part146

249 19 0
                                    

unicode

အခန်း-၁၄၆

“ဒါဆို ဆရာ ကျွန်တော့်ကို ခွင့်ပြုပါအုံး”

ဟူအာက ကျန်းမင်ရှီနတ်မင်းကို နှုတ်ဆက်ပြီးနောက် သူ၏မိုးကြိုးနီနန်းဆောင်သို့ ပြန်လာခဲ့လိုက်သည်။

“နန်းဆောင်သခင် ပြန်လာပြီလား”

နန်းဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် ထိုများပြားလှသော နတ်အစေခံငယ်များက ကြိုဆိုနှုတ်ဆက်ကြလေသည်။ ထိုနတ်အစေခခံငယ်များကို ကြည့်လိုက်ပြီးနောက် ဟူအာ စိတ်ရှုပ်ထွေးသွားမိသည်။

သူ၏ မိုးကြိုးနီနန်းဆောင်က ကဇာတ်ရုံတစ်ခု အဖြစ်သို့ ဘယ်တုန်းကများ ပြောင်းလဲသွားပါလိမ့်။ သူတောင်မှ မသိလိုက်ရချေ။

“မေ့ဟော်.. ကျွင်းကျီ”

ဟူအာ ခေါ်လိုက်သည်နှင့် လုံဆစ်အပါအဝင် နန်းဆောင်ထိန်းသိမ်းစောင့်ရှောက်သူ နှစ်ဦးက ဟူအာအနားတွင် ရောက်လာ၏။

“အရှင့်သား နန်းဆောင်ကို ပြန်ရောက်လာတာကို ကြိုဆိုပါတယ်”

လုံဆစ်၊ မေ့ဟော်နှင့် ကျွင်းကျီက ဟူအာကို ပြိုင်တူ နှုတ်ဆက်လိုက်ပြီးနောက် ကျန်သော အစေခံများကလည်း ညီညီညာညာ နှုတ်ဆက်လာသည်။ ဟူအာ ပို၍ပင် ရှုပ်ထွေးသွားရ၏။

ဟူအာ ထိုလှပချောမောလှသည့် နတ်အစေခံဝတ်စုံဖြင့် အမျိုးသမီးနတ်သူငယ်များကို မေးငေါ့လိုက်ပြီးနောက် မေ့ဟော်ကို မေးမြန်းလိုက်သည်။

“ငါ့နန်းဆောင်မှာ ဘယ်လို ဖြစ်ပြီးတော့ အစေခံတွေ ဒီလောက်များနေရတာလဲ။ ငါ့ ခမည်းတော်ရဲ့နန်းဆောင်တောင်မှ ငါ့နန်းဆောင်လောက် မများဘူး”

“ဒါ.. ဒါက..”

မေ့ဟော်က ထစ်အနေပြီးနောက် ဟူအာရှေ့တွင် ဖုတ်ခနဲ ဒူးထောက် ထိုင်ချလိုက်သည်။

“ဒီအစေခံက ကောင်းကင်အစေခံကွပ်ကဲရေးကနေ အစေခံတွေ နေ့တိုင်း ပေးပို့နေတာကို မတားဆီးနိုင်ခဲ့ပါဘူး။ ပြီးတော့ သူတို့တွေက သင့်တော်တဲ့ အကြောင်းပြချက် ကိုယ်စီနဲ့ ဒီနန်းဆောင်မှာ လအနည်းငယ်စီ တာဝန်ထမ်းဆောင်ကြမှာ ဖြစ်ပြီးတော့ သင့််တော်တဲ့ တန်ကြေးကိုလည်း ကောင်းကင်အစေခံကွပ်ကဲရေးကနေဘဲ ပေးမှာ ဆိုတော့ ဒီအစေခံက အဲဒီအကြောင်းအရင်းကို ကိုင်တွယ်ဖို့ အင်အား အလုံအလောက် မရှိခဲ့ပါဘူး။ ဒါကြောင့် ဒီလိုမျိုး ဖြစ်သွားပါတယ်”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now