part 139

232 16 0
                                    

unicode

အခန်း-၁၃၉

ဟူအာ ကုန်းရုန်းထရပ်လိုက်ရပြီးနောက် ခြေထောက်နှစ်ချောင်းက အခြေမတည်သေးခင်မှာပင် လက်ချောင်းများက ဟူအာထံသို့ တိုးဝင်လာ၏။

ယခုတစ်ကြိမ် တိုးဝင်လာသော လက်ချောင်းများက ဟူအာကို ဖိအားတစ်ခု ခံစားရစေပြီး လှုပ်ရှားမှုကို ယခင်ကထက် ပို၍ နှေးကွေးသွားစေသည်။ သေချာသည်မှာ ယခုတစ်ကြိမ် တိုက်ခိုက်မှုက နတ်စွမ်းအားနှင့် တိုက်ခိုက်မှု အတတ်ပညာကို ပေါင်းစည်းထားခြင်း ဖြစ်နိုင်ပေသည်။

ကောင်းကင်နတ်များ၏ ခန္ဓာကိုယ်က အဆုံးစွန်အထိ ပျော့ပျောင်းခြင်းနှင့် အဆုံးစွန်အထိ မာကျောခြင်းကို လုပ်ဆောင်နိုင်လေသည်။ ထို့ကြောင့် အတတ်ပညာရပ်များစွာကို လေ့ကျင့်သင်ကြားရ အလွယ်ကူဆုံးလည်း ဖြစ်ပေ၏။

နတ်စွမ်းအား အသုံးပြုခြင်းနှင့် အတတ်ပညာ တတ်မြောက်ခြင်းကိုလည်း ခွဲခြားထားနိုင်သော နတ်ခန္ဓာကိုယ်ဖြစ်လေသည်။

ဟူအာ ထိုဖိအား အောက်တွင် ထိုလက်ပြန် ထိုးနှက်ချက်ကို အံကြိတ်ပြီး ရှောင်တိမ်းလိုက်သော်လည်း လွတ်သည်ဆိုရုံမျှသာ ဖြစ်၏။ သို့သော် ထိုလက်က ချက်ချင်းပင် သဏ္ဌာန်ပြောင်းလဲသွားပြီးနောက် ဟူအာ၏ ပခုံးမှ အင်္ကျီကို ဆွဲခြစ်လိုက်လေရာ။

“ဗြိ..”

ဝတ်ရုံက ပြဲထွက်သွား၏။ တိုက်ခိုက်မှုက ဆက်လက်လာနေသည်။ ဟူအာ လက်ဖဝါးတွင် သဘာဝလွန် နတ်စွမ်းအားကို ထုတ်လိုက်ပြီးနောက် လေထုအတွင်း ပျံ့နှံ့စေလိုက်မှ ဖိအားပါသော တိုက်ခိုက်မှုက တုံ့နှေးသွားပြီး ထိုဖိအားက ပျောက်ကွယ်သွားသည်။

“မင်းက မင်းရဲ့ ကိုယ်ပိုင်နတ်စွမ်းအားကိုတော့ အသုံးပြုတတ်သားပဲ”

ထိုဖိအား ပျောက်ကွယ်သွားပြီးနောက် ဟူအာကို တိုက်ခိုက်နေသော အိမ်ရှေ့မင်းသားက သူ့လက်ကို ထိန်းချုပ်လိုက်ပြီး နဂိုမူလ တည်ငြိမ်ရင့်ကျက်သော နတ်တစ်ပါး၏ ဟန်ပန်မျိုးဖြင့် လက်နောက်ပစ်လိုက်သည်။

“မင်းရဲ့ တိုက်ခိုက်မှုက ညံ့ဖျင်းတယ်။ နှေးကွေးတယ်။ ပြီးတော့ မင်းက မင်းရဲ့ကိုယ်ပိုင် နတ်စွမ်းအားကလွဲရင် တခြားနတ်စွမ်းအားကို အသုံးမချတတ်သေးဘူး။ ဒီတော့ နတ်စွမ်းအားနဲ့ တိုက်ခိုက်ရေးကို ပူးပေါင်းပြီး အသုံးမချတတ်ဘူး။ တကယ်လို့သာ နတ်မင်းတစ်ပါးနဲ့ တိုက်ခိုက်ရတော့မယ် ဆိုရင်.. မင်းရဲ့ဝိညာဉ်အကုန်လုံး ကုန်သွားရင်တောင်မှ လောက်မှာ မဟုတ်ဘူး”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now