part 111

186 20 0
                                    

unicode
အခန်း-၁၁၁

“သိပ်သည်းဆ နှစ်တစ်သောင်း ဘယ်သူက တတ်နိုင်မှာလဲ”

ဟူအာ တီးတိုး ပြောလိုက်ပြီးနောက် စိတ်ထဲတွင် သိမ်းဆည်းလိုက်သော အရာကိုတော့ ထုတ်မပြောမိလိုက်ပေ။

ဒီရေခဲအမှုန်တွေက နတ်စွမ်းအား သိပ်သည်းဆ နှစ်သောင်းဆိုတာနဲ့ ညီမျှနေမယ် ဆိုရင် သူ စိတ်လိုလက်ရ သွားလို့ရနိုင်တဲ့နေရာဖြစ်တဲ့ စိမ့်စမ်းပြာရေကန်အောက်ထဲက နတ်သက်ကယ်ရေခဲတွေကိုသာ နတ်စွမ်းအား သိပ်သည်းဆနဲ့ လဲလှယ်လိုက်ရင် သူက လေ့ကျင့်ဖို့တောင်မှ မလိုဘဲနဲ့ နတ်စွမ်းအားတွေ တိုးလာမှာလား။

“ကောင်းကင်က ပေးတဲ့ ကောင်းချီးပဲ”

သူ ရေရွတ်လိုက်တာကို ကျိုးဖုန်းက ကြားသွားပြီးနောက် လှည့်ကြည့်လာသည်။ ပြီးနောက် သူမက ရုတ်တရက် ထရပ်လိုက်ကာ အော်လိုက်၏။

“နှစ်နှစ်သောင်း..”

ဟူအာ ကျိုးဖုန်းကို ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အဲဒီအရာကို နှစ်နှစ်သောင်းပေးပြီး ဝယ်ဖို့ သူမက ကြိုးစားနေတာလား။ မတန်လိုက်တာ မဟုတ်လား။ သူမက တကယ်ကြီး လိုချင်နေတာလား။

“မင်း အဲဒါကို တကယ်ကြီး လိုချင်နေတာလား၊ အဲဒါက မတန်ဘူး”

ဟူအာ၏ အသံက ကျယ်သွား၍ ထင်သည်။ ထိုအနီးအနားမှာ ထိုင်နေသူများက ဟူအာကို အထူးတဆန်းတဖွယ် လှည့်ကြည့်လာကြ၏။

ကျိုးဖုန်းက ဟူအာအနားကို ငုံ့ကိုင်း၍ တိုးလာပြီးနောက် တီးတိုးပြောလာသည်။

“ဒါက ကာကွယ်တာလို့ ခေါ်တယ်”

“ဘာကို ကာကွယ်တာလဲ”

“မင်း မသိဘူးလား၊ ကျိုးရင်းနတ်ဘုရားမက သူ့ရဲ့စိမ်းစမ်းပြာက ရေတစ်စက်တောင်မှ မြေနတ်ဖြစ်စေ ကောင်းကင်နတ်ဖြစ်စေ အသုံးပြုခိုင်းတာမျိုး မရှိဘူး၊ တကယ်လို့သာ သူမက နတ်သက်ကယ်ရေခဲက မြေနတ်လောကမှာ ရှိနေပါတယ် ဆိုရင် သူမက နှစ်သက်မှာ မဟုတ်တာ သေချာတယ်။ အဲဒီတော့ အဲဒီဖန်ပုလင်းကို တခြားသူ လက်ထဲ မရောက်သွားအောင် ကာကွယ်ရမယ်။ ဒါက ကျိုးရင်းနတ်ဘုရားမရဲ့ ပစ္စည်းတွေကို လက်လွတ်စပယ် မဖြစ်ရအောင် လုပ်ဆောင်တာပဲ”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now