Part 45

281 35 1
                                    

အခန်း (၄၅)

ရင်းအာ၏ စကားကြောင့်.. ဖုန့်ဟွာမ် ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားမိသည်။ ရင်းအာက ဆေးဖော်နေရင်း ပြောလိုတာကို ဆက်၍ ပြောနေခဲ့သည်။

“အရင် နှစ်ငါးသောင်းတုန်းက မြေပြင်ဒေသတွေနဲ့ နယ်မြေခွဲခြားရေး ညှိနှိုင်းကြတော့ မင်းက အားအရမ်းကောင်းနေပြီလေ.. ဆရာမင်းကို အသုံးချမယ် ထင်ခဲ့တာ.. အဲ့လို မဟုတ်တော့မှ.. ဆရာက မင်းကို အလေးထားမှန်း သတိပြုမိတာ..”

“ဖုန့်ဟွာမ်က သခင်ပေးတဲ့ အသက်ပဲ ရှိတာပါ..”

သိပ်မကြာခင်မှာပဲ ရင်းအာ၏ အသက်ဓာတ်နှင့် စိမ့်စမ်းပြာမှ ရေစက်တချို့နှင့် ပေါင်းစည်းကာ.. ဆေးလုံးလေးတစ်လုံးက ပေါ်ထွက်လာသည်။

“ရော့.. ဒါကို သောက်လိုက်.. နည်းနည်းတော့ ပူလိမ့်မယ်.. ငါ့အသက်ဓာတ်ပါတော့.. မင်းရဲ့ အသက်ဓာတ်နဲ့ ထိပ်တိုက်တွေ့ရင် နည်းနည်း ပူမယ်.. ဒါပေမယ့် ငါ့အသက်ဓာတ်က ကုသခြင်း စွမ်းအားမို့.. အဆင်ပြေသွားမှာပါ.. ဒါပေမယ့် မင်းက အမြုတေပါ ထိခိုက်ထားပုံပဲ.. ငါ နောက်တစ်ကြိမ် နှစ်တွေ အကြာကြီး ပြန်မအိပ်သွားချင်ဘူး..”

နတ်တို့၏ အမြုတေ ပြန်ပြီး ပေါင်းစည်းဖို့ကို သေဆုံးခြင်း လောကသို့ မသွားပဲ ကျိုးရင်း၏ စွမ်းအားဖြင့် ကုသပေးနိုင်သည်။ သို့သော် အသက်ဓာတ်တွေ အကုန် အသုံးပြုလိုက် ရမည် ဖြစ်ပြီး.. နတ်စွမ်းအားပင် တစ်ဝက်မျှ အသုံးပြုရမည်မို့ ပြန်ပြီး နိုးထလာဖို့ နှစ်တွေ အကြာကြီး လိုအပ်လိမ့်မည် ဖြစ်သည်။

အသက်ဓာတ် စက်ကွင်းအား ပြုပြင်ကာ တစ်လောကလုံးအား.. ကိုယ်ပိုင် အသက်ဓာတ်ကို ရယူစေတုန်း ကကဲ့သို့ အိပ်မောကျသွားမည် ဖြစ်ပြီး ဘယ်အချိန် ပြန်နိုးလာမည် ဆိုတာကို မသိနိုင် ဖြစ်မည်မို့ ရင်းအာက တစ်ခါတည်း ငြင်းဆန်ပစ်လိုက်ခြင်းသာ ဖြစ်လေသည်။

“ဖုန့်ဟွာမ် သိပါပြီ.. နတ်ဘုရားမ နတ်ဝိညာဉ်ကို ကုသပေးတာနဲ့တင် လုံလောက်ပါပြီ ဖုန့်ဟွာမ် သေဆုံးခြင်း လောကကို ဆင်းမှာပါ..”

“မဆိုးပါဘူး.. မင်း သေချာ ကုသခဲ့ရင် နှစ်တစ်သောင်း အတွင်း ပြန်သက်သာလာမှာပါ.. ဒါနဲ့ မင်း ဆေးသောက်ပြီးတဲ့ အချိန် ပူလာရင် ဒါကို သောက်လို့ ရတယ်..”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီحيث تعيش القصص. اكتشف الآن