Part 46

239 18 0
                                    

အခန်း (၄၆)

ဖုန့်ဟွာမ်က သက်သေပြဖို့ ပြောတော့ ကျိုးယွီက လက်ကာပြလိုက်ပြီးမှ..

“မလိုဘူး မလိုဘူး.. တော်ကြာ ငါ ဆရာလိုမျိုး မျက်နှာအေး နတ်အိုလို့ အခေါ်ခံနေရမယ်..”

“အဲ့နာမည်က မဆိုးပါဘူး လှတာပါပဲ..”

“ဆရာက ဘယ်လို သတ္တဝါကို ခေါ်မွေးစားထားတာလဲ.. ငါ နားမလည်တော့ဘူး..”

ထိုစဉ်တုန်းက ဆစ်ကျီ နတ်မင်းက ဖုန့်ဟွာမ်ကို မွေးစားချင်ခဲ့တာ မဟုတ်ဘူး ဆိုတာ ဘယ်နတ်မှ သိမှာ မဟုတ်ပေ။ မွေးစားမယ့် နတ်မင်း ဘယ်သူမှ မရှိသဖြင့်သာ ဆစ်ကျီ နတ်မင်းက ဖုန့်ဟွာမ်ကို လက်ခံပြီး မီးငှက်အရုပ်လေးလို.. ခါးစည်းကြိုးတွင် ချိတ်ဆွဲထားခြင်းသာ ဖြစ်သည်။

“သခင်က ဖုန့်ဟွာမ်ကို သေဆုံးခြင်း လောကမှာ နှစ်တစ်သောင်း နေပြီး ကုသဖို့ ပြောထားတယ်.. ဖုန့်ဟွာမ်.. သေဆုံးခြင်း လောကကို ဆင်းမှ ဖြစ်မယ်..”

“မင်း သိပ်မလောနဲ့ ဆရာပြန်လာမှ သွား ဟုတ်ပြီလား.. သေဆုံးခြင်းလောကကို ဘာထင်နေတာလဲ.. ဆရာမင်းကို အစီအမံ လုပ်ပေးပြီးမှသွား မဟုတ်ရင် သူများတွေ မင်းကို မိစ္ဆာလို့ သတ်မှတ်ပြီး အသတ်ခံရပြီး ဝိညာဉ်ပါ ပျောက်သွားမယ်..”

~~ဟုတ်သားပဲ သခင်က သေဆုံးခြင်း လောကကို အေးအေးဆေးဆေး သွားနေနိုင်အောင် အစီအမံ ပြုလုပ်ပေးမယ်လို့ ပြောဆိုထားတယ်.. သခင် ပြန်လာတာကို စောင့်ရတော့မှာပေါ့..~~

@@@@@@@@@

ဆစ်ကျီ ဖန့်သုန်၏ အိမ်တော်သို့ ရောက်တော့ ဓားကို မနိုင်မနင်း သယ်ယူလာသော ရှင်းရောင်းကို တစ်ချက် လှည့်ကြည့်မိသည်။ အိမ်တော် ရှေ့သို့ ရောက်သည်နှင့် အိမ်တော်စောင့် နတ်သူငယ်လေးက အပြေးအလွှားနှင့်.. ရောက်လာကာ..

“ဆစ်ကျီ နတ်မင်း ရောက်လာတယ်.. အိမ်တော်ထဲ အရင်ဝင်ပြီး ကျောက်ခက် အိမ်တော်မှာ ခဏ နားနေပါအုံး.. ကျွန်တော် ကျိုးဖုန့်သုန် နတ်မင်းကို ခေါ်ဆောင်လာခဲ့ပါ့မယ်..”

ကျိုးဖန့်သုန် နတ်မင်း၏ အိမ်တော်သို့ ဝင်လိုက်သည်နှင့် ဆစ်ကျီ ရှင်းရောင်း၏ မျက်လုံးအကာကို ဖယ်ရှားပေးလိုက်သည်။ ကျိုးဖန့်သုန် နတ်မင်း၏ စံအိမ်တော် အတွင်းမှ ကြာပန်းများသည် မည်သည့် ကြာပန်းများနှင့် မတူညီပဲ အပြာနှင့် ခရမ်းရောင် စပ်နေသော ကြာပန်းများ ဖြစ်သည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now