Part 167

80 7 0
                                    

အခန်း-၁၆၇

ကျိုးဟူ ခေါင်းကို လက်ဖြင့် ဖိနှိပ်လိုက်မိသည်။ စိတ်အတွင်းမှ အသံတစ်သံက မြည်ဟိန်းလာသည်။

>>ငါ ထွက်လာမယ်

"မထွက်လာရဘူး.. ဘယ်သူ့ ခွင့်ပြုချက်နဲ့လဲ.. မင်းကို ဘယ်သူက ထွက်လာခိုင်းလို့လဲ"

မဖြစ်ဘူး။ ဒီကောင်ထွက်လာတာနဲ့ ငါက ပြန်ပျောက်သွားရမှာ ငါ တောင်ပင်လယ်ကိုတောင်မှ မသွားရသေးဘူး။ ငါ ဇီအာကို သွားတွေ့ရအုံးမှာ..။

ကျိုးဟူသည် နိုးထလာသည်နှင့် သူ၏ အဓိက ရည်ရွယ်ချက်မှာ နှစ်ခုသာ ရှိသည်။ ပထမတစ်ခုမှာ သူ၏ မယ်တော်ကို တွေ့မည် ဖြစ်ပြီး ဒုတိယတစ်ခုမှာ သူငယ်ချင်းဖြစ်သူ ဇီအာဆီကို သွားမည် ဖြစ်သည်။ ကျန်သော ကိစ္စရပ်များက သူ့အတွက် အရေးမပါလှချေ။

ကျိုးဟူက သူ ထွက်လာရန် ရုန်းကန်ရသည်က မလွယ်ကူမှန်း သိနားလည်သေး၏။ ထို့ကြောင့် သူ ထွက်လာသည့် အကြိမ်တိုင်း ထိုအဓိကရည်ရွယ်ချက်နှစ်ခုကိုတော့ မဖြစ်မနေ ပြီးမြောက်အောင် လုပ်လိုသည်။

ယခုတော့ ပထမတစ်ခုကို ပြုလုပ်ပြီးသည် ဖြစ်သော်ငြား ဒုတိယတစ်ခုထံသို့ ခြေလှမ်းပင် မချရသေးချေ။ ထို့ကြောင့် သူက ဟူအာကို ထွက်လာရန် ခွင့်ပြုမည် မဟုတ်။ ထိုအစား အံကို တင်းတင်းကြိတ်လျက် တောင်ပင်လယ်သို့ ဦးတည်၍ ခုန်လွှားတော့၏။

သို့သော် တောင်ပင်လယ်ရေနန်းတော်သို့ မရောက်မီ လမ်းတစ်ဝက်၌ပင် တောင်ပင်လယ်ထဲသို့ ဦးစိုက်ဂျွန်းပြန် ထိုးကျသွားတော့လေသည်။

ရေထဲသို့ ပြုတ်ကျသွားပြီးနောက် ကျိုးဟူက နတ်စွမ်းအားကို အသုံးပြု၍ အကာအရံ လုပ်ရန် ထုတ်သုံးလိုက်သော်လည်း သူ၏ နတ်စွမ်းအားက ချိတ်ပိတ်ခံလိုက်ရလေသည်။

>>အဲဒီကောင် ပိုင်ဟုန်ဟူ ရူးနေတာလား။ ငါ့ကို နတ်စွမ်းအား ချိတ်ပိတ်ပစ်လိုက်တယ်။ ဟေ့ကောင် အခုချက်ချင်း ပြန်ဖွင့်စမ်း။ ငါ ရေနစ်ပြီး သေသွားတာနဲ့ မင်းက မသေတော့ဘူးလား။ ငါသေရင် မင်းလည်း သေမျာပဲ။

>>ပိုင်ဒေသကို ပြန်သွားရမယ်။ ပိုင်ဒေသကို ပစ်ထားလို့ မရဘူး

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီΌπου ζουν οι ιστορίες. Ανακάλυψε τώρα