part 127

182 20 1
                                    

unicode

အခန်း-၁၂၇

“သူမက တောင်ပိုင်းရေဘုရင်ရဲ့ သမီးတော်ပါ။ ကျွန်တော့်သူငယ်ချင်းပါ။ သူမက ဒီကို အလည်လာချင်တယ် ဆိုလို့ ခေါ်လာခဲ့တာပါ”

“အာ.. ရေမင်းသမီးကိုး.. ရှင်းထုံက အရိုအသေပေးပါတယ်”

“မလိုပါဘူး.. မလိုဘူး.. ဘိုးဘိုး.. မင်းတို့ ပြောကြပါ။ မင်းတို့ ပြောကြ”

သူမက မကြာမီတွင် ဟူအာ၏လက်ကို ဖမ်းဆွဲလိုက်သည်။ ပြီးနောက် အနားသို့ တိုးကပ်လာပြီး တီးတိုးပြောသည်။

“ငါ ငါ့အသက်ဓာတ်တွေ ခမ်းခြောက်တော့မလို ခံစားရတယ်”

ဟူအာက သူမထံမှ သူ့လက်ကို ပြန်ဆွဲယူရန် မတွေးတော့ဘဲ အလိုက်သင့်သာ သူမကို ထပ်မံ၍ လျစ်လျူရှု ထားလိုက်တော့သည်။

“အကြီးအကဲ ရှင်းထုံ ကျွန်တော် တွေ့လာတဲ့ နည်းလမ်းက ကောင်းတာ ရှိသလို ဆိုးတာလည်း ရှိတယ်။ နတ်စွမ်းအားကို ပြန်လေ့ကျင့်လို့ ရနိုင်သလို နတ်အသက်ဓာတ်ကိုလည်း ပြန်လေ့ကျင့်လို့ ရနိုင်ပေမဲ့ ကောင်းကင်အရှိန်အဝါကိုတော့ လျော့ကျစေလိမ့်မယ်။ တကယ်လို့ အကြီးအကဲတို့ ဆီမှာ ပိုကောင်းတဲ့ နည်းလမ်းရှိရင်လည်း ကျွန်တော်က အကောင်းဆုံး ကူညီဖို့ ကြိုးစားမှာပါ”

ဟူအာက ထိုအကြောင်းအရင်းကို သိုဝှက်ထားရန် မရည်ရွယ်ပေ။ သူ၏ နည်းလမ်းတစ်ခုတည်းကသာ အကောင်းဆုံးဟုလည်း မရည်ရွယ်ထားပေ။ အကယ်၍ သူတို့ထံတွင် ပိုကောင်းသော နည်းလမ်းရှိပါက ဟူအာက ထိုနည်းလမ်းအတိုင်း အကူအညီပေးမည်သာ ဖြစ်သည်။

အကူအညီပေးမည်ဟု ဆိုရခြင်းမှာ သူတို့က နတ်မျိုးနွယ်စု တစ်ခုသာ ဖြစ်ပြီး အရင်းအမြစ်များကို ရရှိရန် အားထုတ်ခြင်းက ဟူအာနှင့်သာ ပို၍ သင့်တော်သောကြောင့် ဖြစ်သည်။

ထိုကျောက်တုံးများ ပွားများလာစေရန် နည်းလမ်းကိုလည်း စမ်းသပ်ပေးရန် လိုအပ်သေးသည်။ ထို့ကြောင့် လုံဆစ်ကို တောင်ပင်လယ်မှ ပင်လယ်ရေကို သွားယူလာရန် စေခိုင်းလိုက်သည်။

“လုံဆစ် တောင်ပင်လယ်က ပင်လယ်ရေကို သွားယူပေးပါ”

“ကောင်းပါပြီ အရှင့်သား”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now