Part 44

284 43 1
                                    

အခန်း (၄၄)

သိပ်မကြာမှီတွင် ဂူအတွင်းသို့ ဖုန့်ဟွာမ့်က ဝင်ရောက်လာပြီး ပိုင်လင်နှင့် ကျိုးလော့အော်အား တိုက်ခိုက်တော့သည်။ ပိုင်လင်၏ မြေခွေးအမြုတေနှင့် ဖုန့်ဟွာမ်၏ မီးငှက် အမြုတေ နှစ်ခု ပြင်းထန်သော အားဖြင့် တိုက်မိသည်တွင် နတ်သက်ကယ် ရေခဲကား.. ကွဲကြေ သွားတော့၏။ ထိုတွင် အဖြူအလင်းကြားမှ.. အနီရောင် ဝိညာဉ်ငယ်လေးက ထွက်လာခဲ့သည်။
ကျိုးလော့အော်က ကမ်းယူလိုက်တော့ အနီရောင် ဝိညာဉ်ငယ်အတွင်းသို့ အလင်းတန်း အဖြူလေးက ဝင်ရောက်သွား၏။ နောက်တစ်ခုတွင် ခရမ်းရောင် လက်တောက်နေသော.. ဝိညာဉ်ငယ်၏ ပင်ကိုယ် စွမ်းအားတို့သည်.. အလိုလျောက်ဖြင့် ကျိုးမျိုးနွယ် စွမ်းအားဖြင့် စည်းရှစ်ချက် တားဆီးခြင်း ခံလိုက်ရတာကို သေချာ မြင်တွေ့လိုက်ရသည်။
“ယီမင်က နဂိုရ်တည်းက သူ့သားကို ကောင်းကင် အလင်းတန်း ပေးထားပြီးသားကိုး.. ဒီကလေး ဆီက အနန္တစွမ်းအားကြောင့် မြေခွေး အသက်ဓာတ်ကို ငှားသုံးထားသလို ဖြစ်နေတာ.. အနန္တစွမ်းအားကြောင့် စွမ်းအားတွေကော.. အသက်ဓာတ်တွေပါ ရှုပ်ထွေးနေတာ.. တစ်ခုချင်းစီ ဖြေရှင်းဖို့ နည်းလမ်း ဘယ်နှစ်ခုတောင် လိုမလဲ..”
ဒါက ဘယ်လိုမှ အေးအေးစွာ ဖြေရှင်းလို့ ရသော ပြသနာ မဟုတ်ဘူး ဆိုတာ ဆစ်ကျီ ကောင်းစွာ နားလည်သည်။ လက်ရှိတွင် ယီမင်က သိထားပြီး ဖြစ်သော်လည်း.. ရင်းအာက မသိသေးလို့သာ တော်တော့သည်။ ရင်းအာ၏ စိတ်နေသဘောထား အရ ဆိုလျှင်.. သူမ၏ သားကို ဘယ်လိုမှ ထိုသို့ မော်ကြွားခြင်း မရှိ သိမ်ငယ်စွာ နေထိုင်နေရတာကို လက်ခံမှာ မဟုတ်သည်မှာ သေချာသလောက် ရှိသည်။
“သခင်..”
