Part 40

304 41 1
                                    

အခန်း (၄၀)

“ယီမင် ငါ သူ့ရဲ့ ကံကြမ္မာမှတ်တိုင်ကို ဖတ်ခဲ့ရတယ်..”

ဆစ်ကျီ ထံပါးမှ လှည့်ထွက်လာပြီး သားနှင့် ဇနီးကို လိုက်ရှာရန် ပြင်နေသော ယီမင်၏ ခြေလှမ်းတွေ တုန့်ခနဲ ရပ်သွားမိ၏။ ဆစ်ကျီ နတ်မင်းက ယီမင်၏ အရှေ့တွင် ပြန်လာရပ်ပြီးနောက်..

“ပိုင်ဟုန်ဟူ.. အသက် နှစ်တစ်သောင်းမှာ.. ကောင်းကင်ကို ဖြိုချမယ်လို့ ပြောထားတယ်..”

ယီမင် မျက်နှာတွင် အပြုံးတို့ ဆိတ်သုန်းသွားလေပြီ။ အခုတွင်မှ ဆစ်ကျီနတ်မင်း ဘာကို နာကျင်ပြီး ဆေးကုသမှု ခံယူလိုက်ရတာလဲ ဆိုတာကိုပါ နားလည်သွား၏။

“ယီမင် ကံကြမ္မာ မှတ်တိုင်တောင်ကို သွားလိုက်အုံးမယ်..”

“မလိုတော့ဘူး ငါဖျက်စီးခဲ့ပြီ..”

ယီမင် ဆစ်ကျီအား နားမလည်နိုင်သော မျက်ဝန်းတို့ဖြင့် လှမ်းကြည့်လိုက်မိသည်။

“ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကို.. ဘယ်လိုပဲ ဖြစ်ဖြစ် သူက ယီမင်ရဲ့ သွေးသား ဖြစ်နေတာကြောင့်.. ယီမင်မှာ ကာကွယ်ဖို့ တာဝန် အပြည့် ရှိပါတယ်..”

ထိုစကားတွင်တော့ ဆစ်ကျီက ခပ်အေးအေး ကြည့်လာပြီး..

“မင်းမှာ ရွေးချယ်ဖို့ကို ဒီလောက် ပြတ်သားတယ်လို့ မထင်ဖူးဘူး.. ဒါပေမယ့် ငါ ဆစ်ကျီ ဒီတစ်ကြိမ်တော့ သွေးသား ဆိုတာကို မေ့ထားမှ ဖြစ်မှာ..”

ယီမင် ဆစ်ကျီအား ဘေးသို့ ရှောင်ဖယ်ပြီးမှ.. ရှေ့သို့ နှစ်လှမ်းမျှ လှမ်းလိုက်ပြီး..

“ကံကြမ္မာနိမိတ်ကို တားဆီးဖို့ နည်းလမ်းတစ်ခုခုတော့ ယီမင် ရှာတွေ့မှာပါ..”

“မင်းက ကောင်းကင်ရဲ့ အိမ်ရှေ့စံ..”

“ကောင်းကင် အိမ်ရှေ့စံဟာ သူ့မိသားစုကို မကာကွယ် နိုင်သေးပဲနဲ့ တခြားသော နယ်ပယ်ဒေသတွေကို ကာကွယ်နိုင်ပါ့မလားလို့ ယီမင် သံသယ ရှိပါတယ်..”

ယီမင် ဆစ်ကျီ အနားမှ ထွက်လာတော့ သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။ ကောင်းကင်နဲ့ ချီပြီး ရွေးချယ်ဖို့ ဖြစ်လာရင် တတ်နိုင်ပါ့မလားလို့ ဘယ်တုန်းကမှ ယီမင် မတွေးကြည့်ဖူးတာတော့ သေချာသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now