အခန်း ၃၀

274 43 1
                                    

အခန်း (၃၀)

ကျန်းမင်ရှီ နတ်မင်းက နန်းဆောင်အတွင်းမှ ထွက်လာပြီး အနောက်တွင် ပိုင်ဟုန်ဟူဆိုသော မြေခွေးနီလေးက ထွက်ပေါ်လာသည်။ ယီမင်၏ လက်အတွင်းမှ ကြာပွတ်လေးက လူးလွန့်လာသည်။ ယီမင် လက်လွတ်ပေးလိုက်သည်နှင့် ကြာပွတ်လေးက ပိုင်ဟုန်ဟူအနားသို့ ပြေးသွားကာ အရှေ့တွင် တန့်ရပ်သွားသည်။

ဟူအာ အရှေ့ထိ လူးလွန့်လျက် ရောက်လာသော ကြာပွတ်လေးအား.. မယုံမရဲနှင့် လှမ်းယူလိုက်တော့ ဟူအာ၏ လက်အတွင်းဝယ် ကြာပွတ်လေးက.. သေးငယ်သွားပြီး လက်တွင်ချည်ထားနိုင်သော အရွယ်စားသို့ ရောက်ကာ.. ဟူအာ၏ လက်ကောက်ဝတ်တွင် ချည်နှောင်သွားသည်။ ဟူအာ မှင်တက်လျက် အံ့သြနေစဉ်မှာပင် အိမ်ရှေ့မင်းသားက.. ဟူအာအရှေ့သို့ ရောက်လာပြီး..

“ကောင်းကင် နန်းတော်မှာ နတ်လက်နက်မပေါ်တာ နှစ်နှစ်သိန်းကျော်ပြီ.. ကောင်းကင်က နတ်လက်နက်ဟာ.. ဆစ်ကျီ နတ်မင်း ပြုလုပ်ပေးတဲ့.. ရင်းအာရဲ့ ကောင်းကင်နဂါးပန်း လက်နက်က နောက်ဆုံးပဲ ဖြစ်မယ် ဒါပေမယ့် အဲဒါက သဘာဝလက်နက် မဟုတ်ဘူး.. သူက သွန်းလုပ်ထားရတာ.. ပြောရရင် လွန်ခဲ့တဲ့ နှစ်များစွာတုန်းက ဆစ်ကျီ နတ်မင်းအတွက် ထွက်ပေါ်လာတဲ့ဓားက နောက်ဆုံး သဘာဝလက်နက်ပဲ.. အခု နောက်ဆုံးက ဒီအနီရောင်လျှပ်စီး ကြာပွတ် ပေါ့..”

ဟူအာအခုထိ ကြောင်အနေဆဲပင် ဖြစ်သည်။ အိမ်ရှေ့မင်းသားက တစ်ချက်မျှ ပြုံးလိုက်သည်။ ဟူအာ အိမ်ရှေ့မင်းသား၏ အပြုံးက ဟူအာကို မလိုလားဘူးဟု ပြောနေသလိုပင် ခံစားရသည်။

“မင်းက ကောင်းကင်နတ်ဖြစ်သွားလို့ ဂုဏ်ယူပါတယ်.. ကောင်းကင်စည်းမျဉ်းအရ ကောင်းကင်မှာ.. နန်းဆောင်ပေါ်လာရင် ဘယ်မျိုးနွယ်က မဆို.. ကောင်းကင်နတ် ဖြစ်ခွင့် ရှိတယ်.. မင်းအတွက် ဂုဏ်ယူပါတယ်.. ဒါပေမယ့်.. မင်းဟာ အနီရောင်မိုးကြိုးသုံးချက်နဲ့ ဘာမှမပတ်သတ်မိပါစေနဲ့လို့ ငါ ယီမင် ဆန္ဒပြုပါတယ်..”

အိမ်ရှေ့မင်းသား တလီယီမင် ထွက်ခွာသွားပြီ ဆိုမှ ကျန်းမင်ရှီက မျက်ခုံးကို လက်ဖြင့် ခြစ်သည်။ ဟူအာ၏ ပုခုံးအား.. ဆုပ်ကိုင်ပေးလာသည်။ ပြီးတော့ မျက်မှောင်ကုတ်ကာ..

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now