အခန်း ၂၈

298 41 1
                                    

အခန်း (၂၈)

ထိုအခါမှ ကျိုးယွီ သူမက ဘယ်သူ ဆိုတာကို သိရှိလိုက်တော့သည်။ ထို့ကြောင့် အံ့သြမှုကို မထိန်းထားနိုင်ပဲ အသံခပ်ကျယ်ကျယ်ဖြင့် ရေရွတ်လိုက်သည်။

“အဲဒါက သူမလား..”

ဆစ်ကျီက ကျိုးယွီအား လှည့်ကြည့်လာပြီး..

“မင်းက ဘယ်သူလို့ ထင်လို့လဲ..”

ကျိုးယွီက မျက်တောင်ကို ပုတ်ခတ်လိုက်ပြီး..

“ဆရာက သူများရဲ့ အစေခံကို ဓားပြတိုက်လာတယ် ထင်တာ..”

ဆစ်ကျီနတ်မင်း၏ မျက်နှာက မည်းမှောင်သွားတော့၏။ ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ.. ကျိုးယွီသည် စီးလာတော့ တိမ်ပေါ်မှ လွင့်စင်သွားတော့သည်။ သို့သော် ကျိုးယွီ၏ ခုန်လွှားနိုင်သော အရည်အချင်းက သိပ်ပြီး မဆိုးဝါးတော့.. သိပ်မကြာခင်မှာပဲ တိမ်ပေါ်သို့ ပြန်ရောက်လာတော့သည်။ ဆစ်ကျီက ရောက်လာသော ကျိုးယွီအား တည်ကြည်စွာ စိုက်ကြည့်ပြီးမှ..

“မင်းကို ဘယ်သူက ချင်းဖုန်းနဲ့ တူတယ် ပြောတာလဲ မသိဘူး.. အဲဒါက အပိုတွေ ပြောတတ်တဲ့သူတွေ ပြောတာပဲ ဖြစ်နိုင်တယ်..”

“ကျွန်တော်ကလည်း ကောင်းကင်ကို သစ္စာဖောက်တဲ့ သားအမိနှစ်ယောက်နဲ့ မတူညီချင်ပါဘူး..”

“အဲဒါဆို ကောင်းမယ်..”

“ဆရာ ဒီနေ့ ဒေါသထွက်နေတာလား.. ပိုပြီး ခံစားလွယ်နေသလိုပဲ..”

ဆစ်ကျီ နတ်မင်းကို မကြောက်ရွံ့သော နတ်ငယ် ဆိုလျှင် ကျိုးယွီက ထိပ်ဆုံးက ပါဝင်နိုင်သည်။ ဆစ်ကျီ၏ အပြစ်ဒဏ်ပေးသမျှကို ခံယူပြီး အနားတွင် ခိုင်းသမျှ နာခံကာ.. ဆစ်ကျီ မကြိုက်သော အရာများကို အလုပ်နိုင်ဆုံး နတ်လည်း ဖြစ်သေး၏။ ကျိုးယွီက သူ့ဆရာလည်း ဖြစ်.. အဘိုးလည်း တော်သော.. ဆစ်ကျီ နတ်မင်းအား.. ပြောရဲဆိုရဲရှိသော ဒုတိယနတ်လည်း ဖြစ်နိုင်သည်။

ယခုလည်း သူ့ဆရာ ခံစားချက်မဲ့ ဂါထာ မစီးမြောထားမှန်း သိလိုက်သည်နှင့် စတင်ကာ စနောက်တော့၏။ ဆစ်ကျီက ကျိုးယွီအား တစ်ချက်မျှ စိုက်ကြည့်လာပြီး..

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now