ဖုန့်ဟွာမ်၏ ခေါ်သံက တိုးတိုးသဲ့သဲ့..၊ ဖုန့်ဟွာမ်ကို ဆစ်ကျီ ကောက်လာတုန်းက ပြောရရင် ယီမင်နဲ့ ရင်းအာ မင်္ဂလာဆောင်တဲ့ ကာလသို့ အတွေးက ပြန်ရောက်ရှိသွား၏။ ထိုစဉ်ကာလက ဆစ်ကျီအား ရင်းအာ၏ ဆရာအဖြစ်အပြင်.. ဦးလေး အဖြစ်ပါ မင်္ဂလာပွဲသို့ ချီးမြှင့်ပေးကြလိမ့်မည်ဟု နတ်အများက ထင်မြင်ခဲ့ကြသည်။
သို့သော် ဆစ်ကျီက မင်္ဂလာဆောင်တွင် ပျော်ရွှင်နေမည့် ရင်းအာအတွက် အေးစက်မှု တစ်စုံတစ်ရာကို မလိုအပ်ဘူးဟု သတ်မှတ်ကာ အရှေ့မီးပင်လယ်သို့ အလည်သွားခဲ့သည်။ မီးပင်လယ်၏ လက်ရှိ ဘုရင် ရန်ချင့်က ဖော်ရွေစွာ ကြိုဆိုခဲ့သော်လည်း.. မီးပင်လယ်တွင် ရက်ကြာကြာ မနေဖြစ်ပဲ အရှေ့တောင်ပိုင်း ပင်လယ်သို့ ကူးသန်းလျက် အလည်သွားခဲ့သည်။
အရှေ့ပင်လယ်နှင့် အရှေ့တောင်ပင်လယ် လမ်းတွင် ကလေးငယ်များ.. ရိုက်နှက်ထားသည့် ငှက်နီလေး တစ်ကောင်ကို တွေ့ရှိခဲ့သည်။ ထိုငှက်လေးအား သေချာ ကြည့်လိုက်သည်နှင့် ထိုသူမသည် ရန်မျိုးနွယ် ဆိုတာကို အထူးပြောပြရန် မလိုလောက်အောင်ပင် မီးနတ်စွမ်းအားက သူမထံတွင် သက်ရောက်နေ၏။ ကံဆိုးမှုကြောင့် သူမကား.. ရန်နတ်မျိုးနွယ် စစ်စစ် မဟုတ်ပဲ.. သေဆုံးခြင်း မိစ္ဆာတစ်ဝက် ဖြစ်နေသည်။
ကြည့်ရတာ နတ်လောကကို ဝင်ရောက်ဖို့ ကြိုးစားရာမှ ရန်မျိုးနွယ်က လက်မခံဟန် တူ၏။ ဆစ်ကျီ အထွေအထူး တွေးတော မနေတော့ပဲ ထိုငှက်ငယ်လေးကို အိတ်အတွင်းသို့ ကောက်ထည့်လိုက်ပြီး အရှေ့တောင်ပင်လယ်သို့ ခရီးဆက်ခဲ့သည်။ ကံဆိုးခြင်း ကံကောင်းခြင်း ဖြစ်တည်မှုကား.. အရှေ့တောင်ပင်လယ် နန်းတော်တွင် ဖြစ်ပွားခဲ့၏။
ဆစ်ကျီ ဝင်ရောက်သွားသည်နှင့် အရှေ့တောင် ပင်လယ် နန်းဆောင်မှ နတ်စွမ်းအားတွေ စုတ်ယူခံရခြင်း ဖြစ်သည်။ နတ်စွမ်းအား ဆိုတာထက် ခံစားချက်ဟု ဆိုလျှင် ပိုမှန်မည်။ ထိုဖြစ်ရပ်ကို သတိထားမိတော့.. ဆစ်ကျီ ယူဆောင်လာသော မီးငှက်လေးကို မသင်္ကာဖြစ်ပြီး.. ထုတ်ကြည့်တော့မှ သူမကား.. အရောင်အသွေးတို့ဖြင့် လှပကြီးထွားနေသော.. မီးငှက်တစ်ကောင် အဖြစ်သို့ ကူးပြောင်းသွားလေပြီ။
မြင့်မားသော မီးအမြုတေကို ပိုင်ဆိုင်ထားသော သူမအား တိတ်တဆိတ် စောင့်ရှောက်ရန် မဖြစ်နိုင်သောကြောင့် ဆစ်ကျီ ကောင်းကင်သို့ ချက်ချင်းပင် ပြန်လာပြီး တလီညီလာခံတွင် တင်ပြပြီး သူမ နေထိုင်ရန် သခင်ကို တောင်းဆိုခဲ့သည်။ သို့သော် ခံစားချက် စားသုံးသော နတ်မိစ္ဆာမျိုးအား.. မွေးမြူထားရန်မှာ နတ်မင်း အတော်များများက ငြင်းဆန်ခဲ့ကြ၏။
ထို့အတွက် နောက်ဆုံးတွင် ခံစားချက်မဲ့ ဂါထာ စီးမြောထားသော ဆစ်ကျီ သာလျှင် ရန်ဖုန့်ဟွာမ်၏ သခင် ဖြစ်လာခဲ့သည်။ လွန်ခဲ့သော နှစ်တစ်သိန်းကာလတုန်းက သူမကို ခေါ်လာခဲ့ခြင်းမို့ သူမ၏ အသက်ကား နှစ်တစ်သိန်း အလွန်တွင် ရှိလေသည်။
ဆစ်ကျီ ခေါ်လာတုန်းက နှစ်ခြောက်ရာကျော်သာ ရှိသေးသော နတ်မိစ္ဆာငယ်လေးက အခုတော့.. အသက် တစ်သိန်း အလွန်တွင် ကောင်းကင် အိမ်ရှေ့စံ၏ သားတော် အနီရောင် မိုးကြိုး နန်းဆောင် ပိုင်ရှင်၏ မျက်စိ ကျခြင်းကို ခံရလေသည်။
“သခင်.. ဖုန့်ဟွာမ်ရဲ့ မီးအမြုတေက.. မြေခွေးအမြုတေကို ဖျက်စီး ပစ်လိုက်ဖို့ အသုံးပြုလိုက်လို့ နှစ်တစ်ထောင် နောက်ပိုင်းမှာ.. အက်ကွဲလာတယ်..”
ဆစ်ကျီ ဖုန့်ဟွာမ်အား လက်ဖြင့် ဝှေ့ယမ်းလျက် စစ်ဆေး ကြည့်တော့.. ဒါက အဟုတ်ပဲ ဆိုတာကို လက်ခံလိုက်ရသည်။
“အစပိုင်းမှာ ဖုန့်ဟွာမ်က မသိပဲနဲ့.. နတ်စွမ်းအားကို အသုံးချမိတော့ အခုဆို မီးအမြုတေက ပြိုကွဲတော့မလို ဖြစ်နေပါတယ်.. သခင်..”
ဒါကို တကယ်တမ်းမှာ ဆစ်ကျီ စိတ်မကောင်း ဖြစ်သင့်သော်လည်း မနက်ကတည်းက ခံစားချက်မဲ့ ဂါထာကို ရွတ်ဆို စီးမြော ထားပြီးသားမို့ ဆစ်ကျီ အေးစက်စက်သာ ဖြစ်နေမိသည်။ သဘာဝနှင့် ဆက်စပ်နေသော နတ်တစ်ပါးတွင် အမြုတေက အရေးကြီးသည်။ အမြုတေ မပါဝင်သော မျိုးနွယ် ဆို၍ ကျိုးမျိုးနွယ်သာ ရှိတာမို့ တခြားသော နတ်များ အားလုံးအတွက် အမြုတေက အရေးပါသည်။
တလီနတ်မျိုးနွယ်တို့တွင် အချိန်၏ အမြုတေ ပါဝင်သည်။ ရန်မျိုးနွယ်ကား ဟော်ရဲ့နတ်မင်း၏ ဆက်ခံသူ မျိုးဆက် ဖြစ်သဖြင့် မီးအမြုတေကို ပိုင်ဆိုင်ကြသည်။
ယီမင်ကား.. အရှေ့တောင် ပင်လယ်ဒေသမှ ဖုန်းမျိုးနွယ် ဆက်ခံသူ မျိုးဆက် ဖြစ်သော်လည်း ကောင်းကင်၏  အိမ်ရှေ့စံ ဖြစ်သဖြင့် ကောင်းကင်မင်းကြီးမှ တလီ မျိုးဆက်၏ ဆက်ခံသူ မျိုးနွယ်ကို ယူစေခဲ့သည်။ ထို့အတွက် ယီမင်ကား တလီ မျိုးနွယ် ဖြစ်သော်လည်း အမြုတေကတော့ ဖုန်းဝူ ဘက်သို့ လိုက်လျက်.. နဂါးအမြုတေ ဖြစ်ခဲ့သည်။
“ငါ မင်းအတွက် နည်းလမ်း ရှာပေးမယ် ဒီအတောအတွင်း နတ်စွမ်းအားကို အခြေခံ စွမ်းအားထက် ကျော်လွန်ပြီး အသုံးမပြုနဲ့..”
“သခင်.. ဖုန့်ဟွာမ် လူသား မန္တာန်ကို ရေရွတ်မိလို့.. မိုးကြိုးဖြူ ငါးချက် ဒဏ်ကို ခံထားရပါတယ်..”
ဆစ်ကျီ သက်ပြင်း ချလိုက် မိတော့သည်။ နတ်တစ်ပါး၏ ဖွဲ့စည်းမှုတွင်.. အသက်ဓာတ်..၊ နတ်ဝိညာဉ်..၊ နတ်စွမ်းအား..၊ အမြုတေ..၊ နတ်ခန္ဓာကိုယ်မှ အရေးကြီး အစိတ်အပိုင်း.. နှလုံးသား..၊ ငါးမျိုးဖြင့် ဖွဲ့စည်းသည်တွင် ကျိုးမျိုးနွယ် သည်သာ ခွဲထွက်လျက် အမြုတေ မပါဝင်ပဲ နတ်ဝိညာဉ်များစွာ ပါဝင်သည်။
ငါးမျိုးသော အစိတ်အပိုင်းများတွင် နှစ်ခုမျှ ထိခိုက်ထားပါက ထိုနတ်သည် မကြာမှီ စုတေတော့မည်ဟု ပြော၍ ရသည်။ ယခု ဖုန့်ဟွာမ် ဆိုလိုချင်တာက သူမသည် သူမ၏ အမြုတေကို ထိခိုက်ထားသည့် အပြင် သူမက မိုးကြိုးဖြူ ဒဏ် ထိထား၍ ဝိညာဉ်ပါ ထိခိုက် ထားသည်ဟု ဆိုလိုသည်။
“ဖုန့်ဟွာမ်.. မင်း နှစ်တစ်ထောင်လောက် အတွင်းမှာ ကိစ္စတွေ အများကြီး ဖြစ်ပျက် သွားတာပဲ..”
“သခင်.. ဖုန့်ဟွာမ် အမြုတေကို ပြန်ပြီး ပြုပြင်ဖို့ လိုပါတယ်.. ဝိညာဉ်က ဒဏ်ထိထားပေမယ့်.. ဖုန့်ဟွာမ် ခံနိုင်ရည် ရှိပါသေးတယ်..”
“ဝိညာဉ်ကို ငါ ရင်းအာကို ကုသဖို့ အကူညီ တောင်းပေးမယ်.. အမြုတေကို ပြုပြင်ဖို့တော့ မင်းလာခဲ့တဲ့ လောကကို ပြန်ဖို့ လိုတယ်..”
“ဖုန့်ဟွာမ် သိပါပြီ..”
“ဖုန့်ဟွာမ်.. မင်း ရန်ချင့်ကို မတရားဘူးလို့ တွေးမိလား..”
“ဖုန့်ဟွာမ်.. မွေးကတည်းက ထာဝရ ရှင်သန်သူ မဟုတ်တော့ ထာဝရ ရှင်သန်သူ အဖြစ် မွေးလာတဲ့ အစ်ကိုကို မတရားဘူးလို့ မတွေးမိပါဘူး..”
“အဲဒါဆို ကောင်းပြီ.. မင်း သေဆုံးခြင်း လောကို ဆင်းသက်တဲ့ အချိန်မှာ မင်း ရောက်နေတာကို မသိအောင် ငါ လုပ်ထားပေးမယ်.. မင်း သွားလိုက်ပါ..”
“သခင်.. ပြောတဲ့အတိုင်း လုပ်လိုက်ပါ့မယ်..”
ပြောရလျှင် ဖုန့်ဟွာမ်က နတ်စစ်စစ် မဟုတ်လို့သာ.. နတ်လောကမှာ သူမအတွက် နေရာ အတည်တကျ တစ်ခု မရှိတာ ဖြစ်သည်။ ထို့ကြောင့်သာ ဆစ်ကျီက ဖုန့်ဟွာမ်အား.. သူ၏ နန်းဆောင် အတွင်းဝယ်.. အစေခံ အဖြစ်ထက် မွေးထားသော တိရိစ္ဆာန်ငယ် အဖြစ်သာ ထားရှိနိုင်ခြင်း ဖြစ်ခဲ့သည်။
“မနက်ဖြန် မင်း.. ရင်းအာနဲ့ စိမ့်စမ်းပြာကို လိုက်သွားပါ.. အရင်ဆုံး မင်းရဲ့ ဝိညာဉ်ကို ကုသပြီးမှ သေဆုံးခြင်း လောကကို ဆင်းသက်ပါ..”
“သိပါပြီ..”
ဖုန့်ဟွာမ်က တလင်းဂူ ခေါင်မိုးပေါ်မှ ဆင်းသက်သွားတော့.. ဆစ်ကျီ သိလိုသမျှကို သေချာ တွေးတောနေမိသည်။ ကျိုးလော့အော်..၊ ပြီးတော့.. အမြုတေ ဆုံးရှုံးပြီးတဲ့ နတ်မြေခွေး တစ်ကောင်ဟာ မသေဆုံးဘူး ဆိုတော့.. ဒီလောက် ထူးဆန်းတာ ရှိအုံးမလား..၊
“ထူးဆန်းတယ်.. နတ်မြေခွေးတွေရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်လောက်ထိ တိုးတက်လာပြီလဲ..”
ဆစ်ကျီ၏ တီးတိုးရေရွတ်မှု အဆုံးတွင် အေးစက်နေသော.. အပြုံးတစ်စက ဆစ်ကျီ၏ နှုတ်ခမ်းပါး ပေါ်တွင် ထင်ဟပ်လာတော့သည်။
“ရှောင်ရောင်း!!..”
“နတ်မင်း..”
ဆစ်ကျီက လှမ်းခေါ်လိုက်တာနှင့် ရှင်းရောင်းက မနက်ခင်း ဖြစ်၍ တလင်းရေကန် အနားတွင် ထိုင်နေရာမှ မော့ကြည့်ရင်း ပြန်ထူးသည်။
“ကျိုးဖန့်သုန် နတ်မင်းရဲ့ အိမ်တော်ကို သွားမယ်.. ပြင်ထား..”
“ကျွန်တော်ကော..”
ကျိုးယွီက ယခုမှ နန်းဆောင် အတွင်းမှ လျင်မြန်စွာ ခုန်ဆင်းလိုက်ရင်း..
“ကျွန်တော်လည်း ကျိုးဘကြီးရဲ့ အိမ်တော်ကို လိုက်လာချင်တယ်..”
“မင်း မပါဘူး.. မင်း နေခဲ့.. ခနနေ မင်း ဒေါ်လေး ဆီကို စာတစ်စောင်ထားခဲ့မယ်..”
ဆစ်ကျီက အေးဆေး သက်သာစွာဖြင့်.. ဆင်းသက်လာပြီး.. ဆစ်ကျီ၏ ကိုယ်ပိုင်ဓား ဖြစ်သည့်  ပြင်းထန်သော နတ်လက်နက် ဆယ်ခုတွင် အဆင့်ငါးအဆင့် ရှိသည့် စင်္ကြာဝဠာဓားအား ဆင့်ခေါ်လိုက်ကာ.. ရှင်းရောင်း၏ လက်အတွင်းသို့ ထည့်ပေးလိုက်ပြီး..
“ယူလာခဲ့..”
“ထပ်ပြီး ဓားသယ်ခိုင်းမလို့လား.. ကြည့်ရတာ ဆရာက ဓားသယ်ဖို့ နတ်သူငယ် တစ်ပါး လိုနေပြီ ထင်တယ်..”
ကျိုးယွီက ဆစ်ကျီ နတ်မင်းအား ပြောဆိုလိုက်သည်တွင်.. ဆစ်ကျီထံမှ အေးစက်သော အကြည့်တစ်ချက်က ဝင်းခနဲ တက်လာ၏။ ထိုအခါမှ ကျိုးယွီက မျက်နှာပိုးသတ်လျက်..
“ဆရာရဲ့ ခံစားချက်မဲ့ ဂါထာက သိပ်ပြီး မစွမ်းတော့ဘူးထင်တယ်.. ပြန်ပြီး အဆင့်မြင့်တင်ဖို့ လိုနေပြီ..”
တီးတိုးပြောလိုက်ခြင်းအား.. ဆစ်ကျီက ကြားဖြစ်အောင် ကြားလိုက်သေးလျက်..
“မင်း ပြောချင်တာ ဘာလဲ ယွီအာ..”
ယွီအာ ဆိုသော ခေါ်သံ အဆုံးတွင် ကျိုးယွီ တစ်ကိုယ်လုံး တောင့်တင်း သွားတော့၏။ ဆရာဖြစ်သူ ဆစ်ကျီ နတ်မင်းသည် ဒေါ်လေး ကျိုးရင်းအား ရင်းအာဟု ခေါ်သည်မှ လွဲ၍ မည်သူ့ကိုမှ အငယ်လေး ဆိုသော အသုံးအနှုန်းဖြင့် မသုံးနှုန်းသော ဆန္ဒ ရှိသည်။ ထို့ကြောင့်.. ဘကြီး ဖြစ်စေ အဖေ ဖြစ်စေ.. ကျိုးယွီတို့ မောင်နှမ ဖြစ်စေ မည်သူ့ကိုမှ.. လျန်အာ.. ရန်အာ ယွီအာ ဆိုပြီး မခေါ်ပေ။
ထိုသို့သော ခေါ်သံက ဒေါ်လေး မဟုတ်ပါက အန္တာရာယ် ဆိုသည့် အချက်ပေးသံတွေ ကျိုးယွီ၏ ဦးခေါင်းအတွင်း တဖြတ်ဖြတ် တလက်လက် ပြေးလွှား သွားပြီးနောက်..
“ဗွမ်း!!..”
“ဆရာ!!..”
ဗွမ်းခနဲ မြည်သံနှင့် အတူ.. ကျိုးယွီ၏ ခန္ဓာကိုယ်ကား တလင်း ရေကန်အတွင်းမှ ရေနီတွေ အတွင်းသို့ ကျရောက် သွားတော့သည်။ ကြာပန်းနီတွေ ပွင့်ချိန်ဆို ရေတစ်ကန်လုံး နီစွေ့နေလေ့ ရှိသောကြောင့် ကျိုးယွီ၏ ဝတ်ရုံ တစ်ခုလုံး ရေကန်အတွင်းမှ ရေတို့ကြောင့် နီစွေ့သွားတော့သည်။ ကျိုးယွီ၏ အော်သံက ဆစ်ကျီ၏ သလင်း နန်းဆောင် အတွင်းမှ ထွက်ပေါ် လာတော့သည်။
“မနက်ခင်းကြီးမှာ.. အခုမှ ကျွန်တော်.. ဝတ်ရုံကို သေချာ ရွေးပြီး ဝတ်လာတာကို အခုလို ရေကန်ထဲတော့ မပစ်ချသင့်ပါဘူး..”
“မင်း.. ဒီစာကို ရင်းအာကို ပို့ပေးလိုက်..”
ဆစ်ကျီ နတ်မင်းမှ သစ်ရွက်သဏ္ဍာန် စာလွှာလေးအား.. ကျိုးယွီထံသို့ ပျံသန်းစေလိုက်သည်။ ကျိုးယွီက လှမ်းဖမ်းလိုက်ပြီးမှ.. ဆစ်ကျီ နတ်မင်းတို့ ပျောက်ကွယ် သွားတာကို သေချာ ကြည့်လိုက်သေးလျက်.. ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အနားမှာ ခေါ်ထားချင်တယ် ဆိုလည်း သက်တောင့်သက်သာတော့ ရှိစေသင့်တယ် မဟုတ်လား.. ဒီဓားကြီးကို သယ်ထားမှတော့ ဘယ်သူက ကျေနပ်မှာလဲ..”
“ဆရာရော.. မင်း တစ်ယောက်တည်း ဘာတွေ ရွတ်နေတာလဲ..”
“ဒေါ်လေး.. ဆရာက နတ်သမားတော်နဲ့ ပြသပေးရတော့မယ်..”
“မင်းက မနက်အစောကြီး ရေကန်ထဲ ဘာဆင်းလုပ်တာလဲ..”
“ဦးလေးယီမင်ရော မပါဘူးလား.. ဒေါ်လေး တစ်ယောက်တည်းလား..”
“ဒီနေ့ ကောင်းကင်မှာ ညီလာခံ ရှိတယ်လေ.. နောက်ဆုံးတော့ ငါတစ်ယောက်တည်းပဲ နိုးထလာရတယ်.. ငါလည်း ဆရာဆီ ရောက်လာတာပဲ..”
“ဆရာက ကျိုးဖန့်သုန် နတ်မင်း အိမ်တော်ကို သွားမယ်လို့ ပြောတယ်.. ဒေါ်လေး အတွက်.. စာတစ်စောင် ထားခဲ့တယ်..”
“ပေး..”
ရင်းအာ လက်အတွင်းသို့ သစ်ရွက်လိပ်လေး ရောက်လာသည်နှင့် လက်ဖြင့် ဝှေ့ယမ်းလိုက်တော့ စာပါ အကြောင်းအရာ များက အသံအနေဖြင့် ထွက်ပေါ်လာသည်။
“ရင်းအာ.. မင်း ငါ့ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးကို ဆေးကုသပေးဖို့ လိုမယ်.. ငါ ပြန်မလာခင် မင်း သူ့ကို သေချာ ဂရုစိုက်ပေးလိုက်ပါအုံး..”
“ကောင်းသားပဲ ငါလည်း မကုသရတာ ကြာပြီ ဆိုတော့..”
ကျိုးရင်းမှ ဖုန့်ဟွာမ်အား.. ခေါ်ဆောင်ကာ.. စိမ့်စမ်းရေပြာအိုင်သို့ ဆင်းသက်လိုက်သည်။ ရင်းအာ၏ အနောက်မှ မီးငှက်လေးက ပျံသန်းလျက် လိုက်ပါလာပြီး ရင်းအာ ဆင်းသက်လိုက်တော့ သူမက အရိုအသေ ပြုလျက်..
“ကျိုးရင်း နတ်ဘုရားမကို ကျေးဇူးတင်ပါတယ်..”
“သွား ရေအရင် စိမ်နေလိုက်!!..”
ဖုန့်ဟွာမ်အား ရေကန် အတွင်းသို့ ဆင်းလျက် ရေစိမ်စေပြီး.. ရင်းအာ ဆေးမဖော်စပ်တာ ကြာပြီ ဖြစ်သော.. ဆေးဖော်သည့် ကျောက်တလား ဖြင့် ဝိုင်းပတ်ထားသည့် မီးဖိုးအနီးသို့ ရောက်လာခဲ့သည်။ လက်ဖြင့် ဝှေ့ယမ်းလိုက်တော့ ပစ္စည်းတွေ ဆေးပင်တွေ ဆေးဥတွေက သူ့နေရာနှင့်သူ သေသပ်လှပသွား၏။
ဒီလို မပင်ပန်းရတာမျိုး အတွက် ရင်းအာ အခြေခံ နတ်စွမ်းအားကို သဘောအကျဆုံး ဖြစ်လေသည်။ နတ်ဝိညာဉ် ထိခိုက်ထားတာကို ကုသဖို့ အတွက်.. ဇောက်ထိုး သစ်ပင်တချို့၏ အကိုင်းအခက်တွေ လိုတာမို့ ကျွန်းပေါ်တွင် ဇောက်ထိုးသစ်ပင် အပေါများဆုံး နေရာသို့ ခုန်လွှားလိုက်သည်။
တူးဆွသော အရာလေးဖြင့် တခြားသော အရာများ မထိအောင်.. တူးဆွလိုက်ပြီး ရလာသော အခက်အလက်လေးတွေကို လက်ပေါ်မှာတင် သေးငယ်စေလိုက်သည်။ ဇောက်ထိုး သစ်ပင် အခက် ပြီးတော့.. ဝိညာဉ်အားကောင်းစေဖို့.. ဝိညာဉ် အားတိုးဆေးပင် မှ အမြစ် တစ်စကို ဆွဲယူကာ ဆေးဖော်သော နေရာသို့ ပြန်လာခဲ့သည်။
ရင်းအာ၏ အသက်ဓာတ်က အလွန်အားကောင်းနေတာမို့.. ဇောက်ထိုးသစ်ပင်တွေ ကျွန်းပေါ်တွင် များပြားစွာ ပေါက်ရောက်နေတာကို တွေ့မြင်နိုင်သည်။ နတ်သက်ကယ် ရေခဲကို ပြုလုပ်တုန်းက.. ဗိုက်ထဲက ကလေးငယ်၏ အသက်ဓာတ်နှင့် ပန်းတစ်မျိုးကို ရင်းအာ မျိုးစိတ် ခွဲလျက် စိုက်ပျိုးခဲ့သည်ကို အမှတ်ရမိ၏။ ပင်းဟွာလို့ နာမည်ပေးထားသော ထိုအပင်အား ဘယ်သူ့ကိုမှ မမိတ်ဆက်ခဲ့ရတာကို တွေးမိတော့ မျက်ရည်က လျောခနဲ ဆင်းကျလာမိသည်။
ဗိုက်ထဲက ကလေးသာ အသက်ရှင်ခဲ့မည် ဆိုလျှင် ထိုကလေး၏ အသက်ဓာတ်က နှစ်တစ်ထောင် ဆိုတော့.. ထိုအပင်က သန်မာ ထွားကျိုင်းပြီး ပန်းတောင် ပွင့်လောက်ပြီ။ အခုတော့.. ထိုပန်းပင်ငယ်လေးက မရှိတော့သည့် အသက်ဓာတ်ကို ကိုယ်စားပြုဖို့ရာ တတ်နိုင်မှာ မဟုတ်ပဲ သေဆုံးလောက်ပြီပေါ့။
နတ်ဝိညာဉ် ဒဏ်ရာ ကုသဆေးကို ဖော်စပ်နေရင်းဖြင့် အပြာရောင် ပုလင်းငယ်လေးနှင့် အစ်ကိုနှစ်အတွက် ဖော်ထားမေးသော တမ်းတမေ့ဆေးပုလင်းလေးကို တွေ့လိုက်ရသည်။
ထိုဆေးအား မပေးလိုက်ရသေးခင်မှာပဲ အစ်ကိုနှစ်က ဖုန်းယွဲ့ကို ခိုးယူသွားတာမို့ မပေးလိုက်ရပဲ ဖြစ်ခဲ့ရသည်။ နှစ်တစ်သောင်း အိပ်ပျော်သွားတော့.. ယီမင်ကို အသုံးပြုဖို့ ပြောသော်လည်း ယခုတိုင် ထိုဆေးက ဒီအတိုင်းလေးပင် ကျန်နေရစ်ခဲ့သေးသည်။
“ကျိုးရင်း နတ်ဘုရားမ.. ငိုနေတာလား..”
ဆေးဖော်သော နေရာအနားတွင် အရိပ်ကို မြင်လိုက်တော့မှ ပါးပြင်မှ မျက်ရည်ကို ကမန်းကတမ်း သုတ်လိုက်ပြီးမှ..
“ငိုမိသွားတယ် ထင်တယ်.. ငါတစ်ခုခုကို သတိရမိတယ်.. မင်းရဲ့ ဝိညာဉ်က ဒဏ်ရာ ရထားပေမယ့် အများကြီး မထိခိုက်ထားပါဘူး.. မင်း အဆင်ပြေမှာပါ..”
“သခင်ကလည်း ပြောပါတယ်.. နတ်ဘုရားမက တတ်နိုင်တယ်တဲ့..”
“ဘာလိုလိုနဲ့ မင်းတောင် ဒီအရွယ် ရောက်လာပြီပဲ.. မင်းကို ဆရာခေါ်လာတုန်းက သေတော့မယ့် ငှက်လေးကို မီးကင်စားဖို့လို ထင်ခဲ့တာ..”
×××××××

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now