Part 160

73 11 0
                                    

အခန်း-၁၆၀

ကျိုးဟူက ချက်ချင်းပင် ထိုနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။ ချင်းဆစ်နတ်မင်းက သူ့လက်ကို အားဖြင့် ဆွဲထားလိုက်ပြီးနောက် ပြောသည်။

"ခဏလေး မင်းရဲ့ သွေးကြောတွေက တည်ငြိမ်နေတယ်"

ကျိုးဟူက ထိတ်လန့်စွာဖြင့် ချင်းဆစ်နတ်မင်း၏ လက်ထဲမှ သူ့လက်ကို စတင်ရုန်းကန်တော့သည်။

"သွေးကြောတွေ တည်ငြိမ်နေတာနဲ့ ဘာဆိုင်လို့လဲ။ ကျွန်တော်အမေ့ဆီ မြန်မြန်သွားရမယ် ကျွန်တော် မပေါက်ကွဲခင် အချိန်ဘယ်လောက် ရသေးလဲ"

ချင်းရန်နတ်မင်းက မျက်လွှာချလိုက်ပြီးနောက်၊

"မင်းက အခြေခံဆေးပညာကိုတောင် မသင်ထားရဘူးလား။ ငါ အဲဒီကျန်းလူအိုကြီး မင်းကို ဘာတွေ သင်ပေးနေမှန်း တကယ် စိတ်ဝင်စားလာပြီ မင်းပေါက်ကွဲမယ် ဆိုရင် ပထမဆုံး မတည်ငြိမ် ဖြစ်လာမှာက မင်းရဲ့ သွေးကြောတွေပဲလေ။ အခုထိတော့ တည်ငြိမ်နေသေးတယ် ဆိုမှတော့ မင်း အဆင်ပြေသေးတဲ့ပုံပဲ။ မင်းအမေကို ခဏလောက် သွားမရှုပ်ခင် ငါတို့ မင်းကို သေချာစမ်းသပ်ပေးမယ်"

ချင်းရန်နတ်မင်းကပါ ဟူအာ၏ နောက်ထပ် လက်တစ်ဖက်ကို ဖမ်းကိုင်လိုက်ပြီးနောက် စစ်ဆေးလိုက်သည်။

"တည်ငြိမ်နေတုန်းပဲ။ မင်းရဲ့ အသက်ဓာတ်လည်ပတ်မှုက ဘယ်လိုနေလဲ။ တုန်ယင်နေလား။ တစ်ခုခု ခံစားရလား။ တင်းကြပ်တာမျိုး မတည်ငြိမ်တာမျိုး.."

"မရှိဘူး"

ကျိုးဟူ ပြန်ဖြေလိုက်တော့ ချင်းရန်နတ်မင်းက နားမလည်နိုင်ဟန်ဖြင့်။

"ဟုန်လျန်နတ်မင်းရဲ့ နတ်အသက်ဓာတ်တွေက တိုက်စားမှုနဲ့ ဖျက်ဆီးမှုမှာ ထိပ်တန်းပဲ။ ဘယ်သူက မထိန်းသိမ်းထားနိုင်ဘူး။ မင်းအဖေတောင်မှ ဒီအသက်ဓာတ်တွေကို ထိန်းသိမ်းထားနိုင်ဖို့ မဖြစ်နိုင်ဘူး။ မင်းက အံ့သြဖို့ ကောင်းတာပဲ"

ချင်းဆစ်နတ်မင်းက ပြောပြီးနောက် သူ့လက်တွေကို လွှတ်ချပေးလိုက်သည်။

"လောလောဆယ်တော့ မင်း အန္တရာယ်မရှိဘူး။ ဒါပေမဲ့ သေသေချာချာ စစ်ဆေးဖို့ လိုတယ်။ မင်းရဲ့နန်းဆောင်ကို ပြန်ရောက်ရင် နတ်သမားတော်ဘုရင်ကို ဆင့်ခေါ်လိုက် သူတို့က တော်ဝင်အခမ်းအနားနဲ့ နတ်တွေကို စောင့်ရှောက်ရမဲ့တာဝန်ရှိတယ်"

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now