part 106

179 13 0
                                    

unicode
အခန်း-၁၀၆

ဟူအာက ထိုစကားအဆုံးတွင် တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။

“ကျွန်တော်က အိမ်ရှေ့မင်းသားမှ မဟုတ်တာ၊ အဲဒါမျိုးတွေကို သည်းခံပြီး အကွက်ချနေနိုင်မှာ မဟုတ်ဘူး”

အိမ်ရှေ့မင်းသားက ဟူအာကို မည်သည့်စကားမှ မဆိုတော့ဘဲ နှင်းများ အဆုပ်လိုက် ဖြစ်နေသော လမ်းပေါ်သို့ လျှောက်သွားလိုက်သည်။

မကြာမီတွင် ရေခဲချောက်၏ အလယ်ဖြစ်သော ရေခဲစံအိမ်တော်သို့ ရောက်ရှိလာသည်။ ရေခဲစံအိမ်တော်က လွန်ခဲ့သော နှစ်သန်းပေါင်းများစွာ ကတည်းက မည်သည့်နတ်တစ်ပါးမှ မနေနိုင်ခဲ့သော နေရာ ဖြစ်သည်။

ရေခဲချောက်၏ အအေးဓာတ်သည် သာမန်အေးစက်ခြင်းမျိုး မဟုတ်ပေ။ နတ်တစ်ပါး၏ ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်သည့် အေးစက်ခြင်း ဖြစ်သည်။

ရေခဲချောက်သည် တစ်နှစ်ပတ်လုံး နှင်းပွင့်များ ကျဆင်းလေ့ ရှိသော နေရာ ဖြစ်သည့် အားလျော်စွာ ရေခဲချောက်အတွင်းရှိ စံအိမ်တော်က နတ်မီးဖြင့် တောက်ပလျက် ရှိသည်။ အကယ်၍သာ ထိုနတ်မီးများ ငြိမ်းသေသွားပါက စံအိမ်အတွင်း နေထိုင်သူများက တစ်ရက်တာ၏ ရှစ်ပုံတစ်ပုံအတွင်း သေဆုံးသွားနိုင်ပေသည်။

ထို့ကြောင့် သာမန်နတ်စွမ်းအား ရှိသော နတ်တစ်ပါးအတွက် ရေခဲချောက်က မလာသင့်သော နေရာတစ်ခုဟုပင် ဆိုနိုင်၏။ ထိုရေခဲနတ်မင်း ပင်းရှီဖန်တီးထားသော ရေခဲအမြုတေ ရုပ်ထုများကို ထိတွေ့ပြီး သန့်ရှင်းရေး လုပ်ရန်မှာ ပြောရန်ပင် မလိုတော့ပေ။

ရေခဲစံအိမ်တော်အတွင်းသို့ ဝင်လိုက်သည်နှင့် ကျိုးလျန်နတ်မင်းက ရေနွေးတစ်ခွက်ကို ကိုင်ပြီး လျှောက်လာသည်။

“မင်းတို့ ရောက်လာကြပြီလား၊ ခုနကလေးတင် ဒီကို မင်းနဲ့ တလီကျိုးဟူ ရောက်လာမယ်လို့ နတ်သမန်တော်က သံတော်ဆင့်သွားတယ်”

ကျိုးလျန်နတ်မင်းက အိမ်ရှေ့မင်းသားကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံမနေပေ။ ဆိုရလျှင် ထိုသို့ ယဉ်ကျေးစွာ ဆက်ဆံရမည့် ဆက်ဆံရေးမျိုးက တလီယီမင်နှင့် ကျိုးလျန်ကြားတွင် ရှိမနေဟု ကျိုးလျန်က တစ်ထစ်ချ ယုံကြည်ထားပြီး ဖြစ်သည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now