Part 43

260 40 1
                                    

အခန်း (၄၃)

ပထမဆုံးသော စာမျက်နှာမှာတင်.. နတ်မြေခွေးဖြူ မျိုးနွယ်တို့ စတင်ရာကို မှတ်တမ်းမှတ်ထားသည်။ နတ်မြေခွေးဖြူ ဆိုတာက ကနဦး လောကတွင် ဟုန်လျန် နတ်မင်း၏ ကိုယ်ပိုင်ဒေသတွင် နေထိုင်သော မြေပြင်နတ်မျိုးသာ ဖြစ်သည်။ အသက်ဓာတ်အရ ထိန်းသိမ်း ထားနိုင်ခြင်း မရှိသော်လည်း.. ကိုယ်ပိုင်စွမ်းအားကို ပိုင်ဆိုင်သော မျိုးနွယ် ဖြစ်သည်။

~~ကိုယ်ပိုင်စွမ်းအားကို မပိုင်တာမျိုးက ရှိမလား..~~

ခေါင်းလေးကို စောင်းငဲ့ကာ တွေးတောလိုက်ပြီးမှ ဆက်ဖတ်သည်။ နတ်မြေခွေးမျိုးများတွင်မှ နတ်မြေခွေးဖြူ ဖြစ်သူ ပိုင်ထန်က အသက်ဓာတ်၏ အရေးပါမှုကို ရှာဖွေ နားလည်သွားပြီး အသက်ဓာတ်ကို ထိန်းချုပ်နိုင်ရန် ပထမဆုံး ကြိုးစားခဲ့သည်။

သို့သော် ကိုယ်ပိုင်အသက်ဓာတ် မရရှိမီမှာပင် သေဆုံးသွားသဖြင့် မြေခွေးဖြူတို့ အသက်ဓာတ်အား မပိုင်ရသေးခင် မျိုးနွယ်စု တစ်ကြိမ် ပြိုကွဲခဲ့သည်။ ထို့ကြောင့် လက်ကျန် မြေခွေးဖြူများမှာ အနည်းငယ်မျှသာ ကျန်ရှိနေတော့၏။

~~သူများ တစ်ကာ မျိုးနွယ်စု ပြိုကွဲတဲ့ ပြဿနာကို ကောင်းကင်က ဝမ်းသာအားရကြီး မှတ်တမ်းတောင် ရေးထားသေးတာလား..~~

မကျေမနပ် အတွေးတို့ဖြင့် ဆက်ပြီး.. ဖတ်လိုက်တော့ စိတ်ပါဝင်စားဖွယ် အကြောင်းအရာ တစ်ခုကို ဖတ်ရှုလိုက်မိသည်။ လွန်ခဲ့သော နှစ်တစ်သိန်းကျော်က မြေပြင်ဒေသနတ်များ အားလုံးကို ကိုယ်ပိုင် အသက်ဓာတ် ရရှိစေရန် ကျိုးရင်း နတ်ဘုရားမမှ စွမ်းဆောင် ပေးခဲ့သည်။

ထို့တွင်မှ မြေခွေးဖြူတို့သည်.. အသက်ဓာတ်ပိုင်ဆိုင်မှု ရရှိကာ.. ကိုယ်ပိုင် စွမ်းအားတို့ဖြင့် မျိုးနွယ်စု ပူးပေါင်းမှုကို လုပ်ဆောင်ခဲ့ကြပြီး.. ကောင်းကင်မှ အသိအမှတ်ပြုသော မျိုးနွယ်စု ဖြစ်လာခဲ့သည်။

~~ဒါဆို လွန်ခဲ့တဲ့ နှစ်တစ်သိန်းကမှ ငါတို့ မျိုးနွယ်စုကို ကောင်းကင်က အသိအမှတ်ပြုတယ်လို့ ဆိုထားတာလား..~~

စာအုပ်ကို အဆုံးထိ ဖတ်ပြီးမှ အချိန်ကို တစ်ချက် လေ့လာလိုက်တော့ ဒီအချိန်က ကောင်းကင်တစ်ခုလုံး အိပ်ပျော်နေတဲ့ အချိန် ဖြစ်တာမို့ ကျေနပ်စွာ သစ်ပင်ပေါ်ကနေ ဆင်းလာခဲ့လိုက်သည်။ မြေခွေးနီလေး ပုံစံကနေ လူသဏ္ဍာန်ကို ပြောင်းလဲလိုက်ပြီးမှ ဆစ်ကျီ နတ်မင်း၏ နန်းဆောင်သို့ ဦးတည်လိုက်တော့သည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now