်စပ်ထားတာ မဟုတ်လား”

ကျိုးဟူ ရေလှိုင်းသဏ္ဍာန် ရေလမ်းကြောင်းပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ရေအတွင်းသို့ လူးလွန့်နစ်စိမ်လိုက်ကာ ကျေနပ်စွာဖြင့် စီးမျောရာသို့ လိုက်ပါသွားရန် ဆုံးဖြတ်လိုက်လေသည်။ တဖြည်းဖြည်းနှင့် အကြေးခွံပုံသဏ္ဍာန်ပေါ်လာသော ခန္ဓာကိုယ်ကို မသတီစွာ ငုံ့ကြည့်လိုက်ပြီးမှ၊

“မူလသဏ္ဍာန်ရှိတဲ့ နတ်အဖြစ်ကို ငါ မကြိုက်ပါဘူး၊ မယ်တော်နဲ့ တူလိုက်ရင် ပြီးနေပြီကို ခမည်းတော်နဲ့ သွားပြီးတော့ တူနေသေးတယ်၊ ငါ မကြိုက်ဘူး၊ ငါမကြိုက်ဘူး”

တဖြည်းဖြည်း လူးရင်း လွန့်ရင်းနှင့်ပင် ရွှေရောင်အကြေးခွံနှင့် နဂါးတစ်ကောင် အဖြစ်သို့ ကူးပြောင်းသွားတော့သည်။ ရေအတွင်းတွင် နှစ်လိုစွာ စိမ်နေရင်းမှ ပြောင်းလဲသွားသော ကိုယ့်ကိုယ်ကို သေချာငုံ့ကြည့်ရင်း၊

“နဂါး၊ ငါ့ရဲ့မူလသဏ္ဍာန်က နဂါးလား၊ ငါ မကြိုက်ဘူး၊ ငါမကြိုက်ဘူး၊ နှာခေါင်းကလည်း ရှည်ပြီးတော့၊ ခေါင်းမှာ ဂျိုကလည်း ပါသေးတယ်၊ ရုပ်ဆိုးလိုက်တာ လွန်ပါရော၊ ပြီးတော့ အရောင်ကလည် ရွှေရောင်တဲ့၊ ငါတော့ သေမျိုးပြည်မှာ သွားနေလို့ အင်အားနည်းပါးသွားရင် လုယက်ခံရတော့မယ်”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now