part 76

202 30 0
                                    

unicode
အခန်း (၇၆)

ကျိုးဟူက အလွန်အမင်းကို စိတ်ထိခိုက်သွားဟန်ဖြင့် ထိုနေရာမှာတင် ထိုင်ချလိုက်ကာ ငြိမ်သက်သွား၏။ ဒီကလေးက ဘယ်နှယ့်လုပ်ပြီးတော့ ဒီလောက်တောင်မှ စိတ်ထိခိုက်လွယ်ရတာလဲ၊ ဘယ်လို အတွေးတွေနဲ့များ တွန်းကန်နေရတာလဲ၊

ပြိုလဲကျသွားတော့မလို ယိမ်းထိုးသွားသဖြင့် ကျန်းမင်ရှီ ထိန်းကိုင်လိုက်ပြီးနောက် မျက်လုံးအစုံ ပြန်ပွင့်လာတော့ ထိုသူသည် တင်းမာသော မောက်မာသော မျက်ဝန်းနီတို့ဖြင့် မဟုတ်တော့ပါပဲနှင့် အညိုရောင်ကဲသော မျက်ဝန်အိမ်တို့ဖြင့်၊ ထိုသူက..၊

“ဆရာ၊ ကျွန်တော် ဒီလို ဘယ်လို ရောက်နေတာလဲ၊ ကျွန်တော် အပင်အောက်မှာ လေ့ကျင့်နေရာက..”

ကျန်းမင်ရှီ တစ်ခုတော့ အတွေးပေါက်မိသည်။ ကျိုးဟူက ဟူအာ၏တည်ရှိမှုကို သိနေပြီး ဟူအာက ကျိုးဟူ၏ တည်ရှိမှုကို မသိခြင်းက မဖြစ်သင့်ဟု ထင်မိသည်။

“မင်း ကောင်းကင်အကာကွယ်နန်းဆောင်မှာ ဝေယျာဝိစ္စဆောင်ရွက်ပေးရမယ်လို့ ကောင်းကင်မင်းကြီးက အမိန့်ချလိုက်တယ်”

“ဘာလို့လဲ၊ ကျွန်တော်က ဘာများ ကျူးလွန်မိလို့”

“ပိုင်ဟုန်ဟူနတ်သားကို ကောင်းကင်အကာအကွယ်နန်းဆောင်ကို ခေါ်ဆောင်ဖို့ ရောက်လာတာပါ”

ဟူအာအား တစ်ဖက်တစ်ချက်စီ ကိုင်ဆွဲကြရန် ကောင်းကင်မှ စစ်သည်များက ပြင်ဆင်ကြသည်တွင် လုံဆစ်က ထိုနေရာမှ ပေါ်လာခဲ့ပြီးနောက်၊

“အစ်ကိုတို့ ပင်ပန်းကြပါပြီ၊ ကျွန်တော်ကပဲ ဒီမြေခွေးငယ်လေးကို ခေါ်ဆောင်သွားပါ့မယ်”

“မဖြစ်ဘူး၊ သေချာလိုက်ပို့ပေးဖို့က ကျွန်တော်တို့ တာဝန်ပါ”

ထိုစစ်သည်တို့က ငြင်းဆိုသည်မို့ လုံဆစ်က ပိုင်ဟုန်ဟူအား အနားသို့ ဆွဲလိုက်ပြီးမှ၊

“မင်း အရှေ့ကသွား”

“ကောင်းပြီလေ၊ ဒါနဲ့ ငါ့ကို ဘာလို့ ဒီလို အပြစ်ပေးရတာလဲ ဆိုတာကို ငါ့ကို တစ်ယောက်ယောက်က ရှင်းပြပေးနိုင်မလား”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now