အခန်း ၃၁

271 37 0
                                    

Paid Groupဝင်လိုပါက

m.me/swaefoxlove

အခန်း (၃၁)

“ရင်းအာ.. မင်းပြောတာ ဘာလဲ..”

ဒီတစ်ကြိမ်မှာတော့.. ယီမင်က မနေနိုင်ပဲနဲ့ ဝင်မေးလိုက်မိသည်။ ရင်းအာက ယီမင်အား.. လှည့်ကြည့်လာပြီး..

“ငါကပဲ ထင်ယောင် ထင်မှား ဖြစ်နေတာလားတော့ ငါမသိဘူး ယီမင်.. ဒါပေမယ့် ငါမမှားဘူးလို့ ငါထင်နေတုန်းပဲ..”

ယီမင်က အပြုံးတချို့ကို အညင်သာဆုံး ဖြစ်အောင် ဖန်တီးလိုက်ပြီး သူ့ဇနီးအနားကို သွားကာ.. ပုခုံးလေးကနေ ညင်ညင်သာသာလေး ဆွဲဖက်ထားလိုက်သည်။ ကျိုးဖန့်သုန် နတ်မင်းကတော့ မျက်နှာလွဲလိုက်ပြီးမှ.. အိမ်တော်အပြင်ကို ထွက်သွား၏။

“မင်း မမှားဘူး ဆိုရင် ငါတို့ ဒါကို ဘာလို့ အဖြေရှာလို့ မရရမှာလဲ.. ငါတို့က လောကမှာ စွမ်းအားအမြင့်ဆုံး မဟုတ်လား..”

“ဒဏ္ဍာရီ နတ်မင်း ကိုးပါးတောင်မှ မလုပ်နိုင်တာတွေ ရှိခဲ့တာပဲလေ..”

ရင်းအာ အားငယ်တာကို ယီမင် သိပ်ပြီး မတွေ့ဖူးပေမယ့် ဒီကိစ္စမှာ အစကနေ အဆုံးထိ ရင်းအာ အားငယ်နေနိုင်တာကို ယီမင် နားလည်သည်။ အခုလည်း အားငယ်စကားကို ဆိုသည်။

“ဟုတ်တယ်.. ဒဏ္ဍာရီ နတ်မင်း ကိုးပါးတောင်မှ မလုပ်နိုင်တာတွေ ရှိတယ်.. ဒါပေမယ့် သူတို့ လုပ်နိုင်သမျှကို လုပ်ခဲ့တယ်လေ.. ငါတို့လည်း ငါတို့ လုပ်နိုင်တဲ့အထိ လုပ်ကြတာပေါ့..”

ရင်းအာ ယီမင်ရဲ့ ပုခုံးလေးပေါ်မှာ မှီနွဲ့လိုက်ပြီးမှ.. ခပ်တိုးတိုးစကားတစ်ခွန်းကို ရှိုက်သံတစ်ဝက်နဲ့ ပြောရှာသည်။

“ငါ သူ့ကို အရမ်းသတိရလွန်းလို့ ရင်ဘတ်တွေ နာတယ်.. ယီမင်..”

ငါလည်း အတူတူပဲလို့ ယီမင် မပြောတော့ပဲ.. ရင်းအာ၏ ခေါင်းလေးကိုသာ ပွတ်သပ်ပေးမိတော့သည်။ ~ကျိုးဟူ မင်းသိလား.. မင်းအမေက မင်းကို အရမ်းချစ်တာ.. မင်း သေချာပေါက် ငါတို့ဆီ ပြန်လာရမယ်.. သိလား..~

@@@@@@@@@

ဆယ့်သုံးရက်..၊ ဆစ်ကျီနတ်မင်း၏ ကောင်းကင်မှ.. တောင်ပင်လယ်သို့ ခရီးက ဆယ့်သုံးရက် ကြာသည်။ ဒါကို လူ့သက်တမ်းနဲ့ တွက်ရင် ဆယ့်သုံးနှစ်.. ရှိမည်။ တောင်ပင်လယ် ရေတံခါးသို့ ရောက်သည်နှင့်.. တစ်ချိန်က ရေမင်းသား လက်ရှိတွင်တော့ တောင်ပင်လယ် ရေဘုရင် ရှောင်လုချီက တရိုတသေ လာပြီး ကြိုဆိုသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now