Part 32

252 33 1
                                    

အခန်း (၃၂)

“ဟူအာ.. မင်း အဲ့အကြောင်းကို သိချင်တယ် ဆိုရင်..”

“ထားလိုက်တော့.. ကျွန်တော် အရင်ဘဝက အကြောင်းကို မသိချင်ဘူး.. ဖြစ်နိုင်ရင် ဆရာပြောတဲ့ ဘဝကူးမှတ်ဉာဏ်ကို ဖြတ်လို့ရရင် ဖြတ်ချင်တယ်..”

ဟူအာပြောတဲ့ ဘဝကူး မှတ်ဉာဏ် ဖျက်ချင်တယ် ဆိုတာကို ကျန်းမင်ရှီ မကြားချင်ယောင် ဆောင်လိုက်သည်။ ပြီးနောက်တွင်မှ နားချဖို့ စကားလုံးကို ကြိုးစားပြီး တွေးမိသည်။

“ဟူအာ.. မင်း ဘဝကူးမှတ်ဉာဏ်အကြောင်း ပြောတာ မင်းက ကောင်းကင်နတ်နဲ့ ပတ်သတ်ပြီး ဗဟုသုတ နည်းတယ်လို့ ဖော်ပြေနေတယ်.. ဘဝကူးမှတ်ဉာဏ် ဆိုတာက သာမာန်နတ်ဘုရားတစ်ပါးဆိုရင် ထည့်လို့ မရဘူး.. အရင်တုန်းက ကျိုးရှီ နတ်မင်းက သူ့ဇနီးသေဆုံးတော့ အဲဒါကို ထည့်ဖို့ ကြိုးစားခဲ့တယ် ကံဆိုးစွာနဲ့ပဲ ပထမဘဝကို မသိလိုက်ခင်မှာ ကျိုးရှီ နတ်မင်းကလည်း နတ်သက်ကြွေတယ်..”

“ငါ သိပ်ပြီး မရှင်းလင်းပေမယ့်.. အဲ့အကြောင်းကို နတ်မင်းတွေ မှတ်တမ်းမှာ ရှာဖတ်လို့ ရနိုင်တယ်.. ခက်တာက ငါတို့တွေက တော်ဝင် စာကြည့်တိုက်ထဲကို ဝင်နိုင်တဲ့ စွမ်းအား မရှိတာပဲ..”

“တော်ဝင်စာကြည့်တိုက် ဟုတ်လား..”

“ဟုတ်တယ်.. တော်ဝင် စာကြည့်တိုက်.. ဝင်ရတာ မလွယ်ဘူး သူက ထောင်ချောက်တွေရယ် နတ်စွမ်းအား စမ်းသပ်ချက်တွေကို ဖြတ်ကျော်ရသေးတယ်..”

“နတ်စွမ်းအား စမ်းသပ်ချက်ကို ဖြတ်ကျော်ရတယ် ဟုတ်လား..”

“မင်းဆိုရင် မဖြစ်ဘူး..”

“ဘာလို့လဲ.. ဘာလို့ မဖြစ်ရမှာလဲ ကျွန်တော် စမ်းသပ်ချင်တယ်..”

“ဟူအာ.. ကောင်းကင်က စမ်းသပ်ချက်ကို မင်း လွယ်တယ်လို့ ထင်နေတာလား.. နတ်မင်းသားတွေ အကုန် အမှောင်ကိုးပါးကို ဖြတ်ကျော်ရတယ်.. အမှောင်ကိုးပါးကို ကျော်ဖြတ်ပြီးတဲ့ နတ်တွေတောင်မှ တော်ဝင်စာကြည့်တိုက်ထဲကို ဝင်ဖို့က မလွယ်ဘူး.. လက်ရှိ နတ်မင်းသားတွေ ထဲမှာ တော်ဝင် စာကြည့်တိုက်ထဲ ဝင်နိုင်တဲ့ နတ်မင်းသား.. ငါးယောက် မပြည့်ဘူး.. အခုဆို လေးယောက်ပဲ ကျန်တော့မယ်.. တလီချင်းဖုန်းက သေပြီ ဆိုတော့..”

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီDonde viven las historias. Descúbrelo ahora