အခန်း ၂၁

259 36 1
                                    

Unicode
အခန်း (၂၁)
“ရင်းအာ..”
ထိုသို့ ပျင်းရိဖွယ် ကောင်းလာသော ပြိုင်ပွဲအား.. မိုးချုပ်လာသဖြင့် မီးလင်းစေရန် ဆရာတွေက ကြံစည်ကြသော်လည်း.. ပတ်ဝန်းကျင် တစ်ခုလုံး ထိန်ထိန်လင်းစေလောက်သော ကောင်းကင်၏ အရှိန်အဝါဖြင့်.. ရင်းအာဟူသည့် ခေါ်သံကို ပေါင်းစည်းလိုက်သော် ကောင်းကင်၏ အိမ်ရှေ့စံ တလီယီမင်က လူသားနယ်မြေသို့ ဆင်းသက်လာခြင်း ဖြစ်လေသည်။
“မင်းကို မတွေ့ရတာ တစ်ရက် ပြည့်တော့မှာ ဆိုတော့.. ငါ မင်းကို ပြန်လာဖို့ လာခေါ်တာ..”
ရင်းအာက ထိုင်နေရာမှ မထသေးပဲ.. ယီမင်အား..
“မင်း ငါ့ကို လာခေါ်တာက.. အရမ်းစောသေးတယ်.. အခုထိ ပြိုင်ပွဲက မပြီးသေးဘူး..”
“ကောင်းပြီလေ.. ငါမင်းကို ကြည့်ကူပေးမယ်..”
ကောင်းကင်၏ အိမ်ရှေ့စံက အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး.. သူ၏ ချစ်လှစွာသော ဇနီးဘေးတွင် မတ်တပ်ရပ်လိုက်သည်။ မသက်မသာ ခံစားနေရခြင်း အလျဉ်းမရှိပဲ ထိုင်ခုံမရှိသော ထိုနေရာတွင် ထိုင်ရန်ခုံနေရာကို ဖန်တီးခြင်း မရှိပဲ မတ်တပ်သာ ရပ်လျက် သက်တော်စောင့် တစ်ဦး ကဲ့သို့ ပြုမူသည်။ ပြီးတော့ ပြိုင်ကွင်းသို့ နှုတ်ခမ်းတွေကို စေ့ပိတ်လျက်.. ငေးကြည့်နေ၏။ ယီမင်က ပြိုင်ပွဲတွင် အနိုင်အရှုံးမရှိသေးတာကို ကြည့်လိုက်ရင်းမှ..
“ငါတို့ရဲ့ တူကလေးက သိပ်ပြီး တရားမျှတလွန်းနေတယ်.. ဒီပြိုင်ပွဲက ဘယ်လို ဖြစ်ပြီး တစ်ဖက် စောင်းနင်း ဖြစ်နေရတာလဲ..”
ယီမင်မေးလိုက်တာကို ကျိုးလျန်က.. ထိုင်နေရာမှ ထလိုက်ပြီး ရင်းအာ၏ လွတ်နေသော ဘေးတွင် ရပ်လိုက်ကာ..
“ငါ့ကို မမျှတဘူးလို့ ပြောလို့ မရဘူး ဒါက ငါကိုယ်တိုင် စီမံထားတာ မဟုတ်ဘူး ယီမင်.. ဒီကျောင်းရဲ့ လွန်ခဲ့တဲ့ နှစ်တွေကအတိုင်းပဲ ပြိုင်ပွဲကို ကျင်းပတာမှာ.. ထူးဆန်းတဲ့ ရလဒ်အရ ဒီကောင်လေးကို.. ကျိုးရန်းနဲ့ ယှဉ်ပြိုင်စေရတာလဲ..”
ယီမင်က ပြိုင်ပွဲကိုသာ တိတ်ဆိတ်စွာ ကြည့်နေ၏။ သို့သော် ထိုင်နေသော ရင်းအာက ပြိုင်ပွဲအားမကြည့်တော့ပဲ ကျောင်းသား ကျောင်းသူများ ရှိရာသို့ တစ်ချက် ကြည့်လိုက်မိသည်။ စာသင်သား မိန်းကလေးများသည် ရင်းအာ ရှိနေသော ထိုနေရာသို့ မျက်လုံးမလွဲတမ်း ကြည့်နေကြသည်။
အကြောင်းပြချက်က အထူးပင် ပြောရန် မလိုပေ။ ကောင်းကင်၏ အိမ်ရှေ့စံ ဖြစ်သည့် အလျောက် ချောမောခန့်ညားမှုက မနိမ့်ပါးသည် ဖြစ်ရာ မြေနတ်များနှင့် လူသားများ အဖို့ လွန်ကဲသော ချောမောမှုကို မြင်တွေ့နေရသကဲ့သို့ ဖြစ်သေည်။ ထို့အတွက် ရင်းအာ ထိုင်နေရာမှ ထရပ်လိုက်ပြီး..
“ငါ သူတို့ မျက်လုံးတွေကို ဖောက်ထုတ်လိုက်မယ်..”
သူမ ထရပ်လိုက်တာကို.. ယီမင်က သူမ၏ လက်ကို အသာ ဆွဲလိုက်ပြီးမှ..
“အညီအမျှ ဖြစ်သွားအောင်.. ငါလည်း သူတို့ရဲ့ မျက်လုံးတွေကို မင်းကို လက်ဆောင်ပေးမယ်လေ..”
ယီမင် လက်ညိုးထိုးပြသော နေရာကို ကြည့်လိုက်တော့.. ဆယ့်လေးမိုင် ကန်၏ ပတ်ပတ်လည်မှ စာသင်သားများ သာမက တချို့သော ဆရာများကပါ ရင်းအာအား.. ခိုးကြည့်သူကကြည့်.. တစိုက်မတ်မတ်ငေးနေသော စာသင်သားများပင် ရှိနေလေသည်။ ကျိုးလျန်က ဒီနတ်ဘုရားနှစ်ပါးကို စိတ်ညစ်တယ် ဟူသည့် အကြည့်တို့ဖြင့်..
