Part 50

263 34 0
                                    

အခန်း (၅၀)

နတ်လောကတောင်မှ တစ်ဦးနှင့် တစ်ဦး ထိုမျှလောက် ကွာခြားခြင်းကို ဖုန့်ဟွာမ် သတိပြုမိသည်။ ဂူအတွင်းပိုင်းသို့ ဝင်လာပြီးမှ နတ်စွမ်းအား အားလုံးကို ထုတ်လွှတ်လိုက်ပြီး ဂူနံရံတွင် မီးကြိုးတန်းကို တန်းလိုက်သည်။ မီးကြိုးတန်းပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီးမှ.. အမြုတေကို စတင် ပြုပြင်မိသည်။

နတ်စွမ်းအား အားလုံးကို ကိုယ်တွင်းမှ ထုတ်လိုက်တာမို့ အခုချိန်မှာ.. ဖုန့်ဟွာမ်က ထာဝရ အသက် ရှိသော သာမာန် သေမျိုး လူသားတစ်ဦးကဲ့သို့ပင် ဖြစ်သည်။ အနံ့ခံနိုင်သော စွမ်းအားကပါ ကိုယ်တွင်းမှာ မရှိတော့တာမို့ ယခုချိန် ဘယ်က ဘာ ဆိုတာပင် ဖုန့်ဟွာမ် သိတော့မည် မဟုတ်ပေ။

~~ရှင်သန်ရမယ်.. ရန်မျိုးနွယ်တစ်ခုလုံးက ဖုန့်ဟွာမ်ကို မလိုချင်ရင်တောင်မှ.. ကောင်းကင်နန်းတော်က နတ်အားလုံးက ဖုန့်ဟွာမ်ကို မလိုလားရင်တောင်မှ.. ဒါမှမဟုတ် မိစ္ဆာမျိုးနွယ် တစ်ခုလုံးက ဖုန့်ဟွာမ်ကို ငြင်းပယ်ရင်တောင်မှ ဖုန့်ဟွာမ် ရှင်သန်ရမယ်.. နောက်ဆုံးထိ အေးအေးချမ်းချမ်းနဲ့.. ရှင်သန်ရမယ်..~~

@@@@@@@@@@

“သွားပြီ.. သူမကို ဘယ်မှာ သွားရှာရမလဲ..”

ပန်းတစ်ရာ နန်းဆောင် အတွင်း ပတ်ပတ်လည်ကို လမ်းလျှောက်နေရင်းဖြင့် ဟူအာ မနက်တည်းက ရေရွတ်နေတာ ထိုစကားကို ဖြစ်၏။ ကျန်းမင်ရှီက စိတ်ပျက် လက်ပျက် နိုင်သော.. မျက်နှာထားဖြင့် မေးစေ့ကို လက်ထောက်လျက် ကြည့်နေရင်းမှ.. လူပြောင်းလိုက် မြေခွေးနီလေး ဖြစ်သွားလိုက်နှင့်.. ချာလပတ် လည်နေသော ဟူအာအား.. အလွန်အမင်း စိတ်ညစ်ဖွယ်လိုပင် ခံစားမိလာသည်။

~~ဒီကောင်လေးက အိမ်ရှေ့မင်းသားရဲ့ သား ဆိုတာကို နည်းနည်းလေးမှ ယုံချင်စရာကို မကောင်းတာ..၊ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်က သုည..၊ အိမ်ရှေ့မင်းသားကို နယ်ပယ်တစ်ဆယ့်ခြောက်ခုလုံးက လေးစားကြတာက ပြုံးရယ်ခြင်းကိုတောင် ထိန်းချုပ်နိုင်တဲ့ အသက်နဲ့မလိုက် တည်ငြိမ်မှုကြောင့်လို့ ဆိုရင် သိပ်မှန်တယ်၊ အခု.. သူ့သားက ဖြစ်ချင်တာကို ဘယ်မှာ ထိန်းနိုင်လို့လဲ၊ အခုဆိုမှ အခု..~~

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now