Part 61

250 31 1
                                    

အခန်း (၆၁)

“ငါ ရန်ဖုန့်ဟွာမ်၊ မကြာခင်သေရတော့မယ်၊ ငါကပဲ မကြာခင်သေရတော့မယ်၊ ငါ့ကို လိုက်နှောင့်ယှက်ချင်တဲ့ သူက ရှိသေးတယ်”

ဒီအမြုတေကိုသာ နှစ်တစ်ထောင်အတွင်း အကောင်းပကတိ ဖြစ်အောင် မပြုပြင်နိုင်လျှင် သူမ၏အသက်ဓာတ်က ခမ်းသွားမည်။ အသက်ဓာတ် ခမ်းသွားသည်နှင့် နတ်စွမ်းအားကို အသက်ဓာတ်က အထောက်ပံ့မပြုနိုင်သည်နှင့် သူမက အိုမင်းလာမည်။ စွမ်းအားလျော့နည်းလာမည်။ ပြီးလျှင် သူမထံတွင် ရှိသော အရှိန်အဝါက ကျန်ရှိမည် ဖြစ်သော်လည်း ထိုသည်က အလှပြသက်သက်ပင်၊ အသက်ဓာတ် မရှိလျှင် ဘာဆိုဘာမျှ အသုံးချလို့ မရနိုင်ပါပဲနှင့် သေဆုံးခြင်း နိတ္ထိဘုံသို့ ဝင်ရမည်။

အသက်ဓာတ်ကို ထိပါးနိုင်သော အရေးကြီးသည့် နတ်ခန္ဓာအစိတ်အပိုင်းများသည်က နှလုံး၊ အမြုတေနှင့် နတ်ဝိဉာဉ် ဖြစ်သည်။ ဘယ်တစ်ခုကိုပဲ ဖြစ်ဖြစ် ပြင်းပြင်းထန်ထန် ထိပါးမိလျှင် ထိုနတ်သည် စုတေကျရန် အချိန်ကို စောင့်ဆိုင်းရန်သာ ရှိတော့သည်။ သူမ၏ အမြုတေသည်က မြေခွေးအမြုတေနှင့် ပြင်းပြင်းထန်ထန် ထိခိုက်မိထားသည့်အပြင် နတ်သတ်ကယ် ရေခဲကိုပါ ကွဲကြေသွားစေခဲ့သဖြင့် အက်ကွဲသွားခဲ့သည်။

အက်ကွဲမှုကနေ နတ်စွမ်းအားကို အဆမတန် အသုံးချမိပြန်သဖြင့် အစိတ်စိတ် ကွဲလုနီးပါး အခြေအနေတွင်မှ မူလအသိဉာဏ်ကို ပြန်လည်ရရှိခဲ့သည်။ ထိုတွင် သခင်ဖြစ်သူ ဆစ်ကျီနတ်မင်းက သဘာဝဆိုင်သူမဲ့ အသက်ဓာတ်များ ပေါများသော ဒီဒေသတွင်း ပြန်လုကုစားရန် စေခိုင်းခဲ့သည်။

နှစ်လတာမှ သုံးလအတွင်း အချိန်မှာပင် နတ်ခန္ဓာမှ ဒဏ်ရာဒဏ်ချက်များ ပျောက်ကွယ်သွားပြီး အမြုတေ၏ အပေါ်ယံအကာက ပြန်လည် ကောင်းမွန်လာခဲ့သည်။ သို့သော် အမြုတေ၏ အတွင်းပိုင်းကို ပြန်လည်ကုစားနေစဉ်အတွင်း မြေခွေးပေါက်စက ရောက်လာကာ သူမကို အဆက်မပြတ် စိတ်ရှုပ်အောင် လုပ်နေခဲ့သဖြင့် အခုတော့ ပြန်ပြီးတော့ အက်ကြောင်း ထင်သွားခဲ့လေသည်။

ဆက်၍ ကုစားနေလျှင်လည်း အကျိုးက ထူးတော့မည် မဟုတ်သဖြင့် မြေအောက်ဂူအတွင်းမှ ထွက်လာရန် ဆုံးဖြတ်လိုက်ပြီးမှ ထိုနေရာမှ အပေါ်သို့ တက်သော တံခါးကို ဖွင့်လိုက်တော့ သစ်ပင်နှစ်ခုက ကွဲထွက်လာပြီး အပေါ်သို့ တက်ရန် လှေကားထစ်ငယ်လေးများ ပေါ်လာခဲ့လေသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီOù les histoires vivent. Découvrez maintenant