part108

189 25 0
                                    

unicode
အခန်း ၁၀၈
ဆိုရလျှင် နတ်အမျိုးအနွယ်များစွာ ရှိသည့်အနက် ကောင်းကင်နန်းတော်မှ နတ်မျိုးနွယ်များကသာ မည်သည့်အကူအညီမှ မလိုဘဲ အတတ်ပညာများကို ကောင်းမွန်စွာ လေ့ကျင့် သင်ကြားနိုင်သော အသက်ဓာတ်များကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

တခြားသော ပင်လယ်နတ်၊ ရေနတ်၊ မြေနတ်များကမူ အတတ်ပညာအတွက် အထောက်အကူ ပြုပစ္စည်းများကို အသုံးပြုရပေသည်။

အသက်ဓာတ်စက်ဝန်းကို ပယ်ဖျက်ပြီးနောက် မြေနတ်များအတွက် ကိုယ်ပိုင်အသက်ဓာတ်ကို အပိုင်ရစေရန် ပြုလုပ်ပေးပြီး နှောင်းပိုင်းမြေနတ်များက ကိုယ်ပိုင်အသက်ဓာတ် ပိုင်ဆိုင်လာသော်လည်း ကောင်းကင်နတ်များနှင့် ယှဉ်လျှင် နိမ့်ပါးနေဆဲ ဖြစ်သည်။

ထို့ကြောင့် မြေနတ်များက နတ်အသက်ဓာတ်များ ပါဝင်သော အထူးပစ္စည်းများကို အသုံးပြု၍ နတ်စွမ်းအား တိုးတက်လာစေရန် လုပ်ဆောင်ကြရသည်။ မိုးကြိုးအတတ်ပညာကို လေ့ကျင့်သင်ကြားသော နတ်များက မိုးကြိုးမှ ဖြစ်ပေါ်လာသော ရှေးဟောင်းအရာဝတ္ထုများကို အသုံးပြုပြီး သူ၏ နတ်စွမ်းအားကို သန်မာအောင် လုပ်ဆောင်ရန် လိုအပ်သည်။

မြေကြီး၏စွမ်းအားကို အသုံးပြုလိုသော နတ်များက မြေကြီးမှ ဖြစ်ပေါ်လာသော ရှေးဟောင်း အရာဝတ္ထုများကို အသုံးပြုပြီး နတ်စွမ်းအားကို တိုးတက်အောင် လုပ်ဆောင်ကြသည်။ ဤသည်က မြေနတ်များအတွက် ပုံမှန်သာ ဖြစ်၏။

သို့သော် ထိုသို့သော အတတ်ပညာများအတွက် အထောက်အကူပြု ပစ္စည်းများကို အသုံးပြုခြင်းက အမတဘုံမှ နတ်ဖြစ်ကျင့်ကြံသူများနှင့် မတူညီပေ။

နတ်ဖြစ်ကျင့်ကြံသူများကမူ နတ်များအသုံးပြုသော အသက်ဓာတ်ပင် မရှိသောကြောင့် ထိုအသက်ဓာတ်များကို သူတို့၏ ခန္ဓာကိုယ်အတွင်း စုပ်ယူ၍ နတ်အသက်ဓာတ်အသွင် ကူးပြောင်းရန် လိုအပ်သေးသည်။

မြေနတ်များ အသုံးပြုသော နည်းလမ်းက နတ်ဖြစ်ကျင့်ကြံသူများနှင့် များစွာ ကွာခြားသည်။ မြေနတ်များက နတ်ခန္ဓာကို ရရှိပြီးသူများ ဖြစ်လေရာ နတ်ဖြစ်ကျင့်ကြံသူများကဲ့သို့ နတ်အသက်ဓာတ်ကို သူတို့၏ ခန္ဓာကိုယ်အတွင်း စုပ်ယူရန် မလိုအပ်တော့ပေ။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now