part97

187 24 0
                                    

unicode
အခန်း ၉၇

ဟူအာ ရှီဝမ်နန်းဆောင်မှ ထွက်လာပြီး မိုးကြိုးနီနန်းဆောင်သို့ သွားလိုက်သည်။ သိပ်မကြာမီတွင် ဟူအာ အနောက်မှ လိုက်လာသော ကောင်းကင်အကာအကွယ်နန်းဆောင်မှ အစေခံငယ်လေးက မြေပုံစာရွက်တစ်ခုကို ကမ်းပေးလာ၏။

“အရှင့်သား အိမ်ရှေ့မင်းသားက မြေပြင်နတ်ဒေသအတွက် ထုံလုတောင်မြေပုံကို ပေးလိုက်ပါတယ်၊ ကျိုးဖန့်သုန်နတ်မင်းက ထုံလုတောင်နားမှာ နေတာမို့လို့ မသွားသင့်တဲ့နေရာနဲ့ တချို့ အမှတ်အသားတွေကို အိမ်ရှေ့မင်းသား ကိုယ်တိုင်က မှတ်သားပေးလိုက်တာပါ”

ဝါကျင်ကျင် စာရွက်အပိုင်းလေးကို လှမ်းယူလိုက်ပြီးမှ ဟူအာ သက်ပြင်းချလိုက်မိသည်။ မနေ့ညတုန်းက ကိစ္စအတွက် မဖြစ်နေ တောင်းပန်စကား ဆိုရအုံးမည် ဖြစ်၏။

“ကောင်းပြီ ငါသွားလိုက်မယ်လို့ သူ့ကို ပြောပေးပါ”

“ကောင်းပါပြီ အရှင့်သား”

နတ်အစေခံငယ်လေး ထွက်သွားမှ ဟူအာ ထိုဝါကျင်ကျင် စာရွက်ငယ်လေးကို ခေါက်ပြီး သိမ်းလိုက်သည်။

“ကျွင်းကျီ..”

“ကျွန်တော် ရှိပါတယ် အရှင့်သား ဘာလုပ်ချင်တာလဲ”

“ထုံလုတောင်ကို သွားမယ်”

“ထုံလုတောင်လား ကောင်းပါပြီ”
မေ့ဟော်ကို နန်းဆောင်အား စောင့်ကြည့်ရန် မှာကြားပြီးနောက် ထုံလုတောင်အနီးတွင် ရှိသော မြေနတ်ဒေသသို့ ရောက်ရှိလာသည်။

ကျွင်းကျီက မြေနတ်များကို လိုက်ကြည့်ပြီးနောက် ပြောလာသည်။

“မြေနတ်တွေနဲ့ ကောင်းကင်နတ်တွေက တကယ်ကို ကွာခြားချက် ကြီးတာပဲနော်”

“အခုတော့ သိပ်ပြီး မကွာခြားတော့ဘူးလို့ ကြားတယ် သူတို့မှာလည်း ကိုယ်ပိုင်အသက်ဓာတ် ရှိသွားပြီလေ”

ကျွင်းကျီက လေထဲတွင် တည်ရှိနေသော အသက်ဓာတ်ကို စမ်းသပ်လိုက်ပြီးနောက် အတွန့်တက်ပြန်သည်။

“မြေပြင်ဒေသက နတ်အသက်ဓာတ်က တကယ်ကို နိမ့်ပါးတယ်နော်။ ကောင်းကင်နန်းတော်နဲ့ တကယ်ကွာခြားတယ်”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now