Part 121

195 26 0
                                    

unicode
အခန်း-၁၂၁

သူမလက်ထဲမှ ဓားက ကြမ်းပေါ်သို့ ရောက်သွားသည်နှင့် ရေဘောလုံးငယ်လေး ပြန်ဖြစ်သွားသည်။ ပြီးနောက် အခန်းထောင့်သို့ အသာအယာ လိမ့်သွားတော့၏။

သူမက ကုတင်ပေါ်မှ မတ်တပ်ရပ်လိုက်ပြီး ဟူအာကို လက်ညိုးထိုးလာသည်။ မျက်ရည်ပြည့်နေသော မျက်ဝန်းများက သူမအား တစ်စုံတစ်ယောက်က အနိုင်ကျင့်လိုက်သည့်နှယ်။

“ငါ.. မင်းကို ပြောချင်တာ မဟုတ်ဘူး”

“မင်း.. မင်း..”

သူမက ဟူအာကို မကျေမနပ် ဖြစ်လွန်းစွာဖြင့် တစ်ခုခု ပြောရန် ကြိုးစားသော်လည်း ထစ်အနေတော့သည်။

“ဒီအခန်းထဲမှာ မင်းနဲ့ငါပဲ ရှိတာ မင်းက ငါ့ကို မပြောရင် ဘယ်သူ့ကို ပြောမှာလဲ။ မင်းက ကောင်းကင်နန်းတော်က နတ်တစ်ပါးကို တိတ်တိတ်နေစမ်းလို့ လှမ်းအော်လိုက်တာလို့ ငါ့ကို ညာချင်သေးတာလား။ မင်း ငါ့ကို အထင်သေးတယ်။ ပြီးတော့ မင်း ငါ့ကို ဆူညံတယ်လို့ တွေးနေပြီးတော့ တိတ်တိတ်နေဖို့ စိတ်ထဲကနေ ကျိန်ဆဲနေတာ မဟုတ်လား”

ဟူအာက သူမ၏စကားများကို မည်သို့ ခွန်းတုံ့ပြန်ရမည်လဲ မသိတော့ပေ။ သူ၏ စိတ်ထဲတွင် ရှိနေသော နိုးထလာသည့် တလီကျိုးဟူကလည်း ရုန်းကန်နေသည်။

တလီကျိုးဟူက ရှောင်ဇီအာကို အပြင်ထွက်ပြီး စကားပြောချင်နေသည်။ ဟူအာ၏ အတွင်းစိတ်သာ အနည်းငယ်မျှ အားနည်းသွားသည်နှင့် တလီကျိုးဟူက တိုးထွက်လာတော့မည် ဖြစ်သည်။

>>မင်းက အသုံးမကျဘူး။ မင်း ဖယ်နေလိုက်။

>>မင်းသာ မထွက်လာနဲ့။ ဒီကိစ္စကို ငါ ဖြေရှင်းလိုက်မယ်

>>မင်း မမေ့လိုက်နဲ့ ငါတို့က တစ်ယောက်နဲ့တစ်ယောက် လိုအပ်တယ်။ မင်းမှာ မရှိတဲ့စွမ်းရည် ငါ့မှာ ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် မှီခိုဖို့ လိုအပ်တယ်

>>ငါ မင်းကို မလိုဘူး

တလီကျိုးဟူနှင့် ဟူအာက အပြန်အလှန် စကားများနေကြသဖြင့် ဟူအာ၏ အာရုံအားလုံးက စိတ်ထဲတွင်သာ ရှိနေပြီး ရှောင်ဇီအာကို လျစ်လျူရှုမိသလို ဖြစ်သွားသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီDonde viven las historias. Descúbrelo ahora