part96

190 22 1
                                    

unicode

အခန်း ၉၆

ရှောင်ဇီအာ၏ လက်အတွင်း ဆုပ်ကိုင်ထားပြီး သူမ စိတ်ထင်သလို ယမ်းခါနေသော သူ့လက်ကို ဆွဲထုတ်လိုက်ပြီး ဟူအာ ဖြစ်နိုင်တာကို ပြန်ဖြေလိုက်သည်။

“ဇီအာ ဒေါ်လေးကို အဖော်လာလုပ်ပေးလေ၊ ဒီပွဲထဲမှာ မင်းလောက် သတ္တိရှိပြီးတော့ ငါ့ဆီကို စကားလာပြောရဲတဲ့ နတ်တစ်ပါးမှ မရှိဘူး၊ ဒါကြောင့် ငါ့ကို အဖော်ပြုပေးမလား၊ ဟူအာက ဒီနေ့ပွဲတော်ရဲ့ အဓိကနတ် ဆိုတော့ သူ့ကို ခဏပစ်ထားလိုက်”

ထိုအကျိုးအကြောင်း မသင့်တော် နတ်ဘုရားမက ဟူအာ၏ အခက်အခဲကို ကြိုမြင်နိုင်ဟန် ရသည်။ သူမ၏ စကား တစ်ခွန်းတည်းဖြင့်ပင် သူ၏ အခက်အခဲကို ပြေလည်အောင် ဖြေရှင်းပေးသွားသည်။ ဟူအာကိုလည်း အနေခက်စေပေ။

သူမက ရှောင်ဇီအာကို လက်တွဲပြီး တစ်နေရာတွင် သွားထိုင်နေလိုက်သည်။ နှစ်ဦးသားက နှစ်များစွာ ကြာပြီးမှ ပြန်တွေ့ကြသော ငယ်ပေါင်းကြီးဖော်များ သဖွယ် ပြောဆို ရယ်မောနေကြ၏။

ဟူအာ ထိုမြင်ကွင်းကို တစ်ချက် ကြည့်လိုက်ပြီးမှ လာနှုတ်ဆက်သော နတ်အများကြားသို့ ပြန်ရောက်သွားသည်။ သေရည်ကမ်းပေးသမျှကို အငယ်အနေဖြင့် ငြင်းပယ်၍ မရဘဲ မည်မျှ များများပင် သောက်လိုက်မိမှန်း မသိတော့ပေ။

ကျိုးနတ်မျိုးနွယ်များကို အရိုအသေပေး လက်ဆောင်ပဏ္ဍာပေးသည်ကို အမှတ်ရသေးသည်။ ကျိုးမျိုးနွယ်နတ်အများကြားတွင် ဟူအာက အငယ်ဆုံး ဖြစ်သေးသည်မို့ တခြားသော နတ်များကလည်း ဟူအာကို လက်ဆောင်ပစ္စည်းများ ပြန်ပေးကြသည်။

နောက်ဆုံး သေရည်မည်မျှ သောက်မိမှန်း မသိတော့သည့်နောက် ဟူအာ ထိုပွဲတော်ကို မည်သို့ ဖြေရှင်းလိုက်မှန်းပင် မသိတော့ပေ။ ဟူအာက သေရည်မသောက်သည့် နတ် မဟုတ်သော်လည်း ထိုမျှ များပြားလှသော သေရည်ပမာဏကို မသောက်ဖူးသည်က အသေအချာပင် ဖြစ်သည်။

@@@@@@

ဟူအာ နိုးလာသည်နှင့် ထထိုင်လိုက်သည်။ မနက်လား နေ့လည်လား ဆိုတာကို စမ်းစစ်နေစဉ်အတွင်း အိပ်ပျော်နေခဲ့သည့် ခန်းမဆောင်ကို ဝေ့ကြည့်လိုက်မိသည်။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now