“မင်းတို့ နှစ်ယောက် ကောင်းကင်ကိုပဲ ပြန်လိုက်ပါတော့.. ငါက ဒီနေ့ အဲ့ဒီ ပိုင်ဟုန်ဟူ ဆိုတဲ့ မြေခွေးလေးရဲ့ သရုပ်ကို ဖော်ဖို့ ကြိုးစားတာမှာ အိမ်ရှေ့စံမင်းသားနဲ့ ကျိုးရင်း နတ်ဘုရား နှစ်ပါးစလုံး မလိုအပ်ပါဘူး..”
“ကောင်းပြီ.. ရင်းအာ ညလည်း ရောက်ပြီ ဆိုတော့ ငါတို့ ပြန်ကြရအောင်..”
ရင်းအာ၏ မျက်နှာက ရဲခနဲ ဖြစ်သွားပြီး.. အညိုရောင် မျက်ဝန်းတို့ဖြင့် မျက်စောင်းထိုးသည်။ ပြီးမှ နှစ်ဦးလုံး ထိုနေရာမှ ပျောက်ကွယ် သွားတော့သည်။ ကျိုးလျန် ဒီနေ့ပွဲကို သိမ်းလိုက်ရန်အတွက်.. ဆရာတစ်ဦးအား အချက်ပြလိုက်သည်။ ထိုဆရာမှ..
“ဒီနေ့ ပွဲစဉ်ကို တစ်ဖက်ဖက်ကနေ သိမ်းလိုက်ဖို့ သင့်ပါပြီ..”
ထိုဆရာ၏ ကြေငြာသံ အနောက်တွင်.. ကျိုးရန်က သူကိုင်ထားသော ရေခဲဓားကို လက်ဖြင့် သပ်လိုက်သည်။ ထိုအချိန်တွင် ထွက်ပေါ်လာသော.. ခရမ်းရောင် နတ်စွမ်းအားကို လူအများ နတ်အများက ရင်သပ်ရှုမောနေကြသည်။ ကျိုးရန်က ဓားဖြင့် ဟူအာကို ချိန်ရွယ်လိုက်ပြီးမှ.. မထိစေပဲ နတ်အစွမ်းကိုသာ ထုတ်လွှင့်လျက် ဝှေ့ယမ်းလိုက်၏။ ဝင်းခနဲ လက်ခနဲ ခရမ်းရောင် ရောင်စဉ်တန်းက ဟူအာ၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။
@@@@@@@@@@
“ရွှမ်း..”
ဒါက လူကို လက်နက်ဖြင့် ဆော့ကစားတာမျိုး မဟုတ်ပဲ.. ပွဲသိမ်းဖို့ တိုက်ခိုက်လိုက်ခြင်း မှန်သော်လည်း.. ဟူအာ ဒီနေ့ပွဲတွင် မရှုံးချင်သေးသဖြင့် တောင့်ခံထားလိုက်သည်။ သို့သော်.. မူးဝေဝေ ဖြစ်နေပြီ ဖြစ်၏။ ဖန်းရှိုးဝိန်က သူ့အား.. စက်ကွင်းတစ်ခုဖြင့် ချုပ်လိုက်တာကို သိလိုက်သေးသည်။ သို့သော်.. ဒါက သူ့ခံနိုင်ရည်အားကို ပျောက်ဆုံးလုမတတ်ပင် နာကျင်စေ၏။
“အား!!!..”
ထိုစက်ကွင်း၏ ဆွဲညစ်နေမှုကို ရုန်းကန်ရင်း.. ဟူအာ အော်ပစ်လိုက်မိသည်။ ဖန်းရှိုးဝိန်၏ စက်ကွင်းမှ လွတ်ထွက်သွားတော့.. ဖန်းရှိုးဝိန်က အလန့်တကြားဖြစ်စွာဖြင့်.. ဟူအာအား.. လက်ဖြင့် ဝှေ့ယမ်းပစ်လိုက်ရင်း.. ပေါက်ကွဲလွင့်စင်စေသော ပန်းနုရောင် နတ်အစွမ်းဖြင့် လွင့်စင်စေလိုက်သည်။
ဟူအာ ခြေလွတ်လက်လွတ်ဖြင့် ထိုနေရာမှ လွင့်စင်သွားတော့၏။ အရှိန်ပြင်းစွာ လွင့်စင်မှုကြောင့်.. ဟူအာ၏ ခန္ဓာကိုယ်က ကျောင်းနှင့် အတော်ဝေးဝေးသို့ပင် လွင့်စင်သွား၏။ ထိုသို့ အရှိန်ပြင်းစွာ လွင့်စင်နေမှုကို အာရုံမရောက်နိုင်သေးပဲ.. တစ်ကိုယ်လုံးမှ.. စုတ်ယူနေသော ခရမ်းရောင်စွမ်းအားတို့က လှိုင်းကဲ့သို့ပင် လျင်မြန်စွာဖြင့် ခန္ဓာကိုယ်တွင် မခံမရပ်နိုင်အောင် စီးဆင်းနေကြသည်။
ဟူအာ၏ တစ်ကိုယ်လုံးမှ ထိုခရမ်းရောင် နတ်စွမ်းအားကို အငမ်းမရ သောက်သုံး စုပ်ငင်နေသလို တစ်ကိုယ်လုံး ယားယံနေပြီး.. မခံမရပ်နိုင်အောင်.. ခန္ဓာကိုယ်က တုန့်ပြန်နေသည်။ နောက်ဆုံးအသိ တစ်ခုတွင်တော့.. အိစက် ပျော့အိနေသော ခန္ဓာကိုယ်လေးနှင့် လုံးထွေးကာ တောင်အောက်သို့ ကျသွားခြင်းသာ ဖြစ်တော့၏။
“အ.. ရှောင်ညောင်..”
ထပ်ပြီး မိုက်ရူးရဲပြန်ပြီ ဒီကောင်မလေး..၊ ဆိုသော စကားကိုတော့ အသံမထွက်လိုက်ရတော့ပဲ.. ပိတ်ပိတ်မှောင်နေသော လောကတစ်ခုအတွင်းသို့ သက်ဆင်းသွားတော့၏။
“ကျိုးဟူ.. မင်းက ဘယ်ဘဝကို ရောက်သွား ရောက်သွား အဖေ့အသံကို ကြားယောင်နိုင်ပါစေ..”
“ကျိုးဟူ.. မင်းက ဘယ်ဘဝကို ရောက် ရောက်..”
“ကျိုးဟူ.. မင်းက.. ဘယ်ဘဝကို.. ရောက်.. ရောက်..”
“ကျိုးဟူ..”
“ကျိုးဟူ..”
ဟူအာ.. ဆတ်ခနဲ အိပ်နေရာမှ လန့်နိုးလာတော့.. ဒဏ်ရာဒဏ်ချက် တစ်ခုမှ မရှိသော ခန္ဓာကိုယ်နှင့် ဖြစ်ကာ.. သက်တောင့်သက်သာ နိုင်စွာဖြင့် နိုးထလာခဲ့သည်။ ချက်ချင်း သတိရလိုက်မိတာက ရှောင်ညောင်ကို ဖြစ်ကာ.. အခန်းတွင်းကို လှည့်ပတ် ကြည့်မိတော့.. ဆေးကုသသော နေရာတွင် ဖြစ်ကာ.. ထိုနေရာမှ ထရပ်လိုက်သည်နှင့် သူ့အနားတွင် လက်ပိုက်လျက် ရပ်နေသော.. အစိမ်းရောင် ထိုနတ်သားက ပေါ်လာသည်။
“မင်း..”
ပြောလိုက်ရင်းမှ.. ထိုနတ်သားက.. ဟူအာ၏ ပုခုံးကို လက်ဖြင့် ဖိကိုင်လိုက်သည်။ ပြီးနောက်တွင်မှ..
“မင်းက တော်တော် ကြံ့ခိုင်တာပဲ.. အခု ဘာမှမဖြစ်ဘူး မဟုတ်လား..”
“ရှောင်ညောင်ကော..”
“အဲ့ကောင်မလေးလား.. တကယ် ရူးမိုက်တာပဲ.. ဟိုမှာ..”
လက်ညိုးထိုးရာသို့ လှမ်းကြည့်လိုက်တော့.. အနီရောင် အင်္ကျီလေးဖြင့် သူမက သူ့ကို ပြုံးပြနေသည်။ သို့သော် ကုတင်တွင် ထိုင်နေလျက်သားဖြင့်သာ ဖြစ်၏။ သူမ၏ ခြေထောက်လေးတွင် ပတ်တီးလေး စည်းထားတာကို တွေ့လိုက်မှ.. ဟူအာ.. ထိုင်နေရာမှ ထရပ်လိုက်ပြီး.. သူမအနားသို့ ပြေးသွားလိုက်သည်။
“မင်း ခြေထောက် ဒဏ်ရာရထားတယ်..”
“ဟုတ်တယ်လေ.. ပုံမှန်ဆိုရင် ရှောင်ညောင်ဖမ်းနိုင်တယ်.. သခင်ကအလေးကြီးမို့.. ပြုတ်ကျသွားတာ..”
သူမကို သနားမိသော စိတ်လေးပင် ကြက်ပျောက် ငှက်ပျောက် ပျောက်သွားလေတော့၏။ သနားဖို့ မကောင်းတဲ့ ကောင်မလေး..၊
“သွားမယ်.. ငါတို့.. နေရာကို..”
လက်ရှိကျောင်းတွင် ဘာတွေ ဖြစ်ပျက်နေမှန်း မသိတော့ပေ။ အမှန်ပြောရလျှင် ဟူအာ အိမ်ပြန်ချင်ပြီ ဖြစ်၏။ ရှောင်ညောင်ကို ပွေ့ချီလိုက်တော့ သူမက အလိုက်သင့်လေး.. သူ့လည်ပင်းကို သိုင်းဖက်လာသည်။
“သခင်.. သခင်ရှုံးသွားတာ ဆိုပေမယ့် ဝမ်းနည်းဖို့ မလိုပါဘူး..”
“ငါကလည်း ဝမ်းမနည်းပါဘူး..”
သူမအား သူ့ကုတင်ပေါ်တွင် တင်လိုက်ပြီး.. စောင်ဖြင့် ခြုံပေးလိုက်ကာ..
“မင်း ခြေထောက် ကျိုးသွားတာလည်း မဆိုးပါဘူး.. မင်းငြိမ်ငြိမ်လေး နေလို့ ရတာပေါ့..”
“သခင်..”
“ဟူအာ.. ဟူအာ..”
ကျိုးဟူ ဆိုသော နာမည်ကို စိတ်ရောက်သွားစဉ်.. အစ်မဖြစ်သူ၏ အသံကို ကြားလိုက်တော့ အခန်းအပြင်သို့ ပြေးထွက်လာခဲ့သည်။
“ဟုန်ရွယ်..”
ဟုန်ရွယ်က ဟူအာအား.. မျက်နှာလေး ပျက်ကာ ကြည့်နေရင်းမှ..
“ပြိုင်ပွဲတုန်းက ဖန်းအစ်ကိုကြီးက မင်းကို တမင် သက်သက်.. ဆော့ကစားတာမျိုး ဖြစ်ခဲ့တာကို စိတ်မရှိပါနဲ့..”
“အစတည်းက ငါက အဲ့လို ဖြစ်မယ် ဆိုတာကို သိတယ် ဟုန်ရွယ်.. မင်း လာတောင်းပန်ဖို့ မလိုပါဘူး.. မင်းနဲ့လည်း မဆိုင်ဘူး..”
“ဟူအာ.. အခု.. မင်း ဘယ်လို နေသေးလဲ..”
“ဘယ်လိုမှမနေဘူး.. မင်း ကိုယ့်စာသင်ဆောင်နဲ့ကိုယ် သွားလေ..”
ဟုန်ရွယ်က ပြောဆိုရန် ခက်ခဲနေသော ဟန်ပန်ဖြင့်.. ဟူအာအား..
“ပြိုင်ပွဲ ပြီးသွားတော့.. ဖန်းအစ်ကိုကြီးက ညီအစ်ကိုအချင်းချင်း မညှာမတာ နှိပ်စက်မှုနဲ့ စိတ်ထား မတည်ငြိမ်မှုကြောင့် ဆရာတွေက ပြောတယ်.. သူ ကျင့်ကြံထားသမျှ အဆင့်တွေကို ဖျက်စီး ပစ်လိုက်မယ်လို့ ပြောတယ်..”
ဟူအာ၏ မျက်နှာက လုံးဝကို တည်ငြိမ်သွားပြီ ဖြစ်၏။ ထို့နောက်..
“အစ်မ.. ဒါက ငါနဲ့ ဘာမှမဆိုင်ဘူးလေ..”
“သူ့ကို မင်းကသာ ခွင့်လွတ်ပေးတယ် ဆိုရင် သူ့အပြစ်က ဒီလောက် မကြီးမားဘူးလို့ ငါထင်တယ်.. ဟူအာ..”
“ရိုး.. သူက မင်းရဲ့အစ်မလား.. ဒါမှမဟုတ် မင်းတို့က သွေးသားမတော်စပ်ဘူးလား.. မင်းအတွက် နည်းနည်းမှတောင် မတွေးပေးဘူးပဲ..”
အစိမ်းဝတ် နတ်သားက ဟူအာကို ထိုသို့ ပြောဆိုတော့ ဟူအာ စိတ်ရှုတ်ထွေးစွာဖြင့် အော်ပစ်လိုက်မိသည်။
“ပါးစပ်ပိတ်ထား!!..”
ဟုန်ရွယ်က ဟူအာကို နားမလည်သလို ကြည့်လာသဖြင့်..
“မင်းကို ပြောတာ မဟုတ်ဘူး.. ဟုန်ရွယ် ပြီးတော့ ငါ သူ့ကို ခွင့်မလွတ်နိုင်ဘူးမို့လို့.. ငါနဲ့ မဆိုင်သလိုပဲ နေချင်တယ်..”
အမှန်ပြောရလျှင် ဟူအာ ရင်နာသည်။ အစ်မအရင်းက သူ့ဘက်မှာ မရှိပဲ သူ့ကို ကစားစရာလို သဘောထားသော.. လူသားဘက်တွင် ရှိနေခြင်းက မိသားစုဆိုသော စကားလုံးကို ဟူအာ စတင်ပြီး အဓိပ္ပါယ် ဖော်နေမိသည်။
“ဟူအာ.. မလုပ်ပါနဲ့.. သူက.. ကျင့်ကြံထားတာတွေ ဖျက်စီး ခံလိုက်ရရင်.. နောက်နှစ်တစ်ရာဆိုရင် သူက သေရမှာ.. သူက အသက်မရှည်တဲ့ အမျိုးနွယ်ပါ.. ဟူအာ..”
“ငါ ဘယ်သူ့ကိုမှ ကစားစရာလို သဘောမထားဖူးဘူး.. ဒါပေမယ့် ငါ့ကို သဘောထားတာကိုလည်း ငါ ခွင့်မလွတ်နိုင်ဘူး..”
“ဟူအာ.. တစ်ခါလေးပဲ သူ့ကို ခွင့်လွတ်ပေးပါ..”
“မရဘူး.. အစ်မ ပြန်သွားပါတော့..”
ဟူအာ.. အခန်းတံခါးကို ပိတ်ချလိုက်တော့.. ဟုန်ရွယ် ဘယ်လို ကျန်ခဲ့မလဲ ဆိုတာကို မသိသော်လည်း သူ့အတွက်ကတော့ မိသားစုဝင် တစ်ဦးကို ရင်နာစေမိသော အပြစ်တစ်ခုကို ကျူးလွန်မိသလို ခံစားရစေသည်။
အခန်းအတွင်းသို့ ပြန်ရောက်လာသော.. သူ့အား.. ထိုအစိမ်းဝတ် နတ်သားက ပုခုံးကို ပုတ်လိုက်ရင်းဖြင့်..
“နောက်လေးရက် ဆိုရင် ရလဒ် ထွက်ပြီ.. မင်းက လမင်းရဲ့ကြယ်စင်ကို ရောက်ပါပြီ.. မင်း စိတ်မပူပါနဲ့..”
ဟူအာ ခေါင်းယမ်းလိုက်ပြီးမှ..
“ဒါနဲ့.. ခင်ဗျား.. ကျိုးဟူ ဆိုတဲ့ နာမည်ကို သိလား..”
“ကျိုးဟူ.. ဘယ်သူလဲ ကျိုးမျိုးနွယ်တွေရဲ့ နာမည်လား..”
“မသိဘူး.. ဒီတိုင်း.. ကြားမိလို့ မေးလိုက်တာ..”
“ငါ တစ်ခါမှ မကြားဖူးဘူး.. ငါ့လို နတ်အိုက ငယ်သေးတဲ့ နတ်တွေကို မသိတော့ဘူး ဆိုတာ မဆန်းကြယ်ပါဘူးလေ..”
“ခင်ဗျားက နတ်အိုလို့ မထင်ရပါဘူး..”
ပြောလိုက်မိပြီးမှ ဟူအာ မှားသွားမှန်း သိလိုက်သည်။ ကောင်းကင်နတ်တွေက ရုပ်ရည် အပြောင်းအလဲ မရှိဘူး မဟုတ်လား..၊ ဒါပေမယ့် အဖေတုန်းက မမှီလိုက်သော်လည်း ဦးလေး ဖြစ်သူ ပိုင်လင်ကတော့ သင့်တင့်သော ရုပ်ရည်ကို နှစ်များစွာ ထိန်းသိမ်းထားနိုင်တာကို တွေ့ရသည်။
××××××××××
Paid Groupရှိပါတယ်နော်
Zawgyi
အခန္း (၂၁)
“ရင္းအာ..”
ထိုသို႔ ပ်င္းရိဖြယ္ ေကာင္းလာေသာ ၿပိဳင္ပြဲအား.. မိုးခ်ဳပ္လာသျဖင့္ မီးလင္းေစရန္ ဆရာေတြက ၾကံစည္ၾကေသာ္လည္း.. ပတ္ဝန္းက်င္ တစ္ခုလုံး ထိန္ထိန္လင္းေစေလာက္ေသာ ေကာင္းကင္၏ အ႐ွိန္အဝါျဖင့္.. ရင္းအာဟူသည့္ ေခၚသံကို ေပါင္းစည္းလိုက္ေသာ္ ေကာင္းကင္၏ အိမ္ေ႐ွ႕စံ တလီယီမင္က လူသားနယ္ေျမသို႔ ဆင္းသက္လာျခင္း ျဖစ္ေလသည္။
“မင္းကို မေတြ႕ရတာ တစ္ရက္ ျပည့္ေတာ့မွာ ဆိုေတာ့.. ငါ မင္းကို ျပန္လာဖို႔ လာေခၚတာ..”
ရင္းအာက ထိုင္ေနရာမွ မထေသးပဲ.. ယီမင္အား..
“မင္း ငါ့ကို လာေခၚတာက.. အရမ္းေစာေသးတယ္.. အခုထိ ၿပိဳင္ပြဲက မၿပီးေသးဘူး..”
“ေကာင္းၿပီေလ.. ငါမင္းကို ၾကည့္ကူေပးမယ္..”
ေကာင္းကင္၏ အိမ္ေ႐ွ႕စံက အျပာေရာင္ ဝတ္စုံကို ဝတ္ဆင္ထားၿပီး.. သူ၏ ခ်စ္လွစြာေသာ ဇနီးေဘးတြင္ မတ္တပ္ရပ္လိုက္သည္။ မသက္မသာ ခံစားေနရျခင္း အလ်ဥ္းမ႐ွိပဲ ထိုင္ခုံမ႐ွိေသာ ထိုေနရာတြင္ ထိုင္ရန္ခုံေနရာကို ဖန္တီးျခင္း မ႐ွိပဲ မတ္တပ္သာ ရပ္လ်က္ သက္ေတာ္ေစာင့္ တစ္ဦး ကဲ့သို႔ ျပဳမူသည္။ ၿပီးေတာ့ ၿပိဳင္ကြင္းသို႔ ႏႈတ္ခမ္းေတြကို ေစ့ပိတ္လ်က္.. ေငးၾကည့္ေန၏။ ယီမင္က ၿပိဳင္ပြဲတြင္ အႏိုင္အ႐ႈံးမ႐ွိေသးတာကို ၾကည့္လိုက္ရင္းမွ..
“ငါတို႔ရဲ႕ တူကေလးက သိပ္ၿပီး တရားမွ်တလြန္းေနတယ္.. ဒီၿပိဳင္ပြဲက ဘယ္လို ျဖစ္ၿပီး တစ္ဖက္ ေစာင္းနင္း ျဖစ္ေနရတာလဲ..”
ယီမင္ေမးလိုက္တာကို က်ိဳးလ်န္က.. ထိုင္ေနရာမွ ထလိုက္ၿပီး ရင္းအာ၏ လြတ္ေနေသာ ေဘးတြင္ ရပ္လိုက္ကာ..
“ငါ့ကို မမွ်တဘူးလို႔ ေျပာလို႔ မရဘူး ဒါက ငါကိုယ္တိုင္ စီမံထားတာ မဟုတ္ဘူး ယီမင္.. ဒီေက်ာင္းရဲ႕ လြန္ခဲ့တဲ့ ႏွစ္ေတြကအတိုင္းပဲ ၿပိဳင္ပြဲကို က်င္းပတာမွာ.. ထူးဆန္းတဲ့ ရလဒ္အရ ဒီေကာင္ေလးကို.. က်ိဳးရန္းနဲ႔ ယွဥ္ၿပိဳင္ေစရတာလဲ..”
ယီမင္က ၿပိဳင္ပြဲကိုသာ တိတ္ဆိတ္စြာ ၾကည့္ေန၏။ သို႔ေသာ္ ထိုင္ေနေသာ ရင္းအာက ၿပိဳင္ပြဲအားမၾကည့္ေတာ့ပဲ ေက်ာင္းသား ေက်ာင္းသူမ်ား ႐ွိရာသို႔ တစ္ခ်က္ ၾကည့္လိုက္မိသည္။ စာသင္သား မိန္းကေလးမ်ားသည္ ရင္းအာ ႐ွိေနေသာ ထိုေနရာသို႔ မ်က္လုံးမလြဲတမ္း ၾကည့္ေနၾကသည္။
အေၾကာင္းျပခ်က္က အထူးပင္ ေျပာရန္ မလိုေပ။ ေကာင္းကင္၏ အိမ္ေ႐ွ႕စံ ျဖစ္သည့္ အေလ်ာက္ ေခ်ာေမာခန္႔ညားမႈက မနိမ့္ပါးသည္ ျဖစ္ရာ ေျမနတ္မ်ားႏွင့္ လူသားမ်ား အဖို႔ လြန္ကဲေသာ ေခ်ာေမာမႈကို ျမင္ေတြ႕ေနရသကဲ့သို႔ ျဖစ္ေသည္။ ထို႔အတြက္ ရင္းအာ ထိုင္ေနရာမွ ထရပ္လိုက္ၿပီး..
“ငါ သူတို႔ မ်က္လုံးေတြကို ေဖာက္ထုတ္လိုက္မယ္..”
သူမ ထရပ္လိုက္တာကို.. ယီမင္က သူမ၏ လက္ကို အသာ ဆြဲလိုက္ၿပီးမွ..
“အညီအမွ် ျဖစ္သြားေအာင္.. ငါလည္း သူတို႔ရဲ႕ မ်က္လုံးေတြကို မင္းကို လက္ေဆာင္ေပးမယ္ေလ..”
ယီမင္ လက္ညိဳးထိုးျပေသာ ေနရာကို ၾကည့္လိုက္ေတာ့.. ဆယ့္ေလးမိုင္ ကန္၏ ပတ္ပတ္လည္မွ စာသင္သားမ်ား သာမက တခ်ိဳ႕ေသာ ဆရာမ်ားကပါ ရင္းအာအား.. ခိုးၾကည့္သူကၾကည့္.. တစိုက္မတ္မတ္ေငးေနေသာ စာသင္သားမ်ားပင္ ႐ွိေနေလသည္။ က်ိဳးလ်န္က ဒီနတ္ဘုရားႏွစ္ပါးကို စိတ္ညစ္တယ္ ဟူသည့္ အၾကည့္တို႔ျဖင့္..
“မင္းတို႔ ႏွစ္ေယာက္ ေကာင္းကင္ကိုပဲ ျပန္လိုက္ပါေတာ့.. ငါက ဒီေန႔ အဲ့ဒီ ပိုင္ဟုန္ဟူ ဆိုတဲ့ ေျမေခြးေလးရဲ႕ သ႐ုပ္ကို ေဖာ္ဖို႔ ႀကိဳးစားတာမွာ အိမ္ေ႐ွ႕စံမင္းသားနဲ႔ က်ိဳးရင္း နတ္ဘုရား ႏွစ္ပါးစလုံး မလိုအပ္ပါဘူး..”
“ေကာင္းၿပီ.. ရင္းအာ ညလည္း ေရာက္ၿပီ ဆိုေတာ့ ငါတို႔ ျပန္ၾကရေအာင္..”
ရင္းအာ၏ မ်က္ႏွာက ရဲခနဲ ျဖစ္သြားၿပီး.. အညိဳေရာင္ မ်က္ဝန္းတို႔ျဖင့္ မ်က္ေစာင္းထိုးသည္။ ၿပီးမွ ႏွစ္ဦးလုံး ထိုေနရာမွ ေပ်ာက္ကြယ္ သြားေတာ့သည္။ က်ိဳးလ်န္ ဒီေန႔ပြဲကို သိမ္းလိုက္ရန္အတြက္.. ဆရာတစ္ဦးအား အခ်က္ျပလိုက္သည္။ ထိုဆရာမွ..
“ဒီေန႔ ပြဲစဥ္ကို တစ္ဖက္ဖက္ကေန သိမ္းလိုက္ဖို႔ သင့္ပါၿပီ..”
ထိုဆရာ၏ ေၾကျငာသံ အေနာက္တြင္.. က်ိဳးရန္က သူကိုင္ထားေသာ ေရခဲဓားကို လက္ျဖင့္ သပ္လိုက္သည္။ ထိုအခ်ိန္တြင္ ထြက္ေပၚလာေသာ.. ခရမ္းေရာင္ နတ္စြမ္းအားကို လူအမ်ား နတ္အမ်ားက ရင္သပ္႐ႈေမာေနၾကသည္။ က်ိဳးရန္က ဓားျဖင့္ ဟူအာကို ခ်ိန္႐ြယ္လိုက္ၿပီးမွ.. မထိေစပဲ နတ္အစြမ္းကိုသာ ထုတ္လႊင့္လ်က္ ေဝွ႔ယမ္းလိုက္၏။ ဝင္းခနဲ လက္ခနဲ ခရမ္းေရာင္ ေရာင္စဥ္တန္းက ဟူအာ၏ ကိုယ္ေပၚသို႔ က်ေရာက္လာသည္။
@@@@@@@@@@
“႐ႊမ္း..”
ဒါက လူကို လက္နက္ျဖင့္ ေဆာ့ကစားတာမ်ိဳး မဟုတ္ပဲ.. ပြဲသိမ္းဖို႔ တိုက္ခိုက္လိုက္ျခင္း မွန္ေသာ္လည္း.. ဟူအာ ဒီေန႔ပြဲတြင္ မ႐ႈံးခ်င္ေသးသျဖင့္ ေတာင့္ခံထားလိုက္သည္။ သို႔ေသာ္.. မူးေဝေဝ ျဖစ္ေနၿပီ ျဖစ္၏။ ဖန္း႐ိႈးဝိန္က သူ႕အား.. စက္ကြင္းတစ္ခုျဖင့္ ခ်ဳပ္လိုက္တာကို သိလိုက္ေသးသည္။ သို႔ေသာ္.. ဒါက သူ႕ခံႏိုင္ရည္အားကို ေပ်ာက္ဆုံးလုမတတ္ပင္ နာက်င္ေစ၏။
“အား!!!..”
ထိုစက္ကြင္း၏ ဆြဲညစ္ေနမႈကို ႐ုန္းကန္ရင္း.. ဟူအာ ေအာ္ပစ္လိုက္မိသည္။ ဖန္း႐ိႈးဝိန္၏ စက္ကြင္းမွ လြတ္ထြက္သြားေတာ့.. ဖန္း႐ိႈးဝိန္က အလန္႔တၾကားျဖစ္စြာျဖင့္.. ဟူအာအား.. လက္ျဖင့္ ေဝွ႔ယမ္းပစ္လိုက္ရင္း.. ေပါက္ကြဲလြင့္စင္ေစေသာ ပန္းႏုေရာင္ နတ္အစြမ္းျဖင့္ လြင့္စင္ေစလိုက္သည္။
ဟူအာ ေျခလြတ္လက္လြတ္ျဖင့္ ထိုေနရာမွ လြင့္စင္သြားေတာ့၏။ အ႐ွိန္ျပင္းစြာ လြင့္စင္မႈေၾကာင့္.. ဟူအာ၏ ခႏၶာကိုယ္က ေက်ာင္းႏွင့္ အေတာ္ေဝးေဝးသို႔ပင္ လြင့္စင္သြား၏။ ထိုသို႔ အ႐ွိန္ျပင္းစြာ လြင့္စင္ေနမႈကို အာ႐ုံမေရာက္ႏိုင္ေသးပဲ.. တစ္ကိုယ္လုံးမွ.. စုတ္ယူေနေသာ ခရမ္းေရာင္စြမ္းအားတို႔က လိႈင္းကဲ့သို႔ပင္ လ်င္ျမန္စြာျဖင့္ ခႏၶာကိုယ္တြင္ မခံမရပ္ႏိုင္ေအာင္ စီးဆင္းေနၾကသည္။
ဟူအာ၏ တစ္ကိုယ္လုံးမွ ထိုခရမ္းေရာင္ နတ္စြမ္းအားကို အငမ္းမရ ေသာက္သုံး စုပ္ငင္ေနသလို တစ္ကိုယ္လုံး ယားယံေနၿပီး.. မခံမရပ္ႏိုင္ေအာင္.. ခႏၶာကိုယ္က တုန္႔ျပန္ေနသည္။ ေနာက္ဆုံးအသိ တစ္ခုတြင္ေတာ့.. အိစက္ ေပ်ာ့အိေနေသာ ခႏၶာကိုယ္ေလးႏွင့္ လုံးေထြးကာ ေတာင္ေအာက္သို႔ က်သြားျခင္းသာ ျဖစ္ေတာ့၏။
“အ.. ေ႐ွာင္ေညာင္..”
ထပ္ၿပီး မိုက္႐ူးရဲျပန္ၿပီ ဒီေကာင္မေလး..၊ ဆိုေသာ စကားကိုေတာ့ အသံမထြက္လိုက္ရေတာ့ပဲ.. ပိတ္ပိတ္ေမွာင္ေနေသာ ေလာကတစ္ခုအတြင္းသို႔ သက္ဆင္းသြားေတာ့၏။
“က်ိဳးဟူ.. မင္းက ဘယ္ဘဝကို ေရာက္သြား ေရာက္သြား အေဖ့အသံကို ၾကားေယာင္ႏိုင္ပါေစ..”
“က်ိဳးဟူ.. မင္းက ဘယ္ဘဝကို ေရာက္ ေရာက္..”
“က်ိဳးဟူ.. မင္းက.. ဘယ္ဘဝကို.. ေရာက္.. ေရာက္..”
“က်ိဳးဟူ..”
“က်ိဳးဟူ..”
ဟူအာ.. ဆတ္ခနဲ အိပ္ေနရာမွ လန္႔ႏိုးလာေတာ့.. ဒဏ္ရာဒဏ္ခ်က္ တစ္ခုမွ မ႐ွိေသာ ခႏၶာကိုယ္ႏွင့္ ျဖစ္ကာ.. သက္ေတာင့္သက္သာ ႏိုင္စြာျဖင့္ ႏိုးထလာခဲ့သည္။ ခ်က္ခ်င္း သတိရလိုက္မိတာက ေ႐ွာင္ေညာင္ကို ျဖစ္ကာ.. အခန္းတြင္းကို လွည့္ပတ္ ၾကည့္မိေတာ့.. ေဆးကုသေသာ ေနရာတြင္ ျဖစ္ကာ.. ထိုေနရာမွ ထရပ္လိုက္သည္ႏွင့္ သူ႕အနားတြင္ လက္ပိုက္လ်က္ ရပ္ေနေသာ.. အစိမ္းေရာင္ ထိုနတ္သားက ေပၚလာသည္။
“မင္း..”
ေျပာလိုက္ရင္းမွ.. ထိုနတ္သားက.. ဟူအာ၏ ပုခုံးကို လက္ျဖင့္ ဖိကိုင္လိုက္သည္။ ၿပီးေနာက္တြင္မွ..
“မင္းက ေတာ္ေတာ္ ၾကံ့ခိုင္တာပဲ.. အခု ဘာမွမျဖစ္ဘူး မဟုတ္လား..”
“ေ႐ွာင္ေညာင္ေကာ..”
“အဲ့ေကာင္မေလးလား.. တကယ္ ႐ူးမိုက္တာပဲ.. ဟိုမွာ..”
လက္ညိဳးထိုးရာသို႔ လွမ္းၾကည့္လိုက္ေတာ့.. အနီေရာင္ အက်ႌေလးျဖင့္ သူမက သူ႕ကို ျပဳံးျပေနသည္။ သို႔ေသာ္ ကုတင္တြင္ ထိုင္ေနလ်က္သားျဖင့္သာ ျဖစ္၏။ သူမ၏ ေျခေထာက္ေလးတြင္ ပတ္တီးေလး စည္းထားတာကို ေတြ႕လိုက္မွ.. ဟူအာ.. ထိုင္ေနရာမွ ထရပ္လိုက္ၿပီး.. သူမအနားသို႔ ေျပးသြားလိုက္သည္။
“မင္း ေျခေထာက္ ဒဏ္ရာရထားတယ္..”
“ဟုတ္တယ္ေလ.. ပုံမွန္ဆိုရင္ ေ႐ွာင္ေညာင္ဖမ္းႏိုင္တယ္.. သခင္ကအေလးႀကီးမို႔.. ျပဳတ္က်သြားတာ..”
သူမကို သနားမိေသာ စိတ္ေလးပင္ ၾကက္ေပ်ာက္ ငွက္ေပ်ာက္ ေပ်ာက္သြားေလေတာ့၏။ သနားဖို႔ မေကာင္းတဲ့ ေကာင္မေလး..၊
“သြားမယ္.. ငါတို႔.. ေနရာကို..”
လက္႐ွိေက်ာင္းတြင္ ဘာေတြ ျဖစ္ပ်က္ေနမွန္း မသိေတာ့ေပ။ အမွန္ေျပာရလွ်င္ ဟူအာ အိမ္ျပန္ခ်င္ၿပီ ျဖစ္၏။ ေ႐ွာင္ေညာင္ကို ေပြ႕ခ်ီလိုက္ေတာ့ သူမက အလိုက္သင့္ေလး.. သူ႕လည္ပင္းကို သိုင္းဖက္လာသည္။
“သခင္.. သခင္႐ႈံးသြားတာ ဆိုေပမယ့္ ဝမ္းနည္းဖို႔ မလိုပါဘူး..”
“ငါကလည္း ဝမ္းမနည္းပါဘူး..”
သူမအား သူ႕ကုတင္ေပၚတြင္ တင္လိုက္ၿပီး.. ေစာင္ျဖင့္ ျခဳံေပးလိုက္ကာ..
“မင္း ေျခေထာက္ က်ိဳးသြားတာလည္း မဆိုးပါဘူး.. မင္းၿငိမ္ၿငိမ္ေလး ေနလို႔ ရတာေပါ့..”
“သခင္..”
“ဟူအာ.. ဟူအာ..”
က်ိဳးဟူ ဆိုေသာ နာမည္ကို စိတ္ေရာက္သြားစဥ္.. အစ္မျဖစ္သူ၏ အသံကို ၾကားလိုက္ေတာ့ အခန္းအျပင္သို႔ ေျပးထြက္လာခဲ့သည္။
“ဟုန္႐ြယ္..”
ဟုန္႐ြယ္က ဟူအာအား.. မ်က္ႏွာေလး ပ်က္ကာ ၾကည့္ေနရင္းမွ..
“ၿပိဳင္ပြဲတုန္းက ဖန္းအစ္ကိုႀကီးက မင္းကို တမင္ သက္သက္.. ေဆာ့ကစားတာမ်ိဳး ျဖစ္ခဲ့တာကို စိတ္မ႐ွိပါနဲ႔..”
“အစတည္းက ငါက အဲ့လို ျဖစ္မယ္ ဆိုတာကို သိတယ္ ဟုန္႐ြယ္.. မင္း လာေတာင္းပန္ဖို႔ မလိုပါဘူး.. မင္းနဲ႔လည္း မဆိုင္ဘူး..”
“ဟူအာ.. အခု.. မင္း ဘယ္လို ေနေသးလဲ..”
“ဘယ္လိုမွမေနဘူး.. မင္း ကိုယ့္စာသင္ေဆာင္နဲ႔ကိုယ္ သြားေလ..”
ဟုန္႐ြယ္က ေျပာဆိုရန္ ခက္ခဲေနေသာ ဟန္ပန္ျဖင့္.. ဟူအာအား..
“ၿပိဳင္ပြဲ ၿပီးသြားေတာ့.. ဖန္းအစ္ကိုႀကီးက ညီအစ္ကိုအခ်င္းခ်င္း မညႇာမတာ ႏွိပ္စက္မႈနဲ႔ စိတ္ထား မတည္ၿငိမ္မႈေၾကာင့္ ဆရာေတြက ေျပာတယ္.. သူ က်င့္ၾကံထားသမွ် အဆင့္ေတြကို ဖ်က္စီး ပစ္လိုက္မယ္လို႔ ေျပာတယ္..”
ဟူအာ၏ မ်က္ႏွာက လုံးဝကို တည္ၿငိမ္သြားၿပီ ျဖစ္၏။ ထို႔ေနာက္..
“အစ္မ.. ဒါက ငါနဲ႔ ဘာမွမဆိုင္ဘူးေလ..”
“သူ႕ကို မင္းကသာ ခြင့္လြတ္ေပးတယ္ ဆိုရင္ သူ႕အျပစ္က ဒီေလာက္ မႀကီးမားဘူးလို႔ ငါထင္တယ္.. ဟူအာ..”
“႐ိုး.. သူက မင္းရဲ႕အစ္မလား.. ဒါမွမဟုတ္ မင္းတို႔က ေသြးသားမေတာ္စပ္ဘူးလား.. မင္းအတြက္ နည္းနည္းမွေတာင္ မေတြးေပးဘူးပဲ..”
အစိမ္းဝတ္ နတ္သားက ဟူအာကို ထိုသို႔ ေျပာဆိုေတာ့ ဟူအာ စိတ္႐ႈတ္ေထြးစြာျဖင့္ ေအာ္ပစ္လိုက္မိသည္။
“ပါးစပ္ပိတ္ထား!!..”
ဟုန္႐ြယ္က ဟူအာကို နားမလည္သလို ၾကည့္လာသျဖင့္..
“မင္းကို ေျပာတာ မဟုတ္ဘူး.. ဟုန္႐ြယ္ ၿပီးေတာ့ ငါ သူ႕ကို ခြင့္မလြတ္ႏိုင္ဘူးမို႔လို႔.. ငါနဲ႔ မဆိုင္သလိုပဲ ေနခ်င္တယ္..”
အမွန္ေျပာရလွ်င္ ဟူအာ ရင္နာသည္။ အစ္မအရင္းက သူ႕ဘက္မွာ မ႐ွိပဲ သူ႕ကို ကစားစရာလို သေဘာထားေသာ.. လူသားဘက္တြင္ ႐ွိေနျခင္းက မိသားစုဆိုေသာ စကားလုံးကို ဟူအာ စတင္ၿပီး အဓိပၸါယ္ ေဖာ္ေနမိသည္။
“ဟူအာ.. မလုပ္ပါနဲ႔.. သူက.. က်င့္ၾကံထားတာေတြ ဖ်က္စီး ခံလိုက္ရရင္.. ေနာက္ႏွစ္တစ္ရာဆိုရင္ သူက ေသရမွာ.. သူက အသက္မ႐ွည္တဲ့ အမ်ိဳးႏြယ္ပါ.. ဟူအာ..”
“ငါ ဘယ္သူ႕ကိုမွ ကစားစရာလို သေဘာမထားဖူးဘူး.. ဒါေပမယ့္ ငါ့ကို သေဘာထားတာကိုလည္း ငါ ခြင့္မလြတ္ႏိုင္ဘူး..”
“ဟူအာ.. တစ္ခါေလးပဲ သူ႕ကို ခြင့္လြတ္ေပးပါ..”
“မရဘူး.. အစ္မ ျပန္သြားပါေတာ့..”
ဟူအာ.. အခန္းတံခါးကို ပိတ္ခ်လိုက္ေတာ့.. ဟုန္႐ြယ္ ဘယ္လို က်န္ခဲ့မလဲ ဆိုတာကို မသိေသာ္လည္း သူ႕အတြက္ကေတာ့ မိသားစုဝင္ တစ္ဦးကို ရင္နာေစမိေသာ အျပစ္တစ္ခုကို က်ဴးလြန္မိသလို ခံစားရေစသည္။
အခန္းအတြင္းသို႔ ျပန္ေရာက္လာေသာ.. သူ႕အား.. ထိုအစိမ္းဝတ္ နတ္သားက ပုခုံးကို ပုတ္လိုက္ရင္းျဖင့္..
“ေနာက္ေလးရက္ ဆိုရင္ ရလဒ္ ထြက္ၿပီ.. မင္းက လမင္းရဲ႕ၾကယ္စင္ကို ေရာက္ပါၿပီ.. မင္း စိတ္မပူပါနဲ႔..”
ဟူအာ ေခါင္းယမ္းလိုက္ၿပီးမွ..
“ဒါနဲ႔.. ခင္ဗ်ား.. က်ိဳးဟူ ဆိုတဲ့ နာမည္ကို သိလား..”
“က်ိဳးဟူ.. ဘယ္သူလဲ က်ိဳးမ်ိဳးႏြယ္ေတြရဲ႕ နာမည္လား..”
“မသိဘူး.. ဒီတိုင္း.. ၾကားမိလို႔ ေမးလိုက္တာ..”
“ငါ တစ္ခါမွ မၾကားဖူးဘူး.. ငါ့လို နတ္အိုက ငယ္ေသးတဲ့ နတ္ေတြကို မသိေတာ့ဘူး ဆိုတာ မဆန္းၾကယ္ပါဘူးေလ..”
“ခင္ဗ်ားက နတ္အိုလို႔ မထင္ရပါဘူး..”
ေျပာလိုက္မိၿပီးမွ ဟူအာ မွားသြားမွန္း သိလိုက္သည္။ ေကာင္းကင္နတ္ေတြက ႐ုပ္ရည္ အေျပာင္းအလဲ မ႐ွိဘူး မဟုတ္လား..၊ ဒါေပမယ့္ အေဖတုန္းက မမွီလိုက္ေသာ္လည္း ဦးေလး ျဖစ္သူ ပိုင္လင္ကေတာ့ သင့္တင့္ေသာ ႐ုပ္ရည္ကို ႏွစ္မ်ားစြာ ထိန္းသိမ္းထားႏိုင္တာကို ေတြ႕ရသည္။
××××××××××

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now