အခန်း ၂၉

275 39 4
                                    

အခန်း (၂၉)

နတ်များက ထိုကြာပွတ်ငယ်ကို ဖမ်းယူသည်တွင်.. ကြာပွတ်ငယ်က လျင်မြန်စွာ တိမ်းရှောင်ပြီး.. စားပွဲပေါ်တွင် ပြန်နေသည်။ ဘယ်နတ်ကမှ ဖမ်းကိုင်၍ မရဖြစ်နေသော ထိုမြင်ကွင်းက ရယ်စရာပင် ဖြစ်နေ၏။ ထိုမြင်ကွင်းကို ဟူအာ သတိလက်လွတ်ပင် ငေးကြည့်နေမိသည်။

“အိမ်ရှေ့မင်းသားနဲ့.. ကြင်ရာတော် ကျိုးရင်း နတ်ဘုရားမ လာပါတယ်..”

နတ်သူငယ် တစ်ပါး၏ အော်သံကြောင့်.. နတ်တွေ အားလုံးက ဝင်ပေါက်မှ စ၍ ဂါရဝပြုကြသည်။ ဟူအာ တစ်ဦးသာ ငေးကြောင်ကြောင်နှင့် ကျန်နေခဲ့၏။ အိမ်ရှေ့မင်းသားနှင့် ကျိုးရင်း နတ်ဘုရားမက လျှောက်လမ်းမှ လျှောက်လာပြီး.. ဟူအာရှေ့သို့ ရောက်လာတော့.. ကျိုးရင်း နတ်ဘုရားမ၏ ခြေလှမ်းတွေ တန့်ခနဲ ရပ်သွားသည်။ ဟူအာကို တည့်တည့် စူးစိုက်ကြည့်လာပြီး..

“ရမ်းကားတယ်..”

အေးစက်ပြီး ပြတ်သားသော လေသံက ကျိုးရင်း နတ်ဘုရားမ၏ နှုတ်ဖျားမှ ပေါ်ထွက်လာသည်။ ကျန်းမင်ရှီ နတ်မင်းက ဟူအာ အနားသို့ ဘယ်နားကနေ ရောက်လာမှန်း မသိပဲ ရောက်လာပြီး.. အိမ်ရှေ့မင်းသားအား ဂါရဝပြုသည်။ ပြီးမှ..

“သူက အခုမှ ကောင်းကင်ကို ရောက်ဖူးတဲ့ မြေနတ်ငယ်လေးပါ.. ကျေးဇူးပြုပြီး အိမ်ရှေ့မင်းသားနဲ့ ကြင်ရာတော် အပြစ်ပြုမိတာကို တောင်းပန်ပါတယ်..”

ထိုအထိလည်း ဟူအာ ရပ်နေမိဆဲ ဖြစ်သည်တွင် အိမ်ရှေ့မင်းသားက သူ့ဇနီး၏ လက်ကို ဆွဲကိုင်လိုက်ပြီးမှ.. သဘောထားကြီးမားသည့် အပြုံးတစ်ချက်နှင့်..

“ထားလိုက်ပါ.. သူက ကလေးပဲ ရှိသေးတာလေ..”

အိမ်ရှေ့မင်းသား၏ ဖြေသိမ့်သော စကားက အရာမဝင်ဘူး ထင်၏။ ကျိုးရင်း နတ်ဘုရားမက သူ့အား.. လက်ဖြင့် ဝှေ့ယမ်းလိုက်ပြီး..

“ဒူးထောက်..”

ဒူးထောက် ဆိုသော.. အသံနောက်တွင် ဟူအာ၏ ဒူးတွေက ထောက်ကျသွားသည်။ ဒီနတ်ဘုရားမ ရှေ့ ရောက်တိုင်း အခုလို ဖြစ်နေတာကို ဟူအာ စိတ်ညစ်လာသည်။ ထို့ကြောင့်..

“ခင်ဗျားက တစ်ကိုယ်ကောင်းဆန်တဲ့ နတ်ပဲ.. သူများ လုပ်ချင်မှန်း မသိ မလုပ်ချင်မှန်း မသိ..”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီOnde histórias criam vida. Descubra